ချစ်လှစွာသော ခွေးလေးအတွက် မွေးနေ့ပွဲကျင်းပပေးရန် ဒရုန်းအစင်း 520 ကို ငှားရမ်းပြီး ဘတ်ဂျတ်ငွေ သန်းဝက်ခန့် အကုန်ကျခံခဲ့တဲ့ အမျိုးသမီး
JRose (Mckzone daily)
Reference : khaosod
Unicode
အိမ်မွေးတိရိစ္ဆာန်များအတွက် မွေးနေ့ပါတီများ စီစဉ်ပေးခြင်းက ယနေ့ခေတ်မှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ ။ ဒါပေမယ့် အဲဒီအိမ်မွေးတိရစ္ဆာန်ရဲ့ မွေးနေ့ပွဲကြီးအတွက် ပိုက်ဆံအများကြီးသုံးတာကတော့ မရှိသလောက်ပါဘဲ ။ မကြာသေးမီက၊ တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်မှ အမျိုးသမီးတစ်ဦးဟာ လေယာဉ်ဒရုန်းအစင်း 520 ကို ငှားရမ်းပြီး သူမရဲ့ Touto အမည်ရှိခွေးလေးရဲ့ မွေးနေ့ပွဲအတွက် ယွမ်ငွေ 100,000 (ဘတ်ငွေ 520,000 ခန့်) ဖြင့် သူမရဲ့ခွေးကို ချစ်ကြောင်းပြသရန် အထူးကျင်းပပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။
အစီရင်ခံချက်များအရ ပျံသန်းနေတဲ့ ဒရုန်းများကို ခွေးလေးရဲ့ပုံစံနဲ့ အရိုးပုံကို လက်ဆောင်သေတ္တာအဖြစ် ပုံဖော်ထားပါတယ် ။ ဖယောင်းတိုင်တွေလည်းထွန်းပြီး “ပျော်ရွှင်စရာ 10 နှစ်ပြည့် မွေးနေ့ဖြစ်ပါစေ Touto” ဆိုတဲ့ စာသားလည်း ရေးထားပါတယ် ။ ‌ဘာကြောင့် ဒရုန်းအစင်း 520 ကို ဌားရမ်းတာလဲလို့ တချို့က သံသယရှိတဲ့အခါ 520 က တရုတ်စကားအရ “Wo Ai Ni (ဝေါ်အိုက်နီ)” ဖြစ််ပြီး”ငါမင်းကိုချစ်တယ်” လို့ အဓိပ္ပါယ်ရပါတယ် ။ 520 ဟာ ချစ်ခြင်းမေတ္တာကို ဖော်ပြရာမှာ ရေပန်းစားတဲ့ တရုတ်ဘာသာစကားတစ်ခု ဖြစ်ပါတယ် ။
JRose (Mckzone daily)
Be the first to comment on "ချစ်လှစွာသော ခွေးလေးအတွက် မွေးနေ့ပွဲကျင်းပပေးရန် ဒရုန်းအစင်း 520 ကို ငှားရမ်းပြီး ဘတ်ဂျတ်ငွေ သန်းဝက်ခန့် အကုန်ကျခံခဲ့တဲ့ အမျိုးသမီး"
Leave a comment
Your email address will not be published.
*