၎င်းရဲ့ပြောင်မြောက်တဲ့ ကတိကဝတ်ကြောင့် ပိုင်ရှင်ရဲ့ဘွဲ့နှင်းသဘင်မှာ ဂုဏ်ထူးဆောင် ဒီပလိုမာကိုရရှိခဲ့တဲ့ ခွေးလေး

အမေရိကန် North Carolina ပြည်နယ်ရှိ အသက် 25 နှစ်အရွယ် Brittany Hawley အမည်ရှိအမျိုးသမီးဟာ သူမဆယ်ကျော်သက်အရွယ်မှာ နာတာရှည် အာရုံကြောဆိုင်ရာရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဘီးတပ်ကုလားထိုင်ပေါ်မှာဘဲ တစ်သက်လုံး ချုပ်နှောင်ခံထားခဲ့ရပါတယ်။ နောက်ပိုင်း Hawley က သူမရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ်များကို ကူညီပေးရန် ဝန်ဆောင်မှုပေးတဲ့ခွေးလေးတစ်ကောင်အတွက် လျှောက်ထားခဲ့ရာ သူမက West Virginia ရှိ ‘paws4prison’ အစီအစဉ်မှတဆင့် အကျဉ်းထောင်ရှိနေထိုင်သူများ လေ့ကျင့်သင်ကြားပေးတဲ့ အဆင့်မြင့်အကူအညီပေးရေးခွေးများစွာရှိ Griffin လို့ခေါ်တဲ့ golden retriever ခွေးလေးတစ်ကောင်နှင့် တွေ့ဆုံခဲ့ပါတယ်။ “ အကျဉ်းထောင်ရှိ နေထိုင်သူတွေ က ခွေးတွေအများကြီးမှ ကျွန်မဆီလာတဲ့ ခွေးလေးကို ရွေးခွင့်ပေးခဲ့ပါတယ်။

.

တချို့ခွေးတွေက ဘီးတပ်ကုလားထိုင်ကို ကြောက်ကြတယ်။ ဒါပေမဲ့ Griffin ကတော့ ကျွန်မရင်ခွင်ထဲကိုခုန်ဝင်လာပြီး မျက်နှာအနှံ့ လျှာနဲ့ နမ်းလိုက်သေးတယ် ” လို့ Hawley က USA Today မှာ Griffin နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့အကြောင်း ပြန်ပြောပြခဲ့ပါတယ်။ Hawley ဟာ မကြာသေးမီက Clarkson တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး ရောဂါပျောက်ကင်းမှုကိုအထောက်အကူပြုစေတဲ့ကုထုံးအတွက်လည်း သူမက မဟာဘွဲ့ ရရှိခဲ့ပါတယ်။ Griffin ကလည်း သူမအတွက် နှစ်ထပ်ကွမ်း ဂုဏ်ပြုပွဲတစ်ခုဖြစ်ပြီး သူမ စာသင်နေတဲ့နှစ်များတစ်လျှောက် Griffin လေးရဲ့ သူမအတွက် မပျင်းမရိဝန်ဆောင်မှုအတွက် Griffin က ဂုဏ်ထူးဆောင် ဒီပလိုမာကို အပ်နှင်းခံခဲ့ရပါတယ်။ Griffin လေးက Hawley အတွက် အရာအားလုံးနီးပါး ပြုလုပ်ပေးခဲ့ပါတယ်။

.

Hawley ရဲ့အတန်းကို လိုက်သွားတဲ့အပြင် သူမလက်ကိုင်ဖုန်းကို ယူလာပေးခြင်း စတဲ့အလုပ်များနှင့် Hawley ရဲ့ကိုယ်ကာယအလုပ်များကိုကူညီပေးခဲ့ပါတယ်။ Griffin လေးက Hawley ရဲ့ လူထုလှုပ်ရှားမှုများ ၊ လူမှုရေးအဖွဲ့များနှင့် သုတေသနပရောဂျက်များမှာ တက်ကြွစွာပါဝင်သူဖြစ်ပါတယ်။ Fort Bragg မှာ အလုပ်သင်တုန်းကတောင် သူမရဲ့ အဲဒီမှာရှိနေခဲ့ပါတယ်။ ” အသက် 4 နှစ်အရွယ် Griffin လေးက ထူးကဲတဲ့အားထုတ်မှု ၊ တည်ကြည်တဲ့ကတိကဝတ်နှင့် ကျောင်းသူဘဝရဲ့အောင်မြင်မှုအတွက် လုံ့လစိုက်ထုတ်ခြင်း ” ကို ပုံဖော်ထားကြောင်း ဂေါပကအဖွဲ့မှလည်း သဘောတူညီခဲ့ကာ ဆုတံဆိပ်ချီးမြင့်ခဲ့တာဘဲဖြစ်ပါတယ်။ “ ကျွန်မက သူ့ကို day one ကနေစပြီး ဘွဲ့ရဖို့အထိ တွန်းအားပေးခဲ့ပါတယ်။

.

ကျွန်မလုပ်သမျှကို သူလုပ်ခဲ့တယ်” လို့ Hawley က ဂုဏ်ယူစွာပြောဆိုခဲ့ပါတယ်။ လူနာများက Griffin ကို ကျင့်သားရလာတဲ့အတွက် Hawley က ၎င်းတို့ရဲ့ကုထုံးဆရာဖြစ်ခြင်းအကြောင်း ပြောတဲ့အခါတိုင်း Griffin လေးကို ၎င်းတို့ရဲ့ တွဲဖက်ကုထုံးဆရာအဖြစ် ထည့်သွင်းထားမည်ဖြစ်ပါတယ်။ နေ့စဉ်အခြေခံမှာ Griffin လေးက Hawley အတွက် တံခါးဖွင့်ခြင်း ၊ မီးများဖွင့်ကာ လေဆာညွှန်ကိရိယာဖြင့် အချက်ပြတဲ့အရာများကို ယူဆောင်ခြင်းကဲ့သို့သော Hawley ရဲ့ကိုယ်ကာယအလုပ်များကို ကူညီပေးခဲ့ပါတယ်။ Griffin လေးကို ကျေးဇူးအတင်ဆုံးအရာကတော့ Hawley က သူမ အမြဲတမ်း ဆိုးရွားစွာ ခံစားနေရတဲ့ဝေဒနာကြောင့် သူမ စိတ်ပူခြင်း သို့မဟုတ် စိတ်ဓာတ်ကျနေချိန်မှာ သူမအတွက် အကောင်းဆုံးပေးဆောင်တဲ့ Griffin ရဲ့နှစ်သိမ့်ပေးမှုဘဲဖြစ်ပါတယ်။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "၎င်းရဲ့ပြောင်မြောက်တဲ့ ကတိကဝတ်ကြောင့် ပိုင်ရှင်ရဲ့ဘွဲ့နှင်းသဘင်မှာ ဂုဏ်ထူးဆောင် ဒီပလိုမာကိုရရှိခဲ့တဲ့ ခွေးလေး"

Leave a comment

Your email address will not be published.


*