မုန့်လှန်နည်းကို ကျွမ်းကျင်စွာလုပ်ကိုင်နိုင်ခြင်းကြောင့် လူအများအံ့ဩခဲ့ရပြီး တစ်နေ့ကို မုန့်အချပ် ၅၀ မှ ၆၀ အထိလုပ်နိုင်တဲ့ ၇နှစ်အရွယ်မိန်းကလေး

မလေးရှားနိုင်ငံ Perlis ပြည်နယ်မှ အသက် ၇ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ သူမရဲ့ Roti Canai လှန်လှောခြင်းကျွမ်းကျင်မှုဖြင့် မလေးရှားနိုင်ငံသားများကို အံ့သြသွားစေခဲ့ပြီး မကြာသေးမီက ပျံ့နှံ့သွားခဲ့ပါတယ် ။ သတင်း ရဲ့ အဆိုအရ Yusra Asna Ruslin အမည်ရှိ မိန်းကလေးငယ်ဟာ သူမရဲ့မိဘများဖြစ်တဲ့ Ruslin Meli နဲ့ Yuwita Shuib ထံမှ Roti Canai လှန်နည်းကို လွန်ခဲ့တဲ့ ၃လခန့်က သင်ယူခဲ့တာပါ ။ မိသားစုက Perlis ပြည်နယ်ရှိ Balai Baru အသွားအလာလမ်းဆုံအနီးမှာ တည်ရှိတဲ့ ‘Uwita Enterprise’ လို့ခေါ်တဲ့ ဈေးဆိုင်တစ်ခုဖွင့်ထားပါတယ် ။ အင်တာဗျူးတစ်ခုမှာ Yusra က အစပိုင်းမှာ သင်ယူရန်ခက်ခဲသော်လည်း အကြိမ်ပေါင်းများစွာ လေ့ကျင့်ပြီးနောက်မှာတော့ Roti Canai ကို လှန်လှောခြင်းအား ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ် ။

.

ယခုအခါ သူမက ဈေးဆိုင်မှာ တစ်ရက်လျှင် Roti Canai အလုံး ၅၀ မှ ၆၀ အထိ ပြုလုပ်နေပြီး တနင်္လာနေ့နဲ့ အင်္ဂါနေ့မှလွဲ၍ နေ့စဉ် နံနက် ၆ နာရီမှ ၁၁ နာရီအထိ အရောင်းကုပ်မှာ အလုပ်လုပ်တာကို တွေ့မြင်နိုင်ပါတယ် ။ သူ့အဖေရဲ့ အဆိုအရတော့ သူ့သမီးလေးကို ဒီစီးပွားရေးလုပ်ကိုင်စေခဲ့တာက ကလေးတို့ကို ဖုန်းအလွန်အကျွံကြည့်ခြင်းမှ ဖယ်ရှားရန် နည်းလမ်းလည်းဖြစ်ပါတယ် ။

.

Yusra စတင်သင်ကြားချိန်မှာ ပျက်စီးသွားတဲ့ ရိုတီ Canai အများအပြားရှိကြောင်း အင်တာဗျူးမှာ ဝန်ခံခဲ့ပါတယ် ။ ဒါပေမဲ့ သူမက ဘယ်သောအခါမှ စိတ်ပျက်အားလျော့မှု မခံစားခဲ့ရဘဲ သူ့အမေထံမှ ဆက်လက်သင်ယူခဲ့ပါတယ် ။

.

Yusra ကလည်း သူမက တစ်နေ့မှာ သူမရဲ့ဖခင်နဲ့အတူ ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်ရန် စိတ်ကူးထားကြောင်းလည်း ဖော်ပြခဲ့ပါတယ် ။ အင်တာနက်သုံးစွဲသူတွေကတော့ သူမရဲ့ အရည်အချင်းကို သဘောကျခဲ့ကြပါတယ် ။ Yusra ရဲ့ဖခင်က သူ့ရဲ့ TikTok စာမျက်နှာမှာ Roti Canai ပြုလုပ်တဲ့ ဗီဒီယိုအချို့ကိုလည်း မျှဝေခဲ့ပါတယ် ။ ဗီဒီယိုများမှာ သမီးဖြစ်သူ Yusra ရဲ့ စွမ်းရည်များကို ချီးကျူးတဲ့ အင်တာနက်အသုံးပြုသူများရဲ့ မှတ်ချက်များဖြင့် ပြည့်နှက်နေပါတယ် ။

JRose (Mckzone daily)

Reference : worldofbuzz

Be the first to comment on "မုန့်လှန်နည်းကို ကျွမ်းကျင်စွာလုပ်ကိုင်နိုင်ခြင်းကြောင့် လူအများအံ့ဩခဲ့ရပြီး တစ်နေ့ကို မုန့်အချပ် ၅၀ မှ ၆၀ အထိလုပ်နိုင်တဲ့ ၇နှစ်အရွယ်မိန်းကလေး"

Leave a comment

Your email address will not be published.


*