ကိုယ်ဝန်သည်ခွေးလေခွေးလွင့်တစ်ကောင်ကို ကယ်တင်ခဲ့ပြီး ခွေးမရဲ့ကြည်နူးစရာ မီးဖွားပုံကို ရိုက်ကူးပေးခဲ့တဲ့ တိရစ္ဆာန်ဂေဟာအဖွဲ့များ

Mama Pickles လို့ အမည်ပေးထားတဲ့ အသက် ၂ နှစ်အရွယ် ကိုယ်ဝန်သည် ခွေးမတစ်ကောင်ဟာ လမ်းမတွေပေါ်မှာ ပျံ့လွင့်နေတာကို တွေ့ရှိခဲ့ပါတယ် ။ တိရစ္ဆာန်ထိန်းအရာရှိများက သူမရဲ့ပိုင်ရှင်များကို ရှာဖွေတွေ့ရှိခဲ့ပြီး အရာများက ကြေကွဲဖွယ်ရာအလှည့်အပြောင်းဖြစ်ခဲ့ပါတယ် ။ ခွေးမလေးရဲ့ပိုင်ရှင်တွေက သူမကို မလိုချင်တော့ဘဲ သူမနဲ့ မမွေးသေးတဲ့ကလေးကို ဒေသခံတိရစ္ဆာန်ဂေဟာမှာ ထားခဲ့တယ်လို့ ဆိုပါတယ် ။ သူမမှာ ကိုယ်ဝန်အရမ်းရင့်နေပြီးဖြစ်တာကြောင့် ဂေဟာက သူမကို ပိုကောင်းတဲ့နေရာမှာ ထိန်းသိမ်းခဲ့ပါတယ် ။

.

Pits And Giggles Rescue အဖွဲ့က ကိုယ်ဝန်ဆောင်နဲ့ နို့စို့ခွေးများကို သူနေထိုင်ရာနေရာများမှ ကယ်တင်ပြီး ကလေးများကို ကမ္ဘာသို့ ခေါ်ဆောင်လာရန် လိုအပ်သော စောင့်ရှောက်မှုများ ပေးဆောင်ကြပါတယ် ။

.

Lauren အမည်ရှိ ဓာတ်ပုံဆရာက လေလွင့်ခွေးတွေအတွက် ဓာတ်ပုံများရိုက်ပေးတဲ့ စေတနာ့ဝန်ထမ်းဖြစ်ပါတယ် ။ Pits And Giggles ကယ်ဆယ်ရေးအဖွဲ့တွေက Lauren ကို ဆက်သွယ်ပြီး သူမကို မြင်ဖူးသမျှထဲမှာ ဂုဏ်အယူဆုံးအမေဖြစ်ကြောင်းနဲ့ အဖိုးတန်အချိန်တွေကို ဖမ်းယူချင်တယ်လို့ Mama အကြောင်းကို ဓာတ်ပုံဆရာဆီ ပြောပြခဲ့ပါတယ် ။

.

ပထမဆုံး ဓာတ်ပုံရိုက်ပြီးတာနဲ့ Mama Pickles ဟာ သူ့ရဲ့ခွေးပေါက်လေးတွေကို မွေးဖွားခဲ့ပါတယ် ။ သူမက ပြီးပြည့်စုံတဲ့ အမျိုးသမီးခွေးပေါက်လေး ၈ ကောင်ကို မွေးဖွားခဲ့ပြီး နောက်ဆက်တွဲ ဓာတ်ပုံ ရိုက်ကူးရိုက်ကူးခဲ့ပါတယ် ။ သူမရဲ့ အပြုံးက ယခင်ကထက် ပိုကြီးမားပြီး ဂုဏ်ယူစရာပင်ဖြစ်တာကြောင့် လူတိုင်းက ပျော်ရွှင်စရာကောင်းတဲ့ ဒီအဖြစ်လေးကို နှစ်သက်ကြပြီး ဆိုရှယ်မီဒီယာပေါ်ရှိ လူများက Mama Pickles ရဲ့ ဓာတ်ပုံရိုက်ကူးခြင်းကို နှစ်သက်ကြပါတယ် ။ Lauren နဲ့ Pitts And Giggles တို့မှ ဝန်ထမ်းများအားလုံး Mama Pickles လို့ ခွေးလေခွေးလွင့်ကို ပိုမိုကောင်းမွန်တဲ့ဘဝတစ်ခု ဖန်တီးပေးနိုင်တဲ့အတွက် ကျေးဇူးတင်မိပါတယ် ။

JRose (Mckzone daily)

Reference : buzznicked

Be the first to comment on "ကိုယ်ဝန်သည်ခွေးလေခွေးလွင့်တစ်ကောင်ကို ကယ်တင်ခဲ့ပြီး ခွေးမရဲ့ကြည်နူးစရာ မီးဖွားပုံကို ရိုက်ကူးပေးခဲ့တဲ့ တိရစ္ဆာန်ဂေဟာအဖွဲ့များ"

Leave a comment

Your email address will not be published.


*