ရေခဲမုန့်ဝယ်ဖို့လာရင်း Mark မပါလာတာနဲ့ အပေါ်ထပ်ဝတ်စုံကို ချွတ်ပြီး Mark အဖြစ်အသုံးပြုခဲ့တဲ့ မိန်းကလေး (ရုပ်သံ)




Mia (Mckzone daily)

Reference : nypost

Unicode

ဒီရေခဲမုန့်ချစ်သူတစ်ဦးဟာ အတော်လေးကို self confidence level so high နေခဲ့ပါတယ်။ မကြာသေးမီက အာဂျင်တီးနားနိုင်ငံမှ မိန်းကလေးတစ်ဦးဟာ သူမရဲ့အပေါ်ထပ်ဝတ်စုံကို ချွတ်ချလိုက်ပြီး အတွင်းခံဝတ်စုံဖြင့် ရေခဲမုန့်ဆိုင်ထဲဝင်ရောက်လာကာ သူမ၏ အပေါ်ထပ်အနက်ရောင်ဝတ်စုံကို မျက်နှာဖုံးအဖြစ် အသုံးပြုရန် ကြိုးပမ်းခဲ့ကြောင်း ဗီဒီယိုတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။ ထို့နောက် သူမဟာ “ ကျွန်မရဲ့မျက်နှာဖုံး ဘယ်မှာလဲဆိုတာကိုမမေးနဲ့ ဒီမှာ ကျွန်မ တပ်ထားတယ် ” လို့ အနောက်ပိုင်း Mendoza ပြည်နယ် Godoy Cruz မြို့မှာရှိတဲ့ စတိုးဆိုင်က ဝန်ထမ်းတွေကို ရဲရဲဝံ့ဝံ့ ပြန်ပြောနေခဲ့ပါတယ်။

ထောက်လှမ်းရေးဗီဒီယိုများရှိ ၎င်းဆိုင်ထဲက အမျိုးသားတစ်ဦးဟာ ၎င်း၏သမီး သုံးဦးနှင့်အတူ ကောင်တာအနီးသို့ ချဉ်းကပ်လာမှုကို ဟာသပြကွက်အဖြစ် ပြသထားပါသေးတယ်။ သူမရဲ့အနက်ရောင်ဝတ်စုံကို မျက်နှာတစ်ဝိုက်မှာ ပတ်ထားဖို့ကြိုးစားနေချိန်မှာ အဆိုပါဖခင်ဖြစ်သူအမျိုးသားဟာ သူ့ရဲ့ Mark ကို နှာခေါင်းပါမဖုံးဘဲ ပါးစပ်အထိသာ ဖုံးထားရင်း order မှာနေခဲ့ပါတယ်။

ထို့နောက် အဆိုပါဖခင်ဖြစ်သူဟာ အဆိုပါမိန်းကလေးရဲ့အပြုအမူကို မြင်လိုက်ရပြီးတဲ့နောက်မှာတော့ မူဝါဒ၏ ညစ်ညမ်းမှုကို ရှောင်ရှားရန် သူ့ရဲ့နှာခေါင်းကို ဖုံးအုပ်ရန် သူ့ရဲ့မျက်နှာဖုံးကို အမြန်ပြင်ဆင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ အဆိုပါမိန်းကလေးက ဝန်ဆောင်မှုရယူဖို့ ငြင်းဆိုခံခဲ့ရပြီး စတိုင်းဆိုင်အပြင်သို့ထွက်သွားခဲ့ရပါတယ်။ အခြားလူ 10 ယောက်ခန့်အုပ်စုနှင့်အတူ ပါလာခဲ့တဲ့အဆိုပါမိန်းကလေးဟာ နောက်ဆုံးမှာ ၎င်းတို့ထဲမှတစ်ဦးရဲ့ မျက်နှာဖုံးဖြင့် သူမ သိပ်ကြိုက်တဲ့ရေခဲမုန့်ကို ဝယ်ယူနိုင်ခဲ့ကြောင်း ဒေသခံသတင်း Cronica မှ ဖော်ပြခဲ့ပါတယ်။

Mia (Mckzone daily)

Be the first to comment on "ရေခဲမုန့်ဝယ်ဖို့လာရင်း Mark မပါလာတာနဲ့ အပေါ်ထပ်ဝတ်စုံကို ချွတ်ပြီး Mark အဖြစ်အသုံးပြုခဲ့တဲ့ မိန်းကလေး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*