ပုံမှန်လင်းနို့များနဲ့မတူဘဲ အဖြူရောင်အဆင်းရှိနေတဲ့ မယုံနိုင်အောင် အလွန်သေးငယ်လွန်းတဲ့ မိုးသစ်တောရှိ ချစ်စရာလင်းနို့ကောင်လေးများ (ရုပ်သံ)

albino ရောဂါကြောင့်မဟုတ်တဲ့ သဘာဝအဖြူရောင် လင်းနို့များကို မြင်ဖူးကြဖူးပါသလားဗျာ။ ၎င်းတို့ဟာ ၎င်းတို့ရဲ့မျိုးစိတ်ရှိ အခြားသောလင်းနို့များကဲ့သို့ ဖြူသောအမွေးနှင့် အရေပြားဖြင့် မွေးဖွားလာခဲ့ကြပါတယ်။ ဤထူးခြားသောသတ္တဝါများဟာ သဘာဝတရားကြီးမှာ မရှိဘူးလို့ လူအချို့က ထင်ကောင်းထင်သွားနိုင်ပါတယ်။ ဒါပေမယ့် Honduran white bat လို့ခေါ်တဲ့ ဒီလင်းနို့ဖြူများက လူအများထံ မိတ်ဆက်ပေးဖို့ ထိုက်တန်နေပါတယ်။ ပရော်ဖက်ရှင်နယ် ငှက်ဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ Supreet Sahoo ဟာ Costa Rica မိုးသစ်တော၌ ဤလင်းနို့ဖြူများကို တွေ့ရှိခဲ့ပြီး ၎င်းရဲ့ကင်မရာမှာ ဖမ်းယူရိုက်ကူးထားမိခဲ့တာပါ။

ဤလင်းနို့ဖြူများကို Caribbean white tent-making bat နှင့် Cotton ball-bat ဟူသော အမည်များဖြင့်လည်း ခေါ်ကြပါတယ်။

Honduran လင်းနို့ဖြူကောင်တွေဟာ ကင်မရာထဲမှာတော့ အဖြူရောင်မရှိဘဲ အပြာဖျော့ရောင်နှင့် အစိမ်းရောင် နားရွက်နှင့် လက်များရှိနေတာကို တွေ့မြင်နိုင်ပါတယ်။ ၎င်းတို့က အလွန်ကို သေးငယ်လွန်းပြီး ယခုမြင်နေရတဲ့ပုံတွေက ဒီလင်းနို့တွေရဲ့အကြီးဆုံး အရွယ်အစားဘဲဖြစ်ပါတယ်။

အထီးနှင့် အမ အရွယ်အစားကတော့ သိပ်မကွာခြားပါဘူး။ Honduran လင်းနို့ဖြူများကို Central America မှာရှိတဲ့နိုင်ငံများဖြစ်တဲ့ Costa Rica ၊ Honduras ၊ Nicaragua နှင့် Panama တို့မှာ တွေ့ရှိနိုင်ပါတယ်။ ၎င်းတို့ကို ထောက်လှမ်းရန် အလွန်ခက်ခဲပြီး ယခုအခါ IUCN စာရင်းမှာ မျိုးသုန်းလုနီးပါး တိရိစ္ဆာန်စာရင်းဝင်နေပါပါတယ်။

ဓာတ်ပုံဆရာ Supreet ဟာ တစ်သက်မှာ တစ်ကြိမ်သာ တွေ့နိုင်တဲ့ ထိုအခွင့်အရေးကို ရရှိခဲ့ပြီး သူဟာ Costa Rica နိုင်ငံရှိ မိုးသစ်တောတစ်ခုတွင် လမ်းလျှောက်ရင်း ဓာတ်ပုံရိုက်နေစဉ် ဤချစ်စရာကောင်းတဲ့ အမိုက်စားလေးများကို တွေ့ရှိခဲ့တာဘဲဖြစ်ပါတယ်။

ဤချစ်စရာကောင်းသော ချစ်စဖွယ် အကောင်ငယ်လေးတွေဟာ Heliconia ပန်းပင်ရဲ့ အရွက်များအောက်မှာ ရှိနေကြတာကို တွေ့ခဲ့ရပြီး ၊၎င်းတို့ဟာ လင်းနို့ ၆-၇ ကောင်ခန့် အုပ်စုငယ်တစ်ခုဖြင့် အိပ်တန်းတက်ကာ ငြိမ်သက်စွာနေထိုင်နေခဲ့ကြပါတယ်။

၎င်းတို့ရဲ့အစားအစာနှင့်ပတ်သက်ပြီး ဤလင်းနို့ဖြူများဟာ ၎င်းတို့ရဲ့ ဘဝတစ်လျှောက်လုံး နေထိုင်သည့် အရွက်များကိုသာ ကျက်စားကြပါတယ်။ ဒီတော့ ချစ်စရာကောင်းပြီး မယုံနိုင်အောင် အလွန်သေးငယ်လွန်းတဲ့ အဖြူရောင် Honduran လင်းနိ့ကောင်လေးတွေကို အောက်က ဗီဒီယိုမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်ဗျ ။

Mia (Mckzone daily)

Reference : aubtu

Be the first to comment on "ပုံမှန်လင်းနို့များနဲ့မတူဘဲ အဖြူရောင်အဆင်းရှိနေတဲ့ မယုံနိုင်အောင် အလွန်သေးငယ်လွန်းတဲ့ မိုးသစ်တောရှိ ချစ်စရာလင်းနို့ကောင်လေးများ (ရုပ်သံ)"

Leave a comment

Your email address will not be published.


*