ႏြားမ်ားကို နားၾကပ္နဲ႔ CRမ်က္မွန္မ်ား တပ္ဆင္ေပးျခင္းျဖင့္ ႏို႔အေရအတြက္ပိုမိုရရွိခဲ့ေၾကာင္း ေဖာ္ျပလာခဲ့တဲ့ လယ္သမားတစ္ဦး

တူရကီရွိ လယ္သမားတစ္ဦးဟာ သူ႔ရဲ႕ႏြားမ်ားအတြက္ ႏို႔ထြက္တိုးေစရန္ နားၾကပ္မ်ားနဲ႔ VR မ်က္မွန္မ်ားကို ဝယ္ယူခဲ့ၿပီး ႏို႔အရည္အေသြးနဲ႔ အေရအတြက္ ပိုမိုထုတ္လုပ္ႏိုင္ခဲ့ပါတယ္ ။ တူရကီျပည္တြင္းသတင္းမ်ားမွာ အဆိုပါေျဖရွင္းနည္းက ေကာင္းစြာအဆင္ေျပေၾကာင္းကို “နားၾကပ္မတပ္္ထားတဲ့ႏြားကို တစ္ေန႔လွ်င္ ႏို႔ပမာဏ ၂၂ လီတာရွိပါတယ္ ။ VR မ်က္မွန္နဲ႔ ႏြားႏွစ္ေကာင္က တစ္ေန႔လွ်င္ ႏို႔ပမာဏ ၂၇ လီတာအထိ ထုတ္ေပးပါတယ္ ” လို႔ လယ္ပိုင္ရွင္က ေျပာပါတယ္ ။

VR မ်က္မွန္က ႏြားတို႔ကို ေပ်ာ္႐ႊင္ေစၿပီး ပုံမွန္ထက္ ႏို႔ပိုထုတ္ႏိုင္ပါတယ္ ။ ၎တို႔မွာ စိုးရိမ္ပူပန္မႈ နည္းပါးၿပီး ႏြားမ်ား အျပန္အလွန္ ဆက္သြယ္မႈအတြက္ ပိုမိုေကာင္းမြန္တဲ့ စိတ္ဓာတ္လည္း ရွိပါတယ္ ။ VR နည္းပညာကိုလည္း ႐ုရွားလယ္သမားမ်ားမွ အသုံးျပဳလ်က္ရွိၿပီး တိရစာၦန္ေဆးကုဆရာဝန္မ်ားနဲ႔ ႏို႔ထြက္ပစၥည္းအတိုင္ပင္ခံမ်ားရဲ႕ အကူအညီျဖင့္ developer အဖြဲ႕တစ္ဖြဲ႕က ႏြားမ်ားအတြက္ အထူးျပဳလုပ္ထားတဲ့ မ်က္မွန္အ႐ြယ္အစားကို ဒီဇိုင္းထုတ္ထားၿပီး ႏြားတစ္ေကာင္ခ်င္းစီရဲ႕ မ်က္ႏွာပုံ အံဝင္ခြင္က်ျဖစ္ေစႏိုင္ပါတယ္ ။

JRose (Mckzone daily)

Reference : khaosod

Unicode

တူရကီရှိ လယ်သမားတစ်ဦးဟာ သူ့ရဲ့နွားများအတွက် နို့ထွက်တိုးစေရန် နားကြပ်များနဲ့ VR မျက်မှန်များကို ဝယ်ယူခဲ့ပြီး နို့အရည်အသွေးနဲ့ အရေအတွက် ပိုမိုထုတ်လုပ်နိုင်ခဲ့ပါတယ် ။ တူရကီပြည်တွင်းသတင်းများမှာ အဆိုပါဖြေရှင်းနည်းက ကောင်းစွာအဆင်ပြေကြောင်းကို “နားကြပ်မတပ််ထားတဲ့နွားကို တစ်နေ့လျှင် နို့ပမာဏ ၂၂ လီတာရှိပါတယ် ။ VR မျက်မှန်နဲ့ နွားနှစ်ကောင်က တစ်နေ့လျှင် နို့ပမာဏ ၂၇ လီတာအထိ ထုတ်ပေးပါတယ် ” လို့ လယ်ပိုင်ရှင်က ပြောပါတယ် ။

VR မျက်မှန်က နွားတို့ကို ပျော်ရွှင်စေပြီး ပုံမှန်ထက် နို့ပိုထုတ်နိုင်ပါတယ် ။ ၎င်းတို့မှာ စိုးရိမ်ပူပန်မှု နည်းပါးပြီး နွားများ အပြန်အလှန် ဆက်သွယ်မှုအတွက် ပိုမိုကောင်းမွန်တဲ့ စိတ်ဓာတ်လည်း ရှိပါတယ် ။ VR နည်းပညာကိုလည်း ရုရှားလယ်သမားများမှ အသုံးပြုလျက်ရှိပြီး တိရစ္ဆာန်ဆေးကုဆရာဝန်များနဲ့ နို့ထွက်ပစ္စည်းအတိုင်ပင်ခံများရဲ့ အကူအညီဖြင့် developer အဖွဲ့တစ်ဖွဲ့က နွားများအတွက် အထူးပြုလုပ်ထားတဲ့ မျက်မှန်အရွယ်အစားကို ဒီဇိုင်းထုတ်ထားပြီး နွားတစ်ကောင်ချင်းစီရဲ့ မျက်နှာပုံ အံဝင်ခွင်ကျဖြစ်စေနိုင်ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ႏြားမ်ားကို နားၾကပ္နဲ႔ CRမ်က္မွန္မ်ား တပ္ဆင္ေပးျခင္းျဖင့္ ႏို႔အေရအတြက္ပိုမိုရရွိခဲ့ေၾကာင္း ေဖာ္ျပလာခဲ့တဲ့ လယ္သမားတစ္ဦး"

Leave a comment

Your email address will not be published.


*