ဂုဏ်ပြုပွဲတက်ဖို့ မျက်ရစ်လှအောင် ခွဲစိတ်ပေမဲ့ တစ်နေ့လုံး မျက်လုံးမှိတ်လို့မရတဲ့အဖြစ်ကို ကြုံတွေ့ခဲ့တဲ့ သနားစရာမိန်းကလေး



JRose (Mckzone daily)

Reference : bestie

Unicode

မျက်ရစ်ခွဲစိတ်ခြင်းက အမျိုးသမီးအများစုကြား ရေပန်းစားတဲ့ အလှပြင်နည်းဖြစ်သော်လည်း မျက်ခွံများ နီခြင်း၊ ရောင်ရမ်းခြင်း၊ အေးခဲနေတဲ့ မျက်လုံးများပင်လျှင် အမျိုးသမီးများစွာ ကြုံတွေ့ခဲ့ကြပါတယ် ။ မျက်ရစ်တစ်ဖက်တည်းရှိတဲ့ မိန်းကလေးများအတွက်၊ သို့မဟုတ် မျက်ရစ်များကျနေတဲ့ မိန်းကလေးများအတွက်၊ မျက်ရစ်ခွဲစိတ်ခြင်းက ၎င်းတို့ကို ပိုမိုကြီးမားစေပြီး လှပထင်ပေါ်စေပါတယ် ။ဒါပေမဲ့ မျက်ရစ်ခွဲစိတ်ပြုပြင်သူတိုင်း အောင်မြင်တာကြီးဘဲမဟုတ်ပါ ။ ယခုဖော်ပြမဲ့ အမျိုးသမီးလိုဘဲ ပွဲတက်ဖို့အတွက် မျက်ရစ်ခွဲစိတ်ဖို့စိတ်ကူးထားပေမဲ့ မအောင်မြင်ဘဲ ငွေကြေးများစွာ ဆုံးရှုံးခဲ့ပါတယ် ။

မျက်ရစ်ခွဲစိတ်လိုက်လို့ ဆိုးကျိုးများကြုံတွေ့ခဲ့ကြတဲ့ အဆိုပါအမျိုးသမီးက အခြားအမျိုးသမီးများအတွက် သတိပေးချက်ဖြစ်ပါတယ် ။ အလှတရားက လူတစ်ဦးစီရဲ့ ရွေးချယ်မှုဖြစ်သော်လည်း ငွေကြေးမဆုံးရှုံးစေရန် ကျော်ကြားတဲ့ spa နဲ့ ဆေးရုံများကို ရွေးချယ်ရန် လိုအပ်ပါတယ် ။ အထူးသဖြင့် မျက်ရစ်ခွဲစိတ်ကုသမှုခံယူပြီးနောက်မှာ မျက်စိနာခြင်း၊ သွေးထွက်ခြင်း၊ အမြင်အာရုံမကောင်းခြင်း၊ မျက်ခွံမပိတ်နိုင်ခြင်းတို့ ရှိပါက ပိုမိုအကြံဉာဏ်ရယူရန် ဆရာဝန်နဲ့ ပြသသင့်တယ် ထင်ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ဂုဏ်ပြုပွဲတက်ဖို့ မျက်ရစ်လှအောင် ခွဲစိတ်ပေမဲ့ တစ်နေ့လုံး မျက်လုံးမှိတ်လို့မရတဲ့အဖြစ်ကို ကြုံတွေ့ခဲ့တဲ့ သနားစရာမိန်းကလေး"

Leave a comment

Your email address will not be published.


*