ဗိမာန္ေတာ္ရဲ႕ ထုထည္ႀကီးမားတဲ့ပုံစံကို ပုံေဖာ္ဖို႔ အႏွစ္ 30 ၾကာေအာင္ ျပဳလုပ္ခဲ့ရတဲ့ လယ္သမား

အဂၤလန္ႏိုင္ငံ၊ Norfolk မွ အသက္ 80 ႏွစ္အ႐ြယ္ အၿငိမ္းစားလယ္သမား Alec Garrard ဟာ ေဟ႐ုဒ္ရဲ႕ က်မ္းစာဘုရားေက်ာင္းပုံစံကို လြန္ခဲ့တဲ့ ႏွစ္သုံးဆယ္မွာ လုပ္ေဆာင္ခဲ့တာပါ ။ ၿပီးေတာ့ သူ႔အလုပ္က လုံးဝကို ရင္သပ္ရႈေမာပါပဲ ။ မစၥတာ Garrard က အေဆာက္အဦပုံစံမ်ားကို ပုံေဖာ္ရတာ အၿမဲႏွစ္သက္သူျဖစ္ပါတယ္ ။ အသက္ႀကီးလာတာနဲ႔အမွ် သူဖန္တီးမဲ့ ပေရာဂ်က္ႀကီးတစ္ခုကို စတင္စဥ္းစားခဲ့ပါတယ္ ။ ဗိသုကာပညာနဲ႔ ဘာသာေရးကို အၿမဲစိတ္ဝင္စားခဲ့ၿပီး အၿငိမ္းစားလယ္သမားက သူ႔ရဲ႕ဝါသနာႏွစ္ခုကို ေပါင္းစပ္ကာ ေဟ႐ုဒ္ဘုရားေက်ာင္းရဲ႕ ပုံစံတစ္မ်ိဳးကို ဖန္တီးရန္ စိတ္ကူးမိခဲ့ပါတယ္ ။

က်မ္းစာျပပြဲမ်ားအတြင္း ဖြဲ႕စည္းပုံရဲ႕ အျခားပုံစံတစ္ခု သို႔မဟုတ္ ႏွစ္ခုကို သူျမင္ဖူးေသာ္လည္း ၎တို႔ကို အလြန္တိက်ၿပီး ပိုေကာင္းေအာင္ သူလုပ္ႏိုင္ခဲ့ပါတယ္ ။ သူ႔အသက္ 40 မွာစတင္ခဲ့ၿပီး က်မ္းစာဗိမာန္ေတာ္ကို ပထမသုံးႏွစ္မွာ သုေတသနျပဳၿပီးေနာက္ စံနမူနာကို လက္နဲ႔ စတင္တည္ေဆာက္ခဲ့ပါတယ္ ။ သူက ဘုရားေက်ာင္းနံရံမ်ားရဲ႕ သုံးထပ္သားေဘာင္မ်ားကို ျဖတ္ေတာက္ကာ မီးဖိုမွာ ႐ႊံ႕ေစးအုတ္မ်ားအားလုံးကို ဖုတ္ၿပီး ေပါင္းစည္းကာ လက္မဝက္႐ုပ္တု ၄၀၀၀ ကိုပင္ ထုလုပ္ကာ ၀တ္စုံမ်ားကိုပါ ၀တ္ဆင္ေစခဲ့ပါတယ္ ။

ဒါဟာ လုံးဝကို အံ့ၾသစရာေကာင္းပုံရၿပီး Garrard က “ကြၽန္ေတာ္ အဲဒါကို ဆယ္စုႏွစ္နဲ႔ခ်ီၿပီး လုပ္ေဆာင္ေနေပမယ့္ အသစ္ထပ္ထည့္ဖို႔ အၿမဲရွာေနတာေၾကာင့္ ဘယ္ေတာ့မွ ၿပီးမွာမဟုတ္ဘူး” လို႔ Garrard က ဆိုပါတယ္ ။ သမိုင္းပညာရွင္မ်ားရဲ႕ အဆိုအရ Garrard ရဲ႕ဘုရားေက်ာင္းပုံစံက ေဟ႐ုဒ္ဗိမာန္ေတာ္ရဲ႕ အတိက်ဆုံးပုံစံျဖစ္ၿပီး ၎က မပ်က္စီးခင္မွာ ဒီလိုပုံစံျဖစ္မယ္လို႔ ယုံၾကည္ၾကပါတယ္ ။

.

.

.

.

.

JRose (Mckzone daily)

Reference : buzznicked

Unicode

အင်္ဂလန်နိုင်ငံ၊ Norfolk မှ အသက် 80 နှစ်အရွယ် အငြိမ်းစားလယ်သမား Alec Garrard ဟာ ဟေရုဒ်ရဲ့ ကျမ်းစာဘုရားကျောင်းပုံစံကို လွန်ခဲ့တဲ့ နှစ်သုံးဆယ်မှာ လုပ်ဆောင်ခဲ့တာပါ ။ ပြီးတော့ သူ့အလုပ်က လုံးဝကို ရင်သပ်ရှုမောပါပဲ ။ မစ္စတာ Garrard က အဆောက်အဦပုံစံများကို ပုံဖော်ရတာ အမြဲနှစ်သက်သူဖြစ်ပါတယ် ။ အသက်ကြီးလာတာနဲ့အမျှ သူဖန်တီးမဲ့ ပရောဂျက်ကြီးတစ်ခုကို စတင်စဉ်းစားခဲ့ပါတယ် ။ ဗိသုကာပညာနဲ့ ဘာသာရေးကို အမြဲစိတ်ဝင်စားခဲ့ပြီး အငြိမ်းစားလယ်သမားက သူ့ရဲ့ဝါသနာနှစ်ခုကို ပေါင်းစပ်ကာ ဟေရုဒ်ဘုရားကျောင်းရဲ့ ပုံစံတစ်မျိုးကို ဖန်တီးရန် စိတ်ကူးမိခဲ့ပါတယ် ။

ကျမ်းစာပြပွဲများအတွင်း ဖွဲ့စည်းပုံရဲ့ အခြားပုံစံတစ်ခု သို့မဟုတ် နှစ်ခုကို သူမြင်ဖူးသော်လည်း ၎င်းတို့ကို အလွန်တိကျပြီး ပိုကောင်းအောင် သူလုပ်နိုင်ခဲ့ပါတယ် ။ သူ့အသက် 40 မှာစတင်ခဲ့ပြီး ကျမ်းစာဗိမာန်တော်ကို ပထမသုံးနှစ်မှာ သုတေသနပြုပြီးနောက် စံနမူနာကို လက်နဲ့ စတင်တည်ဆောက်ခဲ့ပါတယ် ။ သူက ဘုရားကျောင်းနံရံများရဲ့ သုံးထပ်သားဘောင်များကို ဖြတ်တောက်ကာ မီးဖိုမှာ ရွှံ့စေးအုတ်များအားလုံးကို ဖုတ်ပြီး ပေါင်းစည်းကာ လက်မဝက်ရုပ်တု ၄၀၀၀ ကိုပင် ထုလုပ်ကာ ဝတ်စုံများကိုပါ ဝတ်ဆင်စေခဲ့ပါတယ် ။

ဒါဟာ လုံးဝကို အံ့သြစရာကောင်းပုံရပြီး Garrard က “ကျွန်တော် အဲဒါကို ဆယ်စုနှစ်နဲ့ချီပြီး လုပ်ဆောင်နေပေမယ့် အသစ်ထပ်ထည့်ဖို့ အမြဲရှာနေတာကြောင့် ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး” လို့ Garrard က ဆိုပါတယ် ။ သမိုင်းပညာရှင်များရဲ့ အဆိုအရ Garrard ရဲ့ဘုရားကျောင်းပုံစံက ဟေရုဒ်ဗိမာန်တော်ရဲ့ အတိကျဆုံးပုံစံဖြစ်ပြီး ၎င်းက မပျက်စီးခင်မှာ ဒီလိုပုံစံဖြစ်မယ်လို့ ယုံကြည်ကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ဗိမာန္ေတာ္ရဲ႕ ထုထည္ႀကီးမားတဲ့ပုံစံကို ပုံေဖာ္ဖို႔ အႏွစ္ 30 ၾကာေအာင္ ျပဳလုပ္ခဲ့ရတဲ့ လယ္သမား"

Leave a comment

Your email address will not be published.


*