သဘာဝတရားႀကီးရဲ႕စ႐ိုက္လကၡဏာတို႔ကို စိတ္ႀကိဳက္ျပသႏိုင္ရန္ ေအာ္ဂဲနစ္ပစၥည္းမ်ားကို ဝတ္ဆင္ခဲ့ၾကတဲ့ ဟာသဉာဏ္႐ႊင္တဲ့ သက္ႀကီး႐ြယ္အိုမ်ား

Eyes as Big as Plates ဟာ ဖင္လန္ ဓာတ္ပုံဆရာ Riitta Ikonen ႏွင့္ ေနာ္ေဝး ဓာတ္ပုံဆရာ Karoline Hjorth တို႔ပူးေပါင္းဖန္တီးတဲ့ ဆန္းသစ္ေသာ ဓာတ္ပုံစီးရီးတစ္ခုျဖစ္ၿပီး သက္ႀကီး႐ြယ္အိုမ်ားအား အကိုင္းအခက္မ်ားႏွင့္ ျမက္မ်ားကဲ့သို႔ ေအာ္ဂဲနစ္ပစၥည္းမ်ား ၀တ္ဆင္ထားေစတဲ့ပေရာဂ်က္တစ္ခုဘဲျဖစ္ပါတယ္။ ပူးေပါင္းေဆာင္႐ြက္သည့္၎ပေရာဂ်က္ဟာ မူလက “ေနာ္ေဝ႐ိုးရာပုံျပင္မွ ဇာတ္ေကာင္မ်ားႏွင့္ ဇာတ္ေဆာင္မ်ားအေၾကာင္းျပဇာတ္” အျဖစ္ စတင္ခဲ့ေပမဲ့လည္း စြန႔္ပစ္ပစၥည္းမ်ားကိုအသုံးျပဳျခင္းျဖင့္ ခႏၶာကိုယ္မွ သဘာဝသို႔ျပန္လည္ေရာက္ရွိမည့္ “စိတ္ပိုင္းဆိုင္ရာရႈခင္းမ်ား” ကိုရွာေဖြသည့္ ႐ုပ္ပုံမ်ားစုစည္းမႈအျဖစ္သို႔ ေျပာင္းလဲဖန္တီးခဲ့ေၾကာင္း Ikonen မွေျပာၾကားခဲ့ပါတယ္။

ထို႔ျပင္ Eyes as Big as Plates ဟာ ကမာၻတစ္ဝွမ္းမွ သက္ႀကီး႐ြယ္အိုမ်ားပါေသာ စာအုပ္တစ္အုပ္ကို ရန္ပုံေငြကူညီရန္ လုပ္ေဆာင္ေနတဲ့ Kickstarter campaign တစ္ခုလည္းျဖစ္ပါတယ္။ သက္ႀကီး႐ြယ္အိုမ်ားကို သဘာဝရႈခင္းမ်ားတြင္ ေနရာခ်ေပးသည့္ ဓာတ္ပုံစီးရီးအတြက္ ခ်စ္စရာေကာင္းတဲ့ ဟာသခံစားမႈတစ္ခုလည္းရွိေနခဲ့ပါတယ္။ သက္ႀကီး႐ြယ္အိုတို႔၏ ေအာ္ဂဲနစ္ဝတ္စုံမ်ားက ၎တို႔အား ၎တို႔၏ပတ္ဝန္းက်င္တြင္ ဖုံးကြယ္ထားေစၿပီး ၊

တစ္မူထူးျခားေသာ ပုဂၢိဳလ္မ်ားအျဖစ္ ေပၚလြင္ေစခဲ့ပါတယ္။ သဘာဝတရားႀကီး၏ စ႐ိုက္လကၡဏာမ်ားကို တင္ျပရန္ သက္ႀကီး႐ြယ္အိုမ်ားကို အသုံးျပဳရန္ ေ႐ြးခ်ယ္မႈဟာ အထူးစိတ္ဝင္စားစရာေကာင္းၿပီး လန္းဆန္းေစတာကို ျမင္ေတြ႕ႏိုင္ပါတယ္။ ထို႔ျပင္ အသက္အ႐ြယ္ႀကီးရင့္ေသာ အလွတရားမ်ား ႏွင့္ ဝတ္စားဆင္ယင္မႈတို႔ ႏွစ္မ်ိဳးလုံးကလည္း ၎တို႔ရဲ႕ပုံရိပ္ကို ထင္ဟပ္ေစတာကိုလည္း ေတြ႕ျမင္ႏိုင္ပါတယ္။

.

.

.

.

.

.

Mia (Mckzone daily)

Reference : mymodernmet

Unicode

Eyes as Big as Plates ဟာ ဖင်လန် ဓာတ်ပုံဆရာ Riitta Ikonen နှင့် နော်ဝေး ဓာတ်ပုံဆရာ Karoline Hjorth တို့ပူးပေါင်းဖန်တီးတဲ့ ဆန်းသစ်သော ဓာတ်ပုံစီးရီးတစ်ခုဖြစ်ပြီး သက်ကြီးရွယ်အိုများအား အကိုင်းအခက်များနှင့် မြက်များကဲ့သို့ အော်ဂဲနစ်ပစ္စည်းများ ၀တ်ဆင်ထားစေတဲ့ပရောဂျက်တစ်ခုဘဲဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်သည့်၎င်းပရောဂျက်ဟာ မူလက “နော်ဝေရိုးရာပုံပြင်မှ ဇာတ်ကောင်များနှင့် ဇာတ်ဆောင်များအကြောင်းပြဇာတ်” အဖြစ် စတင်ခဲ့ပေမဲ့လည်း စွန့်ပစ်ပစ္စည်းများကိုအသုံးပြုခြင်းဖြင့် ခန္ဓာကိုယ်မှ သဘာဝသို့ပြန်လည်ရောက်ရှိမည့် “စိတ်ပိုင်းဆိုင်ရာရှုခင်းများ” ကိုရှာဖွေသည့် ရုပ်ပုံများစုစည်းမှုအဖြစ်သို့ ပြောင်းလဲဖန်တီးခဲ့ကြောင်း Ikonen မှပြောကြားခဲ့ပါတယ်။

ထို့ပြင် Eyes as Big as Plates ဟာ ကမ္ဘာတစ်ဝှမ်းမှ သက်ကြီးရွယ်အိုများပါသော စာအုပ်တစ်အုပ်ကို ရန်ပုံငွေကူညီရန် လုပ်ဆောင်နေတဲ့ Kickstarter campaign တစ်ခုလည်းဖြစ်ပါတယ်။ သက်ကြီးရွယ်အိုများကို သဘာဝရှုခင်းများတွင် နေရာချပေးသည့် ဓာတ်ပုံစီးရီးအတွက် ချစ်စရာကောင်းတဲ့ ဟာသခံစားမှုတစ်ခုလည်းရှိနေခဲ့ပါတယ်။ သက်ကြီးရွယ်အိုတို့၏ အော်ဂဲနစ်ဝတ်စုံများက ၎င်းတို့အား ၎င်းတို့၏ပတ်ဝန်းကျင်တွင် ဖုံးကွယ်ထားစေပြီး ၊

တစ်မူထူးခြားသော ပုဂ္ဂိုလ်များအဖြစ် ပေါ်လွင်စေခဲ့ပါတယ်။ သဘာဝတရားကြီး၏ စရိုက်လက္ခဏာများကို တင်ပြရန် သက်ကြီးရွယ်အိုများကို အသုံးပြုရန် ရွေးချယ်မှုဟာ အထူးစိတ်ဝင်စားစရာကောင်းပြီး လန်းဆန်းစေတာကို မြင်တွေ့နိုင်ပါတယ်။ ထို့ပြင် အသက်အရွယ်ကြီးရင့်သော အလှတရားများ နှင့် ဝတ်စားဆင်ယင်မှုတို့ နှစ်မျိုးလုံးကလည်း ၎င်းတို့ရဲ့ပုံရိပ်ကို ထင်ဟပ်စေတာကိုလည်း တွေ့မြင်နိုင်ပါတယ်။

Mia (Mckzone daily)

Be the first to comment on "သဘာဝတရားႀကီးရဲ႕စ႐ိုက္လကၡဏာတို႔ကို စိတ္ႀကိဳက္ျပသႏိုင္ရန္ ေအာ္ဂဲနစ္ပစၥည္းမ်ားကို ဝတ္ဆင္ခဲ့ၾကတဲ့ ဟာသဉာဏ္႐ႊင္တဲ့ သက္ႀကီး႐ြယ္အိုမ်ား"

Leave a comment

Your email address will not be published.


*