လူတိုင်းကို အံ့အားသင့်စေမယ့် အလွန်ထူးခြားတဲ့ ရေအောက်မင်္ဂလာပွဲ။ သတို့သမီး၊ သတို့သားနဲ့ ဧည့်သည်များအားလုံးက အောက်ဆီဂျင်များ ၀တ်ဆင်ကြပြီး ၎င်းတို့ဘဝရဲ့ အမှတ်တရအရှိဆုံးအချိန်ကို ဖန်တီးရန် ရေအောက် မင်္ဂလာပွဲကို ကျင်းပခဲ့ခြင်းကြောင့် လူတိုင်း အံ့သြခဲ့ရပါတယ် ။ အဆိုပါစုံတွဲနှစ်ဦးက ရွှေရောင်နေရောင်ခြည်နဲ့ သဲဖြူဖြူတွေနဲ့ ကမ်းစပ်မှာ ဆင်နွှဲကြတဲ့ စုံတွဲတော်တော်များများနဲ့ မတူဘဲ၊ ဒီစုံတွဲဟာ အတူတူ ရေထဲ ငုပ်ဆင်းပြီး အဲဒီမှာ ကျင်းပကြပါတယ် ။ ကမ်းစပ်မှာရှိစဉ် ဆွေမျိုးများနဲ့ သူငယ်ချင်းများက နွေးထွေးစွာ လက်ခုပ်တီးနေကြဆဲဖြစ်ပြီး သမုဒ္ဒရာအောက်ခြေမှာ စားပွဲကုလားထိုင်များအထိ ကိတ်မုန့်နဲ့ လက်ထပ်လက်မှတ်များပင် စီစဉ်ပေးထားပြီးသာကို တွေ့ရပါတယ် ။
.
ထို့ကြောင့် သတို့သမီးက တောက်ပတဲ့ အနီရောင်နှင်းဆီပန်းစည်းကို ကိုင်ဆောင်ကာ အဖြူရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး သတို့သားက အလွန်ပြေပြစ်တဲ့ ပေါ့ပေါ့ပါးပါး ဘောင်းဘီနဲ့ ရှပ်အင်္ကျီများကိုလည်း ၀တ်ဆင်ထားပါတယ် ။ နှစ်ယောက်စလုံးက ထုံးစံအတိုင်း ဘုန်းကြီးနဲ့ အခမ်းအနားတွေ လုပ်ပါတယ် ။ တစ်ခုတည်းသောအချက်မှာ ၎င်းတို့အားလုံးက အောက်ဆီဂျင်များ တပ်ဆင်ထားရမှာဖြစ်သောကြောင့် စကားလုံးတိုင်းကို ခန္ဓာကိုယ်ဘာသာစကားဖြင့် အစားထိုးထားရပါတယ် ။ နောက်ဆုံးမှာ နှစ်ယောက်စလုံးက ဘောပင်ကိုယူကာ လင်နဲ့မယားကြား ဆက်ဆံရေးကို သက်သေပြတဲ့ စာရွက်စာတမ်းကို လက်မှတ်ရေးထိုးခဲ့ကြပါတယ် ။ ဒီအထူးမင်္ဂလာပွဲရဲ့ ဓာတ်ပုံတွေကို လူမှုကွန်ယက်မှာ ဝေမျှခဲ့ပြီး လူအများရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ် ။ ဒီလိုထူးခြားတဲ့ မင်္ဂလာပွဲကြောင့် လူတိုင်း အံ့အားသင့်ခဲ့ကြရပါတယ် ။
.
အဲဒီ့မတိုင်ခင်က ဒီလိုထူးခြားတဲ့ စိတ်ကူးစိတ်သန်းရှိတဲ့ စုံတွဲတချို့လည်း ရှိခဲ့ပါတယ် ။ အမေရိကမှာ ရေသူမဖြစ်ချင်ပြီး ရေထဲမှာနေထိုင်တဲ့ မိန်းကလေးတစ်ယောက်က ပင်လယ်အောက်မှာ မင်္ဂလာဆောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ သူတို့က မူလက သမုဒ္ဒရာအလယှ်ော ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကျင်းပရန် စီစဉ်ခဲ့သော်လည်း အရာအားလုံး ရှုပ်ထွေးလွန်းသောကြောင့် ကျင်းပရန် ပင်လယ်ရေတိမ်ပိုင်းနေရာကို ရွေးချယ်လိုက်ကြပါတယ် ။
.
ရေအောက်မင်္ဂလာပွဲတစ်ခုကျင်းပရန်မှာ သေချာပေါက်မလွယ်ကူတာကြောင့် စုံတွဲများက ထိုသို့ကျင်းပနိုင်ခြင်းက အံ့သြစရာပါ ။ ဒီနည်းလမ်းကို လူတော်တော်များများက ထူးဆန်းတယ်လို့ ယူဆကြပေမယ့် သူတို့အတွက်ကတော့ ဒါဟာ သူတို့ဘဝရဲ့ အမှတ်ရစရာ အခိုက်အတန့်တစ်ခုလည်း ဖြစ်ပါတယ် ။
Jasmine (Mckzone daily)
Reference : bestie
Be the first to comment on "ဘဝရဲ့ အမှတ်ရစရာအချိန်ကို ဖန်တီးရန် ရေအောက်ပင်လယ်မှာ သွားရောက်မင်္ဂလာဆောင်ခဲ့တဲ့ ထူးထူးဆန်းဆန်းစုံတွဲတစ်တွဲ"