ငယ်သေးပေမဲ့ ဒုက္ခတွင်းမှ ရုန်းထွက်နိုင်ဖို့နဲ့ ညီမကို ပြုစုရန် အလုပ်လုပ်ခဲ့ရာ ကားမတော်တဆဖြစ်ခဲ့ရတဲ့ ၁၆နှစ်ကောင်လေး

ဘဝမှာ ငယ်သေးပေမဲ့ ဒုက္ခကနေ ရုန်းထဖို့ ကြိုးစားနေရပြီး ကြီးမားတဲ့ တာဝန်ကို ထမ်းဆောင်ရတဲ့ ကလေးတွေလည်း အများကြီး ရှိပါတယ် ။ ယခုဖော်ပြပေးမဲ့ အသက်၁၆နှစ်ကောင်လေးဖြစ်တဲ့T.ဟာ အခက်အခဲများစွာ ကြုံရပေမဲ့ ကံကောင်းထောက်မစွာ ဆွေမျိုးအသိုင်းအဝိုင်းထံမှ အချစ်ကို ရရှိခဲ့ပါတယ် ။ T. က မိဘများနဲ့ အကြာကြီးကွဲခဲ့ရပြီး သူနဲ့ ၁၁နှစ်အရွယ် သူ့ညီမလေး သူ့မိခင်ရဲ့မိသားစုနဲ့ အတူနေထိုင်ခဲ့တယ်လို့ Dan Tri မှဖော်ပြခဲ့ပါတယ် ။ T.က မိဘနှစ်ပါးလုံးနဲ့အတူ အလုပ်ကြမ်းထဲမှာ နစ်မြုပ်နေရပြီး ကျောင်းမတက်ရဘဲ သူ့ညီမကို ပြုစုစောင့်ရှောက်ဖို့ အလုပ်လုပ်နေရပါတယ် ။
ကောင်လေးက တောထဲသွားပြီး ထင်းသွားကောက်တာကနေ ပန်းရံအလုပ်တွေ လုပ်ခဲ့ရပါတယ် ။

.

ထို့နောက် ကံမကောင်းစွာနဲ့ အလုပ်သွားရင် မတော်တဆဖြစ်ပြီး ဆေးရုံးများ တက်ခဲ့ရပါတယ် ။ ဆေးရုံသို့ သွားရောက်ခဲ့ပြီး သူ့ရဲ့ကျောရိုးနဲ့ အခြားအင်္ဂါများစွာက ပုံမှန်အတိုင်းမဟုတ်တော့ပါဘူး ။ ယခုအချိန်မှာ T. ရဲ့ဘေးမှာ ရှိနေတဲ့ တစ်ဦးတည်းသောသူက အသက် ၁၈ နှစ်သာရှိသေးတဲ့ အန်တီ L.ဖြစ်ပါတယ် ။ သူ့တူငယ်ကို ချစ်တာကြောင့် အန်တီ L. က “ငါ့မိသားစုက ဆင်းရဲလွန်းပါတယ်။ သူ့အတွက် ကုသဖို့ ပိုက်ဆံက ကြင်နာတတ်တဲ့သူအပေါ်မှာပဲ မူတည်တယ်” လို့ ပြောပါတယ် ။

.

T. က ပုံမှန်ဘဝသို့ ဆက်လက်ရောက်ရန်နဲ့ သူ့ညီမကို ပြုစုစောင့်ရှောက်ရန် လူတိုင်းရဲ့အကူအညီကို မျှော်လင့်လျက် အမြဲမပြတ်တောင်းဆိုနေပါတယ် ။ T. ရဲ့အခက်အခဲကို စာနာစိတ်ဖြင့် ကျေးဇူးရှင်များစွာက သူနဲ့သူ့အန်တီကို ကူညီရန် လက်တွဲခဲ့ကြပါတယ် ။

.

အချိန်တိုအတွင်းမှာ ဒီ 16 နှစ်အရွယ် ကောင်လေးကို ကြင်နာသူတွေဆီက ဝမ်ငွေ သန်း 700 ထောက်ပံ့ခဲ့ပါတယ် ။ အဆိုပါ ကောင်လေးရဲ့ အခက်အခဲများက ဗီယက်နမ်အသိုက်အဝန်းအတွင်း ကြင်နာမှုနဲ့ ကရုဏာတရားများ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ် ။

Mia (Mckzone daily)

Reference : yan

Be the first to comment on "ငယ်သေးပေမဲ့ ဒုက္ခတွင်းမှ ရုန်းထွက်နိုင်ဖို့နဲ့ ညီမကို ပြုစုရန် အလုပ်လုပ်ခဲ့ရာ ကားမတော်တဆဖြစ်ခဲ့ရတဲ့ ၁၆နှစ်ကောင်လေး"

Leave a comment

Your email address will not be published.


*