ညနက်ချိန် သုသာန်မှာ Pre Wedding ဓာတ်ပုံရိုက်ပြီး လူအများကို အံ့အားသင့်စေခဲ့တဲ့ စုံတွဲ



.

.

.

.

.

.

.

.

.

.

.

.

.

JRose (Mckzone daily)

Reference : khaosod

Unicode

မကြာသေးမီးက ဖေ့စ်ဘုတ်အသုံးပြုသူ Nonts Kongchaw ဟာ အထူးအဆန်း ကြောက်စရာကောင်းတဲ့ Pre Wedding ကို Love Beyond Death ဆိုတဲ့ စာတန်းနဲ့အတူ မင်္ဂလာပွဲအကြို ဝတ်စုံပုံတစ်ပုံကို တင်လိုက်တဲ့အခါ အချစ်က သေခြင်းထက် ကျော်လွန်တယ်ဆိုတာကို သက်သေပြနေပါတယ် ။ ငယ်ရွယ်တဲ့စုံတွဲတစ်တွဲက သုဿန်မှာရိုက်ကူးထားတဲ့ပုံများဖြစ်တဲ့အတွက် သတို့သားမီးသင်္ဂြိုဟ်ရာမှာ ရိုက်ကူးထားတဲ့ ပုံအချို့လည်း ပါရှိပါတယ် ။ ဒါဟာ အထူးအဆန်း မင်္ဂလာပွဲ အကြိုရိုက်ကူးမှုပါ ။

အဆိုပါပို့စ်ကို အကြိမ်ရေ တစ်သောင်းကျော် ပြန်လည်မျှဝေပြီး မှတ်ချက်များစွာ ရရှိပြီးနောက်မှာ အချို့သောသူများက ဆိုးရွားတဲ့ နိမိတ်လက္ခဏာဖြစ်မှာကို စိုးရိမ်ကြပါတယ် ။ နောက်ဆုံးပုံမှာ လင်မယားနှစ်ယောက်နောက်မှာ ရပ်နေတဲ့လူနဲ့တူတဲ့ အရိပ်တစ်ခုပါနေတာကို သတိထားမိခဲ့ပါတယ် ။ နောက်ဆုံးပုံက ဘယ်သူလဲဆိုတာကိုတော့ ပိုင်ရှင်က ရှင်းပြခဲ့ပါတယ် ။ ဘာကြောင့်လဲဆိုတော့ ကင်မရာအဖွဲ့နောက်မှာ လူ ၄ ယောက်ရှိပြီး အားလုံးက ဆယ်ကျော်သက်တွေပါ ။ ဓာတ်ပုံရိုက်တဲ့ နေရာက သုသာန်ဟောင်းဖြစ်ပြီး မနက် ၂ နာရီမှာ ရိုက်ထားတာဖြစ်ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ညနက်ချိန် သုသာန်မှာ Pre Wedding ဓာတ်ပုံရိုက်ပြီး လူအများကို အံ့အားသင့်စေခဲ့တဲ့ စုံတွဲ"

Leave a comment

Your email address will not be published.


*