ကလေးမော်နီတာကိုစစ်ဆေးစောင့်ကြည့်နေတုန်း သားဖြစ်သူရဲ့ဘေးမှာ အိပ်နေတဲ့ ‘တစ္ဆေကလေး’ ကို ထိတ်လန့်ဖွယ် မြင်တွေ့ခဲ့ရတဲ့ မိခင်တစ်ဦး (ရုပ်သံ)

ကမ္ဘာပေါ်ရှိ အထူးသဖြင့် အမေရိကန်နှင့် ဥရောပတိုက်ရှိ နေရာအတော်များများမှာ မိဘများက ၎င်းတို့သားသမီးများနှင့်အတူ မအိပ်စက်ကြပါဘူး။ မိဘများဟာ ဘယ်လောက်ဘဲ အသက်အရွယ် ငယ်ရွယ်သေးတဲ့ ကလေးငယ်ဖြစ်ပါစေ ၎င်းတို့ကို သက်ဆိုင်ရာအခန်းများမှာသာ အိပ်စက်စေကြပါတယ်။ ဒါပေမဲ့ ၎င်းတို့ရဲ့ကလေးများကို ကြည့်ရှုစစ်ဆေးရန်အတွက် မိဘအများစုက ကလေးများရဲ့အခန်းမှာ ကလေးမော်နီတာကို တပ်ဆင်ထားတတ်ကြပါတယ်။ အသက် 42 နှစ်အရွယ် Dean Evans အမည်ရှိအမျိုးသား နှင့် အသက် 39 နှစ်အရွယ် Laura Haigh အမည်ရှိအမျိုးသမီးတို့ဇနီးမောင်နှံဟာ Sebastian အမည်ရှိ၎င်းတို့ရဲ့သားနှင့်အတူ အင်္ဂလန်နိုင်ငံ Plymouth မြို့မှာ နေထိုင်ကြပါတယ်။

သီးခြားကိုယ်ပိုင်အခန်းမှာ အိပ်စက်တဲ့၎င်းတို့ရဲ့သားလေးက ညရောက်တိုင်း ပုခက်ပေါ်ကနေ ဆင်းဖို့အမြဲကြိုးစားနေတတ်တာကြောင့် မိခင် Laura က ကလေးမော်နီတာကို မကြာခဏ စစ်ဆေးကြည့်ရူလာခဲ့ရပါတယ်။ တစ်ညမှာတော့ Sebastian လေးအိပ်ပျော်နေစဉ် မိခင် Laura က ကလေးမော်နီတာအား စစ်ဆေးကြည့်ရာ သားဖြစ်သူရဲ့ဘေးမှာ လူစိမ်းတစ်ဦးအိပ်စက်နေတာကို တွေ့မြင်လိုက်ရပါတယ်။

မိခင် Laura က ပထမတော့ Sebastian ရဲ့ပုခက်ထဲရှိနေတဲ့အရာက ဝက်ဝံရုပ်တစ်ရုပ်လို့ဘဲ ထင်နေခဲ့ပေမယ့် ၎င်းရဲ့လက်ချောင်းများကလှုပ်ရှားသွားတာကိုမြင်တွေ့လိုက်ရတဲ့အခါ သူမ အော်ဟစ်လိုက်တဲ့အသံကြောင့် ခင်ပွန်းသည်နိုးလာခဲ့ပါတယ်။

ထို့နောက် ဖခင် Dean က Sebastian လေးရဲ့အခန်းသို့ အမြန်ပြေးသွားခဲ့ပြီး ဝက်ဝံရုပ်ကဲ့သို့သော တိရိစ္ဆာန်လေးတစ်ကောင် ပုခက်ထဲရှိမရှိစစ်ဆေးခဲ့ပေမဲ့လည်း ပုခက်ထဲမှာ အိပ်ပျော်နေတဲ့ သားလေးကလွှဲပြီး ဘာအရိပ်အယောင်မှမရှိတာကို တွေ့ရှိခဲ့ရပါတယ်။ Sebastian လေးနဲ့ ပုခက်ထဲမှာ ဘာမှမရှိဘူးလို့ ဖခင် Dean က ဇနီးဖြစ်သူကို လှမ်းပြောနေတဲ့အချိန်မှာတောင် မိခင် Laura က ပုခက်ထဲမှာ တစ်ခုခုလှုပ်ရှားနေတာကို သူမ ဆက်လက်မြင်တွေ့နေခဲ့ရပါတယ်။

Laura က ကလေးမော်နီတာအား သေချာစစ်ဆေးရန်အတွက် Skype ကိုဖွင့်ရန် သူ့ညီမကို ချက်ချင်းခေါ်ခဲ့ပေမဲ့လည်း ကလေးမော်နီတာပေါ်မှာ ထူးထူးခြားခြား ဘာမှမတွေ့ခဲ့ရပြန်ပါဘူး။

ကြောက်ရွံ့နေတဲ့မိခင်ဖြစ်သူက ၎င်းဟာ သရဲတစ္ဆေကလေးဖြစ်နိုင်တယ်လို့ထင်ခဲ့ပေမဲ့လည်း သူ့ညီမက ထိုမော်နီတာမှာ သရဲနဲ့တူညီတဲ့အရာကိုမမြင်ခဲ့ရခြင်းကြောင့် မိခင်ဖြစ်သူက သေသေချာချာမဖြစ်နေခဲ့ရပါဘူး။

၎င်းတို့လင်မယားနှစ်ယောက်ရဲ့အဆိုအရတော့ ၎င်းတို့အိမ်က သရဲခြောက်နေပုံရပြီး Sebastian လေးရဲ့ပုခက်ထဲမှာ ‘ တစ္ဆေကလေး’ ကိုတွေ့နေရတဲ့အပြင်၊ ဇောက်ထိုးချထားတဲ့ ဓာတ်ပုံများ၊ အိမ်တစ်ဝိုက်ရှိ ရွေ့လျားနေတဲ့ ထူးဆန်းတဲ့အရာများ နှင့် အိမ်ပတ်ပတ်လည်မှာ လွင့်မျောနေတဲ့ ပတ်လမ်းများအပါအဝင် တစ္ဆေများနှင့်တွေ့ဆုံမှုများကိုလည်း ကြုံတွေ့ခဲ့ကြရဖူးကြောင်း ဆိုထားခဲ့ကြပါတယ်။

Mia (Mckzone daily)

Reference : rachfeed

Be the first to comment on "ကလေးမော်နီတာကိုစစ်ဆေးစောင့်ကြည့်နေတုန်း သားဖြစ်သူရဲ့ဘေးမှာ အိပ်နေတဲ့ ‘တစ္ဆေကလေး’ ကို ထိတ်လန့်ဖွယ် မြင်တွေ့ခဲ့ရတဲ့ မိခင်တစ်ဦး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*