သိန္း 1 ေထာင္ေက်ာ္တန္တဲ့ koi fish ငါးမ်ိဳးစိတ္ကို အရဲစြန္ၿပီးဝယ္ယူကာ အျမတ္မ်ားစြာတင္ၿပီး ေရာင္းခ်ႏိုင္ခဲ့တဲ့ အမ်ိဳးသား

မေလးရွားႏိုင္ငံ Telangana ျပည္နယ္မွ အသက္ 46 ႏွစ္အ႐ြယ္ Mohd Salkifli Hussein ဆိုတဲ့အမ်ိဳးသားဟာ koi fish ငါးအမ်ိဳးအစားကို ေမြးျမဴရတာ ဝါသနာပါသူ ျဖစ္ပါတယ္ ။ သူက နာမည္ႀကီးၿပီး ေဈးႀကီးတဲ့ ငါးၾကင္းမ်ိဳးစိတ္မ်ားကို အၿမဲရွာေဖြေနခဲ့တာပါ ။ မၾကာေသးမီက ဂ်ပန္ႏိုင္ငံ၊ Sakai Farm မွ kohaku koi fish ကို ရရွိခဲ့ပါတယ္ ။ ထိုမ်ိဳးစိတ္မ်ားအတြက္ ၎ကို အေကာင္းဆုံး koi fish မ်ားထဲမွ တစ္ခုလို႔ သတ္မွတ္ထားပါတယ္ ။ ၎က ႏိုင္ငံတကာ koi ၿပိဳင္ပြဲမ်ားစြာကို ဆြတ္ခူးႏိုင္ျခင္းေၾကာင့္ ေက်ာ္ၾကားခဲ့ပါတယ္ ။ ထို႔ေၾကာင့္ ၎ကို ဝယ္ရန္ ရင္းဂစ္ ၃၀၀,၀၀၀ (ဘတ္ ၂.၃ သန္း) ျဖင့္ ေရာင္းခ်ခဲ့ျခင္းမွာ အံ့ၾသစရာမဟုတ္ပါဘူး ။

အင္တာဗ်ဳးမွ သူဝယ္ခဲ့တဲ့ koi fish က အခုဆိုရင္ တစ္ေယာက္ေယာက္က အဲဒီငါးၾကင္းဝယ္ဖို႔ ေဈးႏႈန္းက ရင္းဂစ္ ၄၅၀,၀၀၀ (ဘတ္ ၃.၅ သန္းခန႔္) ကမ္းလွမ္းခဲ့ေသာ္လည္း အဆိုပါအမ်ိဳးသားက ငါးကို ေရာင္းခ်ရန္ အဆင္သင့္မျဖစ္ေသးဘူးလို႔ ဆိုပါတယ္ ။ “ကြၽန္ေတာ့ရဲ႕ငါးေတြက ဂ်ပန္ႏိုင္ငံက ေမြးျမဴေရးၿခံမွာ ရွိတုန္းပါပဲ။ တစ္စုံတစ္ေယာက္က ဝယ္ဖို႔ ရင္းဂစ္ 450,000 ေပးတယ္ဆိုေပမဲ့ မေရာင္းခဲ့ဘူး။ လက္ရွိေဈးကြက္က ရင္းဂစ္ 600,000 (ဘတ္ 4.7 သန္းခန႔္) ထိ ေရာက္ရွိႏိုင္တာေၾကာင့္ပါ”လို႔ Mohd Salkifli က ဆိုပါတယ္ ။

JRose (Mckzone daily)

Reference : khaosod

Unicode

မလေးရှားနိုင်ငံ Telangana ပြည်နယ်မှ အသက် 46 နှစ်အရွယ် Mohd Salkifli Hussein ဆိုတဲ့အမျိုးသားဟာ koi fish ငါးအမျိုးအစားကို မွေးမြူရတာ ဝါသနာပါသူ ဖြစ်ပါတယ် ။ သူက နာမည်ကြီးပြီး ဈေးကြီးတဲ့ ငါးကြင်းမျိုးစိတ်များကို အမြဲရှာဖွေနေခဲ့တာပါ ။ မကြာသေးမီက ဂျပန်နိုင်ငံ၊ Sakai Farm မှ kohaku koi fish ကို ရရှိခဲ့ပါတယ် ။ ထိုမျိုးစိတ်များအတွက် ၎င်းကို အကောင်းဆုံး koi fish များထဲမှ တစ်ခုလို့ သတ်မှတ်ထားပါတယ် ။ ၎င်းက နိုင်ငံတကာ koi ပြိုင်ပွဲများစွာကို ဆွတ်ခူးနိုင်ခြင်းကြောင့် ကျော်ကြားခဲ့ပါတယ် ။ ထို့ကြောင့် ၎င်းကို ဝယ်ရန် ရင်းဂစ် ၃၀၀,၀၀၀ (ဘတ် ၂.၃ သန်း) ဖြင့် ရောင်းချခဲ့ခြင်းမှာ အံ့သြစရာမဟုတ်ပါဘူး ။

အင်တာဗျုးမှ သူဝယ်ခဲ့တဲ့ koi fish က အခုဆိုရင် တစ်ယောက်ယောက်က အဲဒီငါးကြင်းဝယ်ဖို့ ဈေးနှုန်းက ရင်းဂစ် ၄၅၀,၀၀၀ (ဘတ် ၃.၅ သန်းခန့်) ကမ်းလှမ်းခဲ့သော်လည်း အဆိုပါအမျိုးသားက ငါးကို ရောင်းချရန် အဆင်သင့်မဖြစ်သေးဘူးလို့ ဆိုပါတယ် ။ “ကျွန်တော့ရဲ့ငါးတွေက ဂျပန်နိုင်ငံက မွေးမြူရေးခြံမှာ ရှိတုန်းပါပဲ။ တစ်စုံတစ်ယောက်က ဝယ်ဖို့ ရင်းဂစ် 450,000 ပေးတယ်ဆိုပေမဲ့ မရောင်းခဲ့ဘူး။ လက်ရှိဈေးကွက်က ရင်းဂစ် 600,000 (ဘတ် 4.7 သန်းခန့်) ထိ ရောက်ရှိနိုင်တာကြောင့်ပါ”လို့ Mohd Salkifli က ဆိုပါတယ် ။

JRose (Mckzone daily)

Be the first to comment on "သိန္း 1 ေထာင္ေက်ာ္တန္တဲ့ koi fish ငါးမ်ိဳးစိတ္ကို အရဲစြန္ၿပီးဝယ္ယူကာ အျမတ္မ်ားစြာတင္ၿပီး ေရာင္းခ်ႏိုင္ခဲ့တဲ့ အမ်ိဳးသား"

Leave a comment

Your email address will not be published.


*