အရမ်းကြိုက်ရတဲ့ခေါင်းအုံးလေး ပြဲသွားလို့ ပြန်ချုပ်ပေးနေတဲ့အဖွားရဲ့အနားကနေ မခွါဘဲ စိတ်တပူပူနဲ့ စောင့်ကြည့်နေခဲ့တဲ့ ခွေးလေး

Draco လို့ခေါ်တဲ့ pit bull ခွေးလေးတစ်ကောင်ဟာ အတိတ်ဘဝက ခက်ခဲကြမ်းတမ်းခက်ခဲခဲ့ရတဲ့ မိဘမဲ့ခွေးလေးတစ်ကောင်ဖြစ်ပြီး သူဟာ ၂ပတ်သားအရွယ်တွင် အိမ်နောက်ဖေးမွေးမြူရေးသမားတစ်ဦးထံမှ ကယ်တင်ခံခဲ့ရပါတယ်။ ကံကောင်းစွာပဲ၊ Draco ဟာ သူ့အိမ်သစ်မှာ၊ ကောင်းတဲ့အချိန်တွေနဲ့ အဆိုးတွေကို နှစ်သိမ့်ပေးနိုင်တဲ့ အရာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒါက လက်နှစ်ဖက်ပါတဲ့ အနီရောင်အသည်းနှလုံးပုံခေါင်းအုံးဘဲဖြစ်ပါတယ်။ Draco ဟာ ၎င်းအိမ်သို့ပြောင်းလာကတည်းက သူ့ခေါင်းအုံးကို ဂရုတစိုက် ဆက်ဆံခဲ့ပါတယ်။ ” အခြားတစ်ယောက်ယောက်က သူ့ခေါင်းအုံးကို ကောက်ရရင် သူက ခုန်အုပ်ပြီး ပြန်ဖမ်းလိမ့်မယ် ၊ ပြီးကျ့ သူက အဲ့ခေါင်းအုံးလေးနဲ့မှ အိပ်ပျော်တတ်တယ် ” ဟု Draco ၏မွေးစားမိခင် Allie O’Cain က The Dodo သို့ ပြောကြားခဲ့ပါတယ်။

.

” Draco က တွေ့သမျှအရာတွေကို ကိုက်ဖြတ်တတ်သူဖြစ်ပြီး ငါးမိနစ်အတွင်း မနည်းတဲ့ အရာမှန်သမျှကို ဖျက်ဆီးပစ်မှာစိုးလို့ ကျွန်မတို့အိမ်က ‘ရော်ဘာအရုပ်တွေနဲ့ပြည့်နေတဲ့’ အိမ်ဖြစ်လာခဲ့တယ် ၊ ဒါပေမယ့် သူက ဒီခေါင်းအုံးအပေါ်ကိုတော့ ချွင်းချက်အနေနဲ့ နူးညံ့သိမ်မွေ့ပြီး ချစ်တတ်သူပါ။” လို့ O’Cain က ဆိုခဲ့ပါတယ်။ မကြာသေးမီက၊ Willow အမည်ရှိ black Lab ခွေးအမျိုးအစားဖြစ်တဲ့ Draco ၏ သူငယ်ချင်းက ၎င်းခေါင်းအုံးကို အတူတူမျှဝေလိုပေမဲ့လည်း Draco က မပေးချင်ဘဲ ခေါင်းအုံးကို အလွန်အကျွံ ကာကွယ်နေခဲ့ပါတယ်။ Willow က ခေါင်းအုံးကို ဖမ်းမိတဲ့အခါ၊ Draco ဟာ ၎င်းရဲ့တန်ဖိုးကြီးသော ပိုင်ဆိုင်မှုလေးကို ပြန်လည်ရယူဖို့ အပြေးအလွှား လိုက်ဖမ်းလုရင်းနဲ့ ခေါင်းအုံးက ပြဲသွားခဲ့ပါတယ်။

.

ကံကောင်းထောက်မစွာ၊ ခေါင်းအုံးကြီး အကုန်မပြဲသွားခင်မှာ Draco ရဲ့အဖွားက ဖြစ်ပျက်နေသည်ကိုမြင်ပြီး “ အဖွား မင်းရဲ့ ခေါင်းအုံးကို ပြန်ပြင်ပေးမယ် ” လို့ဆိုကာ ခေါင်းအုံးကို လှမ်းဖမ်းဆွဲနိုင်ခဲ့ပါတယ်။ ထို့ပြင် “ [ခေါင်းအုံး] က အလွယ်တကူ စုတ်ပြဲသွားပုံရတယ် ” ဟု O’Cain က ဆိုခဲ့ပါတယ်။ သို့ပေမဲ့ Draco ၏အဖွားက အရေးပေါ်ခွဲစိတ်မှုဖြင့် ခေါင်းအုံးကို ကယ်တင်ပေးခဲ့ပါတယ်။ အဖွားဟာ ၎င်းကို သူမရဲ့အပ်ချုပ်စက်ဆီသို့ ယူကာ ပြုပြင်ခြင်း စတင်ခဲ့နေတဲ့အချိန်မှာ Draco ဟာ သူ၏ချစ်လှစွာသော ခေါင်းအုံးကို ခွဲစိတ်နေစဉ်တွင် ငြိမ်သက်စွာ မနေနိုင်ခဲ့ပါဘူး။

.

“ အမေက ခေါင်းအုံးကို ချုပ်ပေးနေတုန်း Draco က စိတ်တပူပူနဲ့ စောင့်ကြည့်နေခဲ့တယ် ၊ သူက ညည်းတွားပြီး ခေါင်းအုံးကို သူ့ပါးစပ်နဲ့ ထိဖို့ ကြိုးစားနေခဲ့ပြီး ၊ သူက သူ့မိန်းမ ခွဲစိတ်ကုသမှုခံယူနေသလိုမျိုး ပြုမူနေခဲ့တယ် ” ဟု O’Cain က Facebook မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ထို့နောက် ခေါင်းအုံးကို ပြင်ပြီးတာနဲ့ Draco ဟာ ၎င်းကို ချက်ချင်း ပွေ့ဖက်ခဲ့ပြီး ၎င်းခေါင်းအုံးကို နေ့တိုင်း ပွေ့ဖက်ရင်း တစ်ဖန် ပြန်အိပ်စက်ရတော့မှာမို့ သူဟာ ပျော်ရွှင်နေခဲ့ကြောင်း O’Cain က ထပ်မံပြောပြခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : aubtu

Be the first to comment on "အရမ်းကြိုက်ရတဲ့ခေါင်းအုံးလေး ပြဲသွားလို့ ပြန်ချုပ်ပေးနေတဲ့အဖွားရဲ့အနားကနေ မခွါဘဲ စိတ်တပူပူနဲ့ စောင့်ကြည့်နေခဲ့တဲ့ ခွေးလေး"

Leave a comment

Your email address will not be published.


*