လူသားထက္ေတာင္ အညီအမွ်လွပတဲ့စာလုံးကို ေရးႏိုင္စြမ္းရွိၿပီး အရာအားလုံးကို လုပ္ေဆာင္ႏိုင္စြမ္းရွိတဲ့ ခ်စ္စရာေခြးေလး

ေခြးေမြးထားဖူးသူတိုင္းဟာ အဆင္မေျပတဲ့ အခိုက္အတန႔္ေတြအျပင္ လူသားေတြ မေမွ်ာ္လင့္ထားတဲ့ အရာေတြကို လုပ္ေဆာင္ႏိုင္စြမ္းရွိၿပီး အလြန္ထက္ျမက္၊ အလြန္ဉာဏ္ေကာင္းတဲ့ တိရစာၦန္ဆိုတာကို သိၾကမွာပါ ။ ထို႔အတြက္ေၾကာင့္ ၎တို႔က မိသားစုဝင္တစ္ဦးကဲ့သို႔ပင္ ၎တို႔ရဲ႕ပိုင္ရွင္မ်ားက ခ်စ္ျမတ္ႏိုးၿပီး ဂ႐ုစိုက္ၾကတာပါ ။ မၾကာေသးမီက Tik Tok အသုံးျပဳသူ မိန္းကေလးငယ္က သူမရဲ႕ ဥာဏ္ရည္ထက္မ်က္တဲ့ မီးခိုးေရာင္အေမြးအမွင္နဲ႔ ေခြးေလးရဲ႕ ျမင္ကြင္းကို ႐ိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္ကို မၾကာေသးမီက တင္ခဲ့ပါတယ္ ။ အိမ္မႈကိစၥလုပ္ရင္း သခင္ကို ကူညီေပးတဲ့ ျမင္ကြင္းက အမ်ားႀကီးေတြ႕ခဲ့ရေပမယ့္ စကားလုံးေတြ ေရးတတ္တဲ့ေခြးကိုေတာ့ ရွားပါတယ္ ။

ဗီဒီယိုဖိုင္ထဲမွာေတာ့ အလြန္ခ်စ္စရာေကာင္းတဲ့ အသြင္အျပင္ရွိတဲ့ ေခြးေလးဟာ သူ႔မ်က္ႏွာေပၚမွာ အျပာေရာင္မ်က္မွန္တပ္ၿပီး ကုလားထိုင္ေပၚမွာ ၿငိမ္သက္စြာ ထိုင္ေနပါတယ္ ။ သခင္က ခဏေလး အိပ္ေမာက်သြားၿပီး ႏိုးလာတဲ့အခါ ေဘာပင္ထိပ္ဖ်ားကို ပါးစပ္နဲ႔ကိုက္ၿပီး ဗလာစာမ်က္ႏွာေပၚမွာ စကားလုံးတစ္လုံးစီကို ဂ႐ုတစိုက္ေရးထားတာကို ေတြ႕ရပါတယ္ ။ စကၠန႔္အနည္းငယ္ၾကာၿပီးေနာက္ တ႐ုတ္ဘာသာျဖင့္ စာေၾကာင္းတစ္ေၾကာင္း ခ်က္ခ်င္းေပၚလာပါတယ္ ။ လူေတြေရးတဲ့ စကားလုံးေတြနဲ႔ ႏႈိင္းယွဥ္ၾကည့္ရင္ ဒီေခြးရဲ႕ စာလုံးဟာ အညီအမွ် လွပတယ္လို႔ ျမင္ပါတယ္ ။

ထို႔အျပင္ ေခြးေလးမွာ မီးဖိုေခ်ာင္ထဲ ဝင္ၿပီး သင္ခင္အတြက္ ခ်က္ျပဳတ္စြမ္းရည္းကိုပါ အထူးကြၽမ္းက်င္ပုံရပါတယ္ ။ အသီးအ႐ြက္ခုတ္သည္ျဖစ္ေစ ခ်က္ျပဳတ္သည္ျဖစ္ေစ ေျခလွမ္းတိုင္းကို သူလုပ္ေဆာင္ႏိုင္ခဲ့တာကို ေတြ႕ရပါတယ္ ။ ျဖစ္စဥ္တစ္ခုလုံးၿပီးေနာက္၊ အင္တာနက္အသုံးျပဳသူအမ်ားအျပားက ၎တို႔ရဲ႕စိတ္လႈပ္ရွားမႈကို ဖုံးကြယ္ထားႏိုင္ျခင္းမရွိေတာ့ဘဲ ေခြးရဲ႕အရည္အခ်င္းကို အလြန္ပင္ အံ့ၾသသြားခဲ့ၾကပါတယ္ ။

JRose (Mckzone daily)

Reference : bestie

Unicode

ခွေးမွေးထားဖူးသူတိုင်းဟာ အဆင်မပြေတဲ့ အခိုက်အတန့်တွေအပြင် လူသားတွေ မမျှော်လင့်ထားတဲ့ အရာတွေကို လုပ်ဆောင်နိုင်စွမ်းရှိပြီး အလွန်ထက်မြက်၊ အလွန်ဉာဏ်ကောင်းတဲ့ တိရစ္ဆာန်ဆိုတာကို သိကြမှာပါ ။ ထို့အတွက်ကြောင့် ၎င်းတို့က မိသားစုဝင်တစ်ဦးကဲ့သို့ပင် ၎င်းတို့ရဲ့ပိုင်ရှင်များက ချစ်မြတ်နိုးပြီး ဂရုစိုက်ကြတာပါ ။ မကြာသေးမီက Tik Tok အသုံးပြုသူ မိန်းကလေးငယ်က သူမရဲ့ ဥာဏ်ရည်ထက်မျက်တဲ့ မီးခိုးရောင်အမွေးအမှင်နဲ့ ခွေးလေးရဲ့ မြင်ကွင်းကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို မကြာသေးမီက တင်ခဲ့ပါတယ် ။ အိမ်မှုကိစ္စလုပ်ရင်း သခင်ကို ကူညီပေးတဲ့ မြင်ကွင်းက အများကြီးတွေ့ခဲ့ရပေမယ့် စကားလုံးတွေ ရေးတတ်တဲ့ခွေးကိုတော့ ရှားပါတယ် ။

ဗီဒီယိုဖိုင်ထဲမှာတော့ အလွန်ချစ်စရာကောင်းတဲ့ အသွင်အပြင်ရှိတဲ့ ခွေးလေးဟာ သူ့မျက်နှာပေါ်မှာ အပြာရောင်မျက်မှန်တပ်ပြီး ကုလားထိုင်ပေါ်မှာ ငြိမ်သက်စွာ ထိုင်နေပါတယ် ။ သခင်က ခဏလေး အိပ်မောကျသွားပြီး နိုးလာတဲ့အခါ ဘောပင်ထိပ်ဖျားကို ပါးစပ်နဲ့ကိုက်ပြီး ဗလာစာမျက်နှာပေါ်မှာ စကားလုံးတစ်လုံးစီကို ဂရုတစိုက်ရေးထားတာကို တွေ့ရပါတယ် ။ စက္ကန့်အနည်းငယ်ကြာပြီးနောက် တရုတ်ဘာသာဖြင့် စာကြောင်းတစ်ကြောင်း ချက်ချင်းပေါ်လာပါတယ် ။ လူတွေရေးတဲ့ စကားလုံးတွေနဲ့ နှိုင်းယှဥ်ကြည့်ရင် ဒီခွေးရဲ့ စာလုံးဟာ အညီအမျှ လှပတယ်လို့ မြင်ပါတယ် ။

ထို့အပြင် ခွေးလေးမှာ မီးဖိုချောင်ထဲ ဝင်ပြီး သင်ခင်အတွက် ချက်ပြုတ်စွမ်းရည်းကိုပါ အထူးကျွမ်းကျင်ပုံရပါတယ် ။ အသီးအရွက်ခုတ်သည်ဖြစ်စေ ချက်ပြုတ်သည်ဖြစ်စေ ခြေလှမ်းတိုင်းကို သူလုပ်ဆောင်နိုင်ခဲ့တာကို တွေ့ရပါတယ် ။ ဖြစ်စဉ်တစ်ခုလုံးပြီးနောက်၊ အင်တာနက်အသုံးပြုသူအများအပြားက ၎င်းတို့ရဲ့စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ထားနိုင်ခြင်းမရှိတော့ဘဲ ခွေးရဲ့အရည်အချင်းကို အလွန်ပင် အံ့သြသွားခဲ့ကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "လူသားထက္ေတာင္ အညီအမွ်လွပတဲ့စာလုံးကို ေရးႏိုင္စြမ္းရွိၿပီး အရာအားလုံးကို လုပ္ေဆာင္ႏိုင္စြမ္းရွိတဲ့ ခ်စ္စရာေခြးေလး"

Leave a comment

Your email address will not be published.


*