အသက် ၄၀ နှစ်လောက်ကွာဟတဲ့ အသက် ၅၈ အရွယ် အဖွားနဲ့ ချစ်ကြိုက်ပြီး တွဲနေကြတာ ၁၁လရှိပြီလို့ ဖွင့်ဟလာခဲ့တဲ့ ၁၈ နှစ်အရွယ်ကောင်လေး




JRose (Mckzone daily)

Reference : sanook

.

.

.

.

.

.

.

.

Unicode

အချစ်ဆိုတာ ဘယ်သူမဆို ဖြစ်နိုင်ပါတယ် ။ ဘယ်သူပဲဖြစ်ဖြစ် အသက်ဘယ်လောက်ဘဲရှိရှိ လူတိုင်းတန်းတူချစ်နိုင်ပါတယ် ။ ယခုတစ်ကြိမ်တင်ပြလိုတာက အသက် နှစ် ၄၀ ကွာဟတဲ့ စုံတွဲတစ်တွဲအကြောင်းဟာ အချစ်မှာ အသက်ကန့်သတ်ချက်မရှိကြောင်း ရှင်းရှင်းလင်းလင်းပြသခဲ့ပါတယ် ။ နှစ် ၄၀ ကွာဟတဲ့ စုံတွဲတွေက အသက် ၁၈ နှစ်အရွယ် ကောင်လေး Wave နဲ့ သူ့ရဲ့အဖွားအရွယ်လောက်ရှိတဲ့ အသက် ၅၈ နှစ်အရွယ် မစ္စ Porn တို့ဖြစ်ပါတယ် ။ ၎င်းတို့နှစ်ဦး တွဲနေကြတာက ၁၁ လရှိပြီဖြစ်သော်လည်း မကြာသေးမီကမှ လူချင်းတွေ့ဖူးကြောင်း ၎င်းရဲ့ အချစ်ဇာတ်လမ်းကို ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြောပြခဲ့ပါတယ် ။

အချစ်ရေးမှာ အခက်အခဲတွေ အတားအဆီးတွေရှိခဲ့ပေမယ့် နှစ်ယောက်စလုံးက တစ်ယောက်နဲ့တစ်ယောက် နားလည်ကြပါတယ် ။ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေကို နားလည်သဘောပေါက်တာကြောင့် သူတို့နှစ်ဦးဟာ တစ်နှစ်နီးပါး အတူနေနိုင်ခဲ့ကြပါတယ် ။ ထို့အပြင် မစ္စ Porn ဘက်မှ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ Meet from TikTok ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း ၎င်းတို့စုံတွဲက ဖော်ပြခဲ့ပါတယ် ။

Wave က မစ္စ Porn နဲ့ ပထမဆုံး ပရောပရီလုပ်ပြီးနောက် ၃လအတွင်းမှာ Tiktok ပေါ် ကျော်ကြာလာခဲ့ပြီးသူတို့စုံတွဲရဲ့ ဇာတ်လမ်းက ပျံ့နှံ့သွားခဲ့ပြီးနောက် အထူးသဖြင့် TikTok မှာ ၎င်းတို့ရဲ့ TikTok ဗီဒီယိုဖိုင်က ကလစ်တစ်ခုစီတိုင်းမှာ ကြည့်ရှုမှုသန်းပေါင်းများစွာ အာရုံစိုက်မှုရရှိလာခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "အသက် ၄၀ နှစ်လောက်ကွာဟတဲ့ အသက် ၅၈ အရွယ် အဖွားနဲ့ ချစ်ကြိုက်ပြီး တွဲနေကြတာ ၁၁လရှိပြီလို့ ဖွင့်ဟလာခဲ့တဲ့ ၁၈ နှစ်အရွယ်ကောင်လေး"

Leave a comment

Your email address will not be published.


*