အသက္ 34 ႏွစ္အ႐ြယ္ မေလးရွားဆရာမတစ္ဦးဟာ မၾကာေသးမီက TikTok မွာ သူမရဲ႕ အခ်စ္ဇာတ္လမ္းကို မွ်ေဝခဲ့ပါတယ္ ။ သူမက အသက္ 11 ႏွစ္အ႐ြယ္ ေယာက္်ားေလး ေက်ာင္းသားတစ္ဦးနဲ႔ ခ်စ္ႀကိဳက္ခဲ့ၿပီး ဖူးစားဆုံခဲ့ပါတယ္ ။ ဆရာမ Anie က သူနဲ႔သူမခင္ပြန္းရဲ႕ မဂၤလာေဆာင္ဓာတ္ပုံကို TikTok ဗီဒီယိုအျဖစ္ တင္ခဲ့ၿပီး ေက်ာင္းသားဘဝတုန္းက ခင္ပြန္းျဖစ္သူရဲ႕ ဓာတ္ပုံကေန ႏွစ္ေယာက္သား အတူတူ႐ိုက္တဲ့ မဂၤလာေဆာင္ဓာတ္ပုံအထိ ျဖစ္လိမ့္မယ္လို႔ သူမမထင္ထားေၾကာင္း Anie က ဆိုပါတယ္ ။
TikTok ဗီဒီယိုက အင္တာနက္ေပၚမွာ သက္ဝင္လႈပ္ရွားေနတဲ့ ေဆြးေႏြးမႈတစ္ခုကို စတင္ၿပီးေနာက္မွာ အင္တာနက္အသုံးျပဳသူမ်ားရဲ႕ ေမးခြန္းမ်ားကို Anie က တုံ႔ျပန္ခဲ့ပါတယ္ ။ သူမက သူတို႔ႏွစ္ဦးရဲ႕ တကယ့္အသက္အ႐ြယ္ကို မွ်ေဝရန္ မရွက္ခဲ့ပါ ။ ခင္ပြန္းက 23 ႏွစ္ျဖစ္ၿပီး သူမက 34 ႏွစ္အ႐ြယ္ျဖစ္တာေၾကာင့္ သူတို႔ႏွစ္ဦးၾကားျခားနားခ်က္မွာ 11 ႏွစ္ျဖစ္ပါတယ္ ။ ဒါ့အျပင္ Anie က ဒါဟာ သူမရဲ႕ ဒုတိယအိမ္ေထာင္ျဖစ္ၿပီး သူမမွာ ခင္ပြန္းေဟာင္းနဲ႔ ကေလး ၂ ေယာက္ရွိတယ္လို႔လည္း ဆိုပါတယ္ ။ လက္ရွိခင္ပြန္းျဖစ္သူနဲ႔ ဆက္ဆံေရးအေၾကာင္းကို Anie က ေရးသားခဲ့ပါေသးတယ္ ။
Anie ဟာ လက္ရွိခင္ပြန္းျဖစ္သူ ေက်ာင္းသားဘဝကတည္းက ခ်စ္ႀကိဳက္ခဲ့တာျဖစ္ၿပီး Anie က ဒီပလိုမာဘြဲ႕ရၿပီးေနာက္မွာေတာ့ သူတို႔အဆက္အသြယ္မရၾကပါဘူး ။ အဲ့ဒီအခ်ိန္မွာ Anieက မိခင္တစ္ဦးျဖစ္ေနပါၿပီ ။ 2021 ခုႏွစ္ ႏွစ္ကုန္ေလာက္မွာ ႏွစ္ေယာက္သားျပန္စုံၿပီး အဲ့ဒီေကာင္ေလးက Anie ကို လက္ထပ္ခြင့္ေတာင္းခဲ့တာေၾကာင့္ သူမလည္း လက္ခံခဲ့ပါတယ္ ။ အဲ့ဒီေနာက္ သူတို႔ႏွစ္ေယာက္ မဂၤလာေဆာင္ရန္ ျပင္ဆင္ၾကၿပီး လက္ထပ္လိုက္ၾကတာပါ ။
JRose (Mckzone daily)
Reference : redchili21
Unicode
အသက် 34 နှစ်အရွယ် မလေးရှားဆရာမတစ်ဦးဟာ မကြာသေးမီက TikTok မှာ သူမရဲ့ အချစ်ဇာတ်လမ်းကို မျှဝေခဲ့ပါတယ် ။ သူမက အသက် 11 နှစ်အရွယ် ယောက်ျားလေး ကျောင်းသားတစ်ဦးနဲ့ ချစ်ကြိုက်ခဲ့ပြီး ဖူးစားဆုံခဲ့ပါတယ် ။ ဆရာမ Anie က သူနဲ့သူမခင်ပွန်းရဲ့ မင်္ဂလာဆောင်ဓာတ်ပုံကို TikTok ဗီဒီယိုအဖြစ် တင်ခဲ့ပြီး ကျောင်းသားဘဝတုန်းက ခင်ပွန်းဖြစ်သူရဲ့ ဓာတ်ပုံကနေ နှစ်ယောက်သား အတူတူရိုက်တဲ့ မင်္ဂလာဆောင်ဓာတ်ပုံအထိ ဖြစ်လိမ့်မယ်လို့ သူမမထင်ထားကြောင်း Anie က ဆိုပါတယ် ။
TikTok ဗီဒီယိုက အင်တာနက်ပေါ်မှာ သက်ဝင်လှုပ်ရှားနေတဲ့ ဆွေးနွေးမှုတစ်ခုကို စတင်ပြီးနောက်မှာ အင်တာနက်အသုံးပြုသူများရဲ့ မေးခွန်းများကို Anie က တုံ့ပြန်ခဲ့ပါတယ် ။ သူမက သူတို့နှစ်ဦးရဲ့ တကယ့်အသက်အရွယ်ကို မျှဝေရန် မရှက်ခဲ့ပါ ။ ခင်ပွန်းက 23 နှစ်ဖြစ်ပြီး သူမက 34 နှစ်အရွယ်ဖြစ်တာကြောင့် သူတို့နှစ်ဦးကြားခြားနားချက်မှာ 11 နှစ်ဖြစ်ပါတယ် ။ ဒါ့အပြင် Anie က ဒါဟာ သူမရဲ့ ဒုတိယအိမ်ထောင်ဖြစ်ပြီး သူမမှာ ခင်ပွန်းဟောင်းနဲ့ ကလေး ၂ ယောက်ရှိတယ်လို့လည်း ဆိုပါတယ် ။ လက်ရှိခင်ပွန်းဖြစ်သူနဲ့ ဆက်ဆံရေးအကြောင်းကို Anie က ရေးသားခဲ့ပါသေးတယ် ။
Anie ဟာ လက်ရှိခင်ပွန်းဖြစ်သူ ကျောင်းသားဘဝကတည်းက ချစ်ကြိုက်ခဲ့တာဖြစ်ပြီး Anie က ဒီပလိုမာဘွဲ့ရပြီးနောက်မှာတော့ သူတို့အဆက်အသွယ်မရကြပါဘူး ။ အဲ့ဒီအချိန်မှာ Anieက မိခင်တစ်ဦးဖြစ်နေပါပြီ ။ 2021 ခုနှစ် နှစ်ကုန်လောက်မှာ နှစ်ယောက်သားပြန်စုံပြီး အဲ့ဒီကောင်လေးက Anie ကို လက်ထပ်ခွင့်တောင်းခဲ့တာကြောင့် သူမလည်း လက်ခံခဲ့ပါတယ် ။ အဲ့ဒီနောက် သူတို့နှစ်ယောက် မင်္ဂလာဆောင်ရန် ပြင်ဆင်ကြပြီး လက်ထပ်လိုက်ကြတာပါ ။
JRose (Mckzone daily)
Be the first to comment on "ေက်ာင္းတုန္းက ခ်စ္ႀကိဳက္ခဲ့ရတဲ့ ေက်ာင္းသားေလးနဲ႔ အသက္ ၃၄ ႏွစ္အ႐ြယ္ေရာက္မွ ဖူးစာဆံုခြင့္ရခဲ့တဲ့ ေက်ာင္းဆရာမ"