အိမ်သာအနီးက ဗေဇင်ထဲကို အသင့်စားခေါက်ဆွဲခြောက်ထည့်ပြုတ်ပြီး ညစ်ပတ်စွာစားခဲ့လို့ ပြစ်တင်ပြောဆိုခံခဲ့ရတဲ့ ကောင်လေး



.

.

JRose (Mckzone daily)

Reference : khaosod

Unicode

ဇန်နဝါရီ ၃ ရက်မှာ World of Buzz မှ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ် ။ မလေးရှားရှိ ဟိုတယ်တစ်ခုရဲ့ ဗေဇင်ကို အသုံးပြုပြီး အသစ်စားခေါက်ဆွဲများ စားနေတဲ့ လူငယ်တစ်ယောက်ရဲ့ ဗီဒီယိုဟာ twitter ပေါ် ပျံ့နှံ့သွားခဲ့ပါတယ် ။ အင်တာနက်အသုံးပြုသူများက လူငယ်ရဲ့အပြုအမူအတွက် ရွံရှာဖွယ်ကောင်းတယ်လို့ ပြစ်တင်ကြိမ်းမောင်းခဲ့ကြပါတယ် ။

အဆိုပါ ဗီဒီယိုဖိုင်မှာ ကွာလာလမ်ပူရှိ ဟိုတယ်ခန်းတစ်ခုမှာ လူငယ်တစ်စုကို မြင်တွေ့ရပြီး အိမ်သာနဲ့ မနီးမဝေးမှာ ရှိနေသော်လည်း ဗေဇင်ထဲကို ခေါက်ဆွဲခြောက်ထုပ် နှစ်ထုပ်ကို ထဲပြုတ်ခဲ့ပါတယ် ။ ဟုတ်ပါတယ်၊ ဒီပုံက အင်တာနက်သုံးစွဲသူတွေကို သွေးပူစေပြီး အပြုအမူအတွက် အဆင်မပြေဖြစ်စေခဲ့ပါတယ် ။ အခြားသူများကမူ ထိုအပြုအမူကို ရွံမုန်းပြီး မိုက်မဲတယ်လို့ ဝေဖန်ကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "အိမ်သာအနီးက ဗေဇင်ထဲကို အသင့်စားခေါက်ဆွဲခြောက်ထည့်ပြုတ်ပြီး ညစ်ပတ်စွာစားခဲ့လို့ ပြစ်တင်ပြောဆိုခံခဲ့ရတဲ့ ကောင်လေး"

Leave a comment

Your email address will not be published.


*