စစ်မှန်တဲ့ပျော်ရွှင်မှုကို ရှာဖွေကာ ရတဲ့ဘွဲ့နှင့် ထပ်တူမကျတဲ့ နို့ထွက်နွားမွေးမြူရေးလုပ်သားအဖြစ် ပြောင်းလဲလုပ်ကိုင်ခဲ့တဲ့ HRM ဘွဲ့ရ မိန်းကလေး

ဖိလစ်ပိုင်နိုင်ငံရှိ ဟိုတယ်နှင့် စားသောက်ဆိုင်စီမံခန့်ခွဲမှု (HRM) ဘွဲ့ရတစ်ဦးဖြစ်တဲ့ Jennifer Abobo အမည်ရှိဖိလစ်ပိုင်အမျိုးသမီးတစ်ဦးဟာ နယူးဇီလန်နိုင်ငံ၌ နို့စားနွားမွေးမြူသူဖြစ်လာရခြင်းက သူမရဲ့ရွေးချယ်မှုသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ Jennifer ဟာ သူမရရှိထားတဲ့ဘွဲ့ နှင့် အတော်လေးဝေးကွာတဲ့ မမျှော်လင့်ထားသောအသက်မွေးဝမ်းကျောင်းတစ်ခုလုပ်ဖို့ သူမကိုယ်သူမ ရှာဖွေတွေ့ရှိခဲ့ပြီး သူမဟာ လယ်သမားတစ်ဦးဖြစ်ရခြင်းအတွက် အလွန်ပျော်ရွှင်နေတာကြောင့် နောင်တရမှာမဟုတ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ နယူးဇီလန်နိုင်ငံမှာ နွားနို့နှင့်ပျားရည်များ ပေါများတာကြောင့် နို့ထွက်ပစ္စည်းမွေးမြူရေးလုပ်ငန်းက ၎င်းတို့နိုင်ငံရဲ့အရေးအကြီးဆုံးစက်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး ၎င်းတို့ရဲ့အကြီးမားဆုံး ပြည်ပပို့ကုန်လည်းဖြစ်ပါတယ်။

.

” Paradise of the Pacific ” လို့အမည်ပေးထားတဲ့ နယူးဇီလန်ဟာ ပိုမိုစိမ်းလန်းတဲ့ကျက်စားရာများကို ရှာဖွေနေတဲ့ ရွှေ့ပြောင်းနေထိုင်သူများစွာရဲ့အိမ်ဖြစ်ပါတယ်။ နယူးဇီလန်ရဲ့သာယာလှပတဲ့နေရာကို ကြိုက်နှစ်သက်ကြတဲ့ ရွှေ့ပြောင်းနေထိုင်သူများထဲမှာ Jennifer ဆိုတဲ့ဖိလစ်ပိုင်မလေးတစ်ဦးလည်း အပါအဝင်ဖြစ်ပါတယ်။ သူမရဲ့ ပင်ပင်ပန်းပန်းမလုပ်ရတဲ့အလုပ်မှထွက်ပြီး နယူးဇီလန်မှာ နို့ထွက်နွားမွေးမြူရေးသမားအဖြစ် အလုပ်မ၀င်မီ ဖိလစ်ပိုင်ကနေ အလုပ်ရှင် 700 ကျော်ထံ အလုပ်လျှောက်ထားခဲ့ရပုံကိုလည်း Jennifer က ပြန်လည်ပြောပြခဲ့ပါတယ်။ Jennifer ဟာ 2015 ခုနှစ်မှာ သူမရဲ့စေ့စပ်ထားသူနှင့်အတူ နယူးဇီလန်သို့ရောက်ရှိလာခဲ့တာပါ။

.

ရာနှင့်ချီတဲ့အလုပ်ရှင်များထံ လျှောက်ထားခဲ့ပေမဲ့လည်း Jennifer က သူမစေ့စပ်ထားသူရဲ့သူဌေးမှ အလုပ်ခန့်ခဲ့ခြင်းအတွက် ကံကောင်းခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ Jennifer ဟာ သူမရဲ့ကောလိပ် ဒီဂရီဘွဲ့နဲ့ မတူညီတဲ့အသက်မွေးဝမ်းကြောင်း လမ်းကြောင်းကို ရွေးချယ်ခဲ့ပေမဲ့ သူမ နယူးဇီလန်မှာ စတင်လုပ်ကိုင်စဉ်က နို့ထွက်ပစ္စည်း မွေးမြူခြင်းမှာ အမှန်တကယ် အဓိပ္ပါယ်ရှိကြောင်း သူမ နားလည်ခဲ့ရသလို HRM ဘွဲ့နဲ့ ဘွဲ့ရပြီး လယ်ယာလုပ်ငန်းခွင်မှာ ကျွမ်းကျင်မှုမရှိပေမယ့် သူမရဲ့ အလုပ်အကိုင်က ပြီးပြည့်စုံပြီး သူမအား ပျော်ရွှင်မှုကိုပေးစွမ်းခဲ့ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

Jennifer က သူမလုပ်ကိုင်တဲ့ ဟက်တာ ၂၉၀ ကျယ်ဝန်းတဲ့အေးချမ်းသာယာတဲ့ခြံကွင်းကို နှစ်သက်ကြောင်းလည်း ဝန်ခံခဲ့ပါတယ်။ သို့ပေမဲ့ ၎င်းအလုပ်မျိုးက နွားနို့ညှစ်ရန်နှင့် စက်ယန္တရားများ လည်ပတ်ရန်အတွက် နွားများကို ကိုင်တွယ်ရန် လိုအပ်တာကြောင့် ရုပ်ပိုင်းဆိုင်ရာ အလွန်ပင်ပန်းတဲ့အလုပ်တစ်ခုဖြစ်ပြီး သူမ ကျင့်သုံးရမဲ့ စိန်ခေါ်မှုများထဲမှ တစ်ခုက အလုပ်ချိန်ပိုကြာတာဘဲဖြစ်ပါတယ်။

သို့ပေမဲ့ Jennifer က ထိုလယ်ယာလုပ်ငန်း၌ စတင်လုပ်ကိုင်သူများက ၎င်းတို့ရဲ့ကျွမ်းကျင်မှုပေါ်မူတည်ပြီး တစ်လကို PHP 80,000 ( 28 သိန်း ကျော်) မှ PHP 100,000 ( 35 သိန်းကျော် )ရရှိလေ့ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ထို့ပြင် ဖိလစ်ပိုင်သူ နို့စားနွားမွေးမြူရေးသမားဖြစ်တဲ့ Jennifer ဟာ သူမရဲ့YouTube ချန်နယ်မှတစ်ဆင့် သူမရဲ့အတွေ့အကြုံများကိုလည်း မှတ်တမ်းတင်ပေးထားခဲ့ပြီး သူမဖော်ပြပေးခဲ့တဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံသားများစွာလည်း ၎င်းတို့ရဲ့စိတ်ထဲမှာရှိနေတဲ့ မတူညီတဲ့အသက်မွေးဝမ်းကြောင်းလမ်းကြောင်းအပေါ် အခွင့်အရေးယူတတ်ရန် စိတ်အားထက်သန်လာလိမ့်မယ်လို့လည်း မျှော်လင့်ထားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : ofwtambayan

Be the first to comment on "စစ်မှန်တဲ့ပျော်ရွှင်မှုကို ရှာဖွေကာ ရတဲ့ဘွဲ့နှင့် ထပ်တူမကျတဲ့ နို့ထွက်နွားမွေးမြူရေးလုပ်သားအဖြစ် ပြောင်းလဲလုပ်ကိုင်ခဲ့တဲ့ HRM ဘွဲ့ရ မိန်းကလေး"

Leave a comment

Your email address will not be published.


*