ဇနီးနဲ႔သားသမီးမ်ားကို ထားခဲ့ၿပီး မယားငယ္ေနာက္ လိုက္သြားၿပီးမွ ဘဝမွာ ရႈံးနိမ့္မႈေတြနဲ႔ျပည့္ေနၿပီး အိမ္ကိုပါေရာင္းစားခဲ့ရတဲ့ အသက္ ၈၀ အ႐ြယ္အဖိုးအို

မစၥတာဟိုင္အမည္ရွိ အသက္ ၈၀ အ႐ြယ္ အဖိုးအိုဟာ ဗီယက္နမ္ႏိုင္ငံ၊ Binh Thanh ခ႐ိုင္မွာ ေနထိုင္ပါတယ္ ။ အဖိုးက ထီလက္မွတ္ေရာင္းသူအျဖစ္ လုပ္ကိုင္ခဲ့ဖူးၿပီး Binh Thanh ေဆး႐ုံအနီး No Trang Long လမ္းမွာ ထိုင္ေလ့ရွိပါတယ္ ။ ယခင္က မစၥတာဟိုင္ဟာ စက္႐ုံမွာ ဒုၫႊန္မႉးရာထူးကို ထမ္းေဆာင္ခဲ့ၿပီး အလုပ္သမားမ်ားစြာကို စီမံခန႔္ခြဲခဲ့ပါတယ္ ။ ထိုအခ်ိန္က မစၥတာဟိုင္ဟာ အလုပ္နဲ႔ မိသားစုအေၾကာင္းကိုသာ သိၿပီး သူဟာ ရတဲ့ေငြေတြကို သူ႔ဇနီးနဲ႔ သားသမီးမ်ားကို ေပးပါတယ္ ။ သူ႔ဘဝဟာ ျပည့္စုံေပ်ာ္႐ႊင္ေနပုံရေပမယ့္ စက္႐ုံမွာ အလုပ္လုပ္ေနတဲ့ အမ်ိဳးသမီး အလုပ္သမားတစ္ဦးနဲ႔ ခ်စ္မိလိမ့္မယ္ဆိုတာကို ဘယ္သူမွ မေမွ်ာ္လင့္ထားပါဘူး ။ အဲ့ဒီေနာက္ မစၥတာဟိုင္က သူ႔ရဲ႕ဇနီးနဲ႔ သားသမီးမ်ားကို ထားခဲ့ၿပီး သူ႔ရဲ႕မယားငယ္ေနာက္ လိုက္သြားၿပီး ထိုအခ်ိန္မွစ၍ သူ႔ဘဝက ရႈံးနိမ့္တထပ္ ႐ုံးနိမ့္ကာ က်ဆင္းသြားခဲ့ပါတယ္ ။

အဲ့ဒီေနာက္ လုပ္ငန္းေတြ မေအာင္ျမင္မႈေၾကာင့္ အေႂကြးဆပ္ရန္ အိမ္ကိုေရာင္းစားခဲ့ရပါတယ္ ။ ဒါေပမဲ့ အမ်ိဳးသမီးအလုပ္သမားတစ္ဦးအတြက္ ဇနီးနဲ႔ သားသမီးမ်ားကို ထားခဲ့ရျခင္းဟာ ေနာင္တရမိသလားလို႔ ေမးလာတဲ့အခါ အဘိုးအိုက “ဒုတိယဇနီးနဲ႔ ဘဝကို ကြၽန္ေတာ္ေ႐ြးခ်ယ္တုန္းပဲ” လို႔ ေလးနက္စြာ ေျပာၾကားခဲ့ပါတယ္ ။ မယားငယ္နဲ႔ အတူေနေပမဲ့ မယားႀကီးက သူ႔ကို ခ်စ္ေနဆဲျဖစ္ၿပီး တခါတရံမွာ သူ႔သမီးက သူ႔က်န္းမာေရးကို ဂ႐ုစိုက္ဖို႔ အားေပးရင္း ပိုက္ဆံလာပို႔ တတ္ေသးပါတယ္ ။ ယခုခ်ိန္မွာ မစၥတာဟိုင္က တစ္ေယာက္တည္း အထီးက်န္ၿပီး သူေလျဖတ္ထားတာေၾကာင့္ လမ္းလည္းေကာင္းေကာင္းမေလွ်ာက္ႏိုင္ေတာ့ပါဘူး ။

JRose (Mckzone daily)

Reference : yan

Unicode

မစ္စတာဟိုင်အမည်ရှိ အသက် ၈၀ အရွယ် အဖိုးအိုဟာ ဗီယက်နမ်နိုင်ငံ၊ Binh Thanh ခရိုင်မှာ နေထိုင်ပါတယ် ။ အဖိုးက ထီလက်မှတ်ရောင်းသူအဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး Binh Thanh ဆေးရုံအနီး No Trang Long လမ်းမှာ ထိုင်လေ့ရှိပါတယ် ။ ယခင်က မစ္စတာဟိုင်ဟာ စက်ရုံမှာ ဒုညွှန်မှူးရာထူးကို ထမ်းဆောင်ခဲ့ပြီး အလုပ်သမားများစွာကို စီမံခန့်ခွဲခဲ့ပါတယ် ။ ထိုအချိန်က မစ္စတာဟိုင်ဟာ အလုပ်နဲ့ မိသားစုအကြောင်းကိုသာ သိပြီး သူဟာ ရတဲ့ငွေတွေကို သူ့ဇနီးနဲ့ သားသမီးများကို ပေးပါတယ် ။ သူ့ဘဝဟာ ပြည့်စုံပျော်ရွှင်နေပုံရပေမယ့် စက်ရုံမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီး အလုပ်သမားတစ်ဦးနဲ့ ချစ်မိလိမ့်မယ်ဆိုတာကို ဘယ်သူမှ မမျှော်လင့်ထားပါဘူး ။ အဲ့ဒီနောက် မစ္စတာဟိုင်က သူ့ရဲ့ဇနီးနဲ့ သားသမီးများကို ထားခဲ့ပြီး သူ့ရဲ့မယားငယ်နောက် လိုက်သွားပြီး ထိုအချိန်မှစ၍ သူ့ဘဝက ရှုံးနိမ့်တထပ် ရုံးနိမ့်ကာ ကျဆင်းသွားခဲ့ပါတယ် ။

အဲ့ဒီနောက် လုပ်ငန်းတွေ မအောင်မြင်မှုကြောင့် အကြွေးဆပ်ရန် အိမ်ကိုရောင်းစားခဲ့ရပါတယ် ။ ဒါပေမဲ့ အမျိုးသမီးအလုပ်သမားတစ်ဦးအတွက် ဇနီးနဲ့ သားသမီးများကို ထားခဲ့ရခြင်းဟာ နောင်တရမိသလားလို့ မေးလာတဲ့အခါ အဘိုးအိုက “ဒုတိယဇနီးနဲ့ ဘဝကို ကျွန်တော်ရွေးချယ်တုန်းပဲ” လို့ လေးနက်စွာ ပြောကြားခဲ့ပါတယ် ။ မယားငယ်နဲ့ အတူနေပေမဲ့ မယားကြီးက သူ့ကို ချစ်နေဆဲဖြစ်ပြီး တခါတရံမှာ သူ့သမီးက သူ့ကျန်းမာရေးကို ဂရုစိုက်ဖို့ အားပေးရင်း ပိုက်ဆံလာပို့ တတ်သေးပါတယ် ။ ယခုချိန်မှာ မစ္စတာဟိုင်က တစ်ယောက်တည်း အထီးကျန်ပြီး သူလေဖြတ်ထားတာကြောင့် လမ်းလည်းကောင်းကောင်းမလျှောက်နိုင်တော့ပါဘူး ။

JRose (Mckzone daily)

Be the first to comment on "ဇနီးနဲ႔သားသမီးမ်ားကို ထားခဲ့ၿပီး မယားငယ္ေနာက္ လိုက္သြားၿပီးမွ ဘဝမွာ ရႈံးနိမ့္မႈေတြနဲ႔ျပည့္ေနၿပီး အိမ္ကိုပါေရာင္းစားခဲ့ရတဲ့ အသက္ ၈၀ အ႐ြယ္အဖိုးအို"

Leave a comment

Your email address will not be published.


*