ဝန်ထမ်းတစ်ဦးက ဖော်လိုက်တဲ့ အင်္ကျီတွေပေါ်မှာ ကပ်နေတဲ့ ပိုးကောင်တွေရဲ့ဓာတ်ပုံပေါက်ကြားသွားခဲ့ပြီးနောက် စတိုးဆိုင်ကိုပိတ်ချလိုက်ရတဲ့ နာမည်ကြီးအမှတ်တံဆိပ်တစ်ခု
Mia (Mckzone daily)
Reference : crafty
Unicode
နယူးယောက်စီးတီးရှိ နာမည်ကြီး H&M စတိုးဆိုင်ဟာ ဝန်ထမ်းတစ်ဦးထံမှ အမာခံပရိသတ်များကို စိတ်အနှောက်အယှက်ဖြစ်စေမယ့် ၎င်းစတိုးဆိုင်ရှိ သေးငယ်သောပိုးမွှားများစွာဖြင့် ပြည့်နှက်နေတဲ့ hoodies ခေါင်းစွပ်အင်္ကျီများရဲ့ ဓာတ်ပုံများကို ဖော်ပြခံရပြီး ဆိုင်ကို ချက်ချင်း ပိတ်သိမ်းခဲ့ရပါတယ်။ တွစ်တာအသုံးပြုသူ @Madesonee_ က ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ အဆိုပါဓာတ်ပုံများကို တင်ခဲ့ရာ “ ကျွန်မက H&M စတိုးရဲ့ World Trade Oculus မှာ အလုပ်လုပ်နေတာပါ ၊ ဒီနေ့တော့ ဖောက်သည်တစ်ယောက်က သန်းနဲ့တူတဲ့အကောင်တွေက ဆိုင်က hoodies တွေပေါ်မှာ ရှိနေတာကို တွေ့ရှိခဲ့ပါတယ်။ “ ဟု ရေးသားဖော်ပြခဲ့ပါတယ်။
ဓာတ်ပုံ 3 ခုစလုံးဟာ အင်းဆက်ပိုးမွှားများဖုံးလွှမ်းနေသည့် မိုးပြာရောင် hoodies အင်္ကျီများကို အနီးကပ်ပြသထားပါတယ်။ ထို့နောက် သူမက ဆက်လက်ပြီး “ သူတို့က ဆိုင်ကို မပိတ်သလို ဝန်ထမ်းတွေကိုလည်း ပြဿနာအကြောင်း အသိမပေးခဲ့ကြပါဘူး။ ” ဟုရေးသားခဲ့ပါတယ်။ ထို့နောက်မှာတော့ H&M Brass ဟာ ၎င်းပို့စ်အကြောင်းသိရှိရန် အချိန်အတော်ကြာခဲ့ပုံမပေါ်ဘဲ နာရီအနည်းငယ်အကြာမှာ ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့ပြီး ” ဖောက်သည်များကို သတိပေးတဲ့အနေဖြင့် ၊ ၎င်းကိစ္စနှင့်ပတ်သက်ပြီး အပြည့်အဝစုံစမ်းစစ်ဆေးရန်အတွက် လက်ရှိ ကျွန်တော်တို့ဟာ Westfield World Trade Center ရှိ H&M စတိုးဆိုင်ကို ပိတ်လိုက်ပြီဖြစ်ပါတယ် “ ဟု ချက်ချင်း ထုတ်ပြန်ခဲ့ရပါတယ်။
ထုတ်လုပ်နေစဉ် ၊ သယ်ယူနေစဉ် သို့မဟုတ် စတိုးဆိုင်တွင်ဖြစ်စေ ၎င်းအဝတ်အထည်များပေါ်သို့ ပိုးမွှားများ ဘယ်လိုကနေဘယ်လိုရောက်သွားလဲဆိုတာကို လောလောဆယ် အခုထိ သေချာမသိရသေးပေမဲ့လည်း ဓာတ်ပုံတွေက သင့်အား အလကားနေရင်း တကိုယ်လုံး ယားကျိကျိဖြစ်လာသလို ဖြစ်သွားစေမှာ အသေအချာပါဘဲ။
Mia (Mckzone daily)
Be the first to comment on "ဝန်ထမ်းတစ်ဦးက ဖော်လိုက်တဲ့ အင်္ကျီတွေပေါ်မှာ ကပ်နေတဲ့ ပိုးကောင်တွေရဲ့ဓာတ်ပုံပေါက်ကြားသွားခဲ့ပြီးနောက် စတိုးဆိုင်ကိုပိတ်ချလိုက်ရတဲ့ နာမည်ကြီးအမှတ်တံဆိပ်တစ်ခု"
Leave a comment
Your email address will not be published.
*