ကိုယ်စီ ဒုက္ခရောက်နေချိန်မှာ ဆိုင်ကယ်ပေါ်ကနေဆင်းပြီး ဘယ်သူမှမကူတဲ့ ဆီကုန်လို့ဒုက္ခရောက်နေတဲ့ကားတစ်စီးကို ကူတွန်းပေးခဲ့တဲ့ သားအဖနှစ်ဦးတို့ရဲ့မြင်ကွင်း

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း Mandaue မြို့၌ အမျိုးသားတစ်ဦးနဲ့ သူ့ရဲ့သမီးငယ်ဖြစ်သူတို့ဟာ ဆိုင်ကယ်ပေါ်ကနေဆင်းပြီး ဆီကုန်သွားလို့ ဒုက္ခရောက်နေတဲ့ကားတစ်စီးကို အအောက်ကနေ ကူတွန်းပေးခဲ့ကြပါတယ်။ ၎င်းတို့သားအဖတို့ဟာ အကူအညီလိုနေတဲ့ ထိုယာဉ်မောင်းကို လုံးဝမသိကြပေမယ့် နှစ်ယောက်သား အကူအညီပေးဖို့ တုံ့ဆိုင်းမနေခဲ့ကြပါဘူး။ ဒီဓာတ်ပုံထဲမှာတော့ ဒုက္ခရောက်နေတဲ့ ထိုယာဉ်မောင်းနှင်သူအပြင် ၎င်းဖခင်နှင့်သမီးတို့အားလုံးက ဓာတ်ဆီဝယ်ယူရန် ဓာတ်ဆီဆိုင်မှာ တန်းစီစောင့်ဆိုင်းနေခဲ့ကြတာဘဲဖြစ်ပါတယ်။ ထိုစဉ်က Odette တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ပြီးကတည်းက အဆိုပါဒေသရှိ လောင်စာဆီအခြေအနေက ပိုမိုဆိုးရွားလာခဲ့တာဖြစ်ပြီး ၊ နေရာတော်တော်များများမှာ လူအများက ဓာတ်ဆီဝယ်ဖို့ နာရီပေါင်းများစွာ တန်းစီနေခဲ့ရတာဖြစ်ပါတယ်။

.

ဓာတ်ဆီဝယ်ပြီး ပုံမှန်ပေါက်ဈေးထက် နှစ်ဆ (သို့) သုံးဆဖြင့် ပြန်လည်ရောင်းချခြင်းဖြင့် အခြေအနေကို အခွင့်ကောင်းယူသူများ ရှိနေတာကြောင့် ဒေသဆိုင်ရာ အစိုးရများက ဓာတ်ငွေ့ရောင်းချမှုကို ကန့်သတ်မှုများ ပြုလုပ်ခဲ့ပါတယ်။ ယင်းကြောင့်လည်း တန်းစီမှု ပိုကြာလာခဲ့တာဖြစ်ပြီး ထိုအခြေအနေကို လူအများက မကျေမနပ်ဖြစ်နေကြပေမဲ့လည်း ၊

.

Fleire Casto အမည်ရှိအင်တာနက်အသုံးပြုသူက ဒီဖခင်တစ်ဦး နှင့် သမီးဖြစ်သူတို့ရဲ့ ကိုယ်ကျိုးမဖက်တဲ့ကြင်နာမှုလုပ်ရပ်ကို ပြန်လည်မျှဝေပေးခဲ့ပါတယ်။ “ ဒီလိုအရာတွေကြောင့်မို့လို့ စိတ်ရှည်သည်းခံပြီး သူတစ်ပါးကို အားပေးတဲ့အပြုအမူတွေကိုရှာဖွေဖို့ အားလုံးကို တိုက်တွန်းချင်ပါတယ်။

.

ဒီလိုစိတ်ဓာတ်မျိုးက ဖိလစ်ပိုင်နိုင်ငံသားတိုင်းမှာ ရှိနေသင့်ပါတယ်၊ ဒီသားအဖကို ကျွန်တော် လေးစားမိပါတယ် ” လို့ Fleire Casto က ထိုဓာတ်ပုံနှင့်အတူ သူ့ရဲ့Caption မှာ ရေးသားဖော်ပြခဲ့တာဘဲဖြစ်ပါတယ်။

Jasmine (Mckzone daily)

Reference : rachfeed

Be the first to comment on "ကိုယ်စီ ဒုက္ခရောက်နေချိန်မှာ ဆိုင်ကယ်ပေါ်ကနေဆင်းပြီး ဘယ်သူမှမကူတဲ့ ဆီကုန်လို့ဒုက္ခရောက်နေတဲ့ကားတစ်စီးကို ကူတွန်းပေးခဲ့တဲ့ သားအဖနှစ်ဦးတို့ရဲ့မြင်ကွင်း"

Leave a comment

Your email address will not be published.


*