လေလည်ထားတဲ့အငွေ့တွေကို ပုလင်းထဲစုပြီး ရောင်းစားကာ ဝင်ငွေသန်းနဲ့ချီရတဲ့အထိ ရောင်းကောင်းလွန်းတာကြောင့် မူးဝေပြီး ဆေးရုံသို့ရောက်သွားခဲ့ရတဲ့ ကောင်မလေး



.

.

.

.

.

.

.

.

.

.

JRose (Mckzone daily)

Reference : khaosod

Unicode

အသက် 31 နှစ်အရွယ် Stephanie Matt’s လို့ လူသိများတဲ့ မိန်းကလေးဟာ ပုလင်းတစ်လုံးထဲမှာ လေလည်ထားတဲ့အငွေ့တွေကို ဖမ်းပြီး ရောင်းချခဲ့တာကြောင့် တစ်ပတ်လျှင် သန်းပေါင်းများစွာ ဝင်ငွေရှိနေပါတယ် ။ ကုန်ပစ္စည်းက အရမ်းရောင်းကောင်းတာကြောင့် ဆေးရုံကိုသွားရတဲ့အထိ အလွန်အမင်း မူးဝေလုနီးပါးဖြစ်နေပြီး လုပ်ငန်းရပ်စဲကြောင်း မကြာသေးမီကပင် ကြေညာခဲ့ပါတယ် ။ အဆိုပါပစ္စည်းအသစ်ကို ခေတ်စားလာတာကြောင့် တစ်ပတ်လျှင် ဘတ် ၃၈,၀၀၀ သို့မဟုတ် ဘတ် ၁,၇၁၇,၀၀၀ ဝန်းကျင်ဖြင့် ရရှိနိုင်ပါတယ် ။ သူမရဲ့ ထူးခြားသောရနံ့ ထုတ်ကုန်များက အလွန်ရေပန်းစားတာကြောင့် တစ်ပတ်လျှင် ပစ္စည်များစွာ ကုန်အောင်ရောင်းချခဲ့ရပါတယ် ။

နောက်ပိုင်းမှာ ရင်ဘတ်အောင့်သဖြင့် Stephanie ကို အရေးပေါ်ခန်းသို့ ခေါ်ဆောင်သွားခဲ့ရပါတယ် ။ အစပိုင်းမှာ နှလုံးရောဂါဖြစ်နိုင်တယ်လို့ သူမထင်ခဲ့ပါသေးတယ် ။စမ်းသပ်မှုများစွာပြုလုပ်ပြီးနောက်မှာ သွေးစစ်ခြင်းနဲ့ လျှပ်စစ်ဓာတ်မှန်ရိုက်ခြင်း (EKG/ECG) အပါအဝင် ဆရာဝန်က အခွံမာသီးများ၊ ဥများနဲ့ အဆင်သင့်လုပ်ထားတဲ့ ပရိုတင်းဓာတ်များ ပုံမှန်စားသောက်မှုမှ ပိုလျှံနေသောဓာတ်ငွေ့များကြောင့် ပြင်းထန်စွာ ဗိုက်နာခြင်းကို ခံစားခဲ့ရတယ်လို့ ပြောပါတယ် ။ ဆရာဝန်က သူမရဲ့အစားအသောက်ကို ပြောင်းလဲကာ ဓာတ်ငွေ့ နှိမ်နင်းဆေးများ သောက်ရန် အကြံပေးခဲ့ပြီး Stephanie က သူ့ရဲ့ လုပ်ငန်းကို ရပ်စဲကြောင်း ကြေညာခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "လေလည်ထားတဲ့အငွေ့တွေကို ပုလင်းထဲစုပြီး ရောင်းစားကာ ဝင်ငွေသန်းနဲ့ချီရတဲ့အထိ ရောင်းကောင်းလွန်းတာကြောင့် မူးဝေပြီး ဆေးရုံသို့ရောက်သွားခဲ့ရတဲ့ ကောင်မလေး"

Leave a comment

Your email address will not be published.


*