ထိုင်းနိုင်ငံက Dong Tong ဆိုတဲ့ ကောင်လေးဟာ”ဆရာဝန်များ” ရှိတဲ့ မိသားစုမှ မွေးဖွားလာခဲ့ပြီး Dong Tong ရဲ့မိခင်က အစပိုင်းမှာ Dong Tong ကို လူကြီးရဲ့ခြေရာ လိုက်ဖို့ မျှော်လင့်ခဲ့ပါတယ် ။ မိသားစုရှိ မွေးချင်းငယ်များက ဆေးကျောင်းသား၊ ဆရာဝန်များ ဖြစ်ကြသော်လည်း Dong Tong ရဲ့ နှလုံးသားထဲမှာ ဆရာဝန် လုံးဝမဖြစ်ချင်ခဲ့ပါဘူး ။ ထို့ကြောင့် အထက်တန်းကျောင်းတက်စဉ်မှာ Dong Tong က အထူးပညာရေးကို အလွန်ခက်ခဲစွာ တက်ခဲ့ရပါတယ် ။ 4 တန်းအထိ နေ့တိုင်း စာကျက်ရပြီး ခက်ခက်ခဲခဲ စာကျက်ရင်း သူ့ကိုယ်သူ ဖိအားတွေပေးကာ လမ်းလွဲသွားပြီး လူမိုက်ကလေးအဖြစ်နဲ့ ကျောင်းပျက်၊ အိမ်မပြန်ဘဲ သူငယ်ချင်းများနဲ့ဘဲ အချိန်ကုန်နေခဲ့ပါတယ် ။
.
ဒါပေမယ့် သူ့အမေက အထူးပညာရေးအတွက် ပေးဆပ်ခဲ့ရလို့ နောင်တရမိလို့ စိတ်ဖိစီးပြီး အပြစ်ရှိတယ်လို့ ခံစားမိတဲ့အထိ တွေးခဲ့မိပါတယ် ။ ဒါပေမယ့် Dong Tong ကတော့ သူ့အမေရဲ့ အိပ်မက်တွေကို စွန့်ပြီး မျှော်လင့်ချက်တွေ နဲ့ လမ်းပေါ်ထွက်ခဲ့ပါတယ် ။ အဲဒါက Dong Tong ကို ပြင်းပြင်းထန်ထန် တွန်းအားဖြစ်စေပါတယ် ။
.
Dong Tong က သရုပ်ဆောင်ပိုင်းကို ဝါသနာပါပြီး ဖျော်ဖြေရေးလမ်းကြောင်းကို ရွေးချယ်တဲ့အကြောင်း မိခင်ဖြစ်သူနဲ့ ဆွေးနွေးခဲ့ပါတယ် ။ အမေက အစပိုင်းမှာ သဘောမတူပေမဲ့ ကြယ်ပွင့်ပြိုင်ပွဲကို ဝင်ခွင့်ပေးပါတယ် ။
.
ဒါပေမယ့် Dong Tong က ချစ်မြတ်နိုးပြီး ဖျော်ဖြေရေးနယ်ပယ်မှာ အလုပ်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတာကြောင့် မိခင်က ပံ့ပိုးပေးဖို့နဲ့ ငါ့ကလေးရဲ့ ပျော်ရွှင်မှုလို့ မြင်ပြီး အပြည့်အဝ တွန်းအားပေးခဲ့ပါတယ် ။ Dong Tong က The Star Search Fah ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခြင်းအတွက် လူသိများပြီး ကျော်ကြားသူဖြစ်လာကာ အဲဒီနောက်မှာတော့ ဓာတ်ပုံပညာကို စိတ်ဝင်စားပြီး အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပါတယ် ။
.
The One Enterprise လက်အောက်ရှိ အပြည့်အဝသရုပ်ဆောင်တစ်ဦးဖြစ်လာတဲ့အထိ ကြော်ငြာများ ဆက်တိုက်ထွက်နေပါတယ် ။ Dong Tong လို ဖိအားများစွာနဲ့ ဖြတ်သန်းခဲ့ရတဲ့ ဆယ်ကျော်သက် အနည်းငယ်မျှ ရှိပါလိမ့်မယ် ။
.
ဒါကြောင့် Dong Tong က “ကျေးဇူးပြုပြီး တိုက်ပွဲဝင်ပါ၊ စိတ်ဓာတ်မကျပါနဲ့။ မင်းလက်လျှော့ရင် မင်းဘဝကောင်းမှာ မဟုတ်ဘူး။ ရှေ့မှာ ဘာဖြစ်နေပါစေ၊ ဘယ်လောက်ဆိုးနေပါစေ အဲဒါကို အကောင်းဆုံး တွန်းလှန်လိုက်ပါ။” အကြံဉာဏ်တချို့ပေးခဲ့ပါတယ် ။ဆယ်ကျော်သက်များရဲ့ အတွေးအမြင်များကို ရောင်ပြန်ဟပ်တဲ့ Dong Tong ရဲ့ဘဝအပြင်၊ မိဘများကိုယ်တိုင်အတွက်၊ သားသမီးက သူတို့ရဲ့ကိုယ်ပိုင်ဘဝလမ်းကြောင်းကို ရွေးချယ်ရန် တောင်းဆိုနေတဲ့ ဆယ်ကျော်သက်များရဲ့ ကိုယ်စားလှယ်တစ်ဦးရဲ့ ပဲ့တင်သံဘဲ ဖြစ်ပါတယ် ။
JRose (Mckzone daily)
Reference : sanook
Be the first to comment on "တစ်ချိန်က သူ့မိသားစုရဲ့ဖိအားပေးမှုကြောင့် ရိုင်းစိုင်းတဲ့ကလေးဖြစ်လာတဲ့အထိ အရမ်းဆိုးခဲ့တဲ့ ကောင်မလေးတို့ရဲ့အသည်းစွဲ ကြယ်ပွင့်လေးတစ်ဦး"