အသက် ၉၅ နှစ်အရွယ် အမျိုးသမီးအား သူမရဲ့အပန်းဖြေခရီးစဉ်ကာလအတွင်း နေ့စဉ် ကမ်းခြေသို့ ပွေ့ချီသယ်ဆောင်သွားပေးခဲ့ကြတဲ့ ကမ်းခြေစောင့်အသက်ကယ်ဝန်ထမ်းများ

လူတိုင်းဟာ အသက်အရွယ်နှင့် အခြေအနေအရ ကမ်းခြေအပန်းဖြေခရီးကို ပျော်ရွှင်စွာ ဖြတ်သန်းသင့်ပါတယ်။ လှိုင်းတံပိုးတွေနဲ့ အဆုံးမရှိတဲ့ မိုးကုပ်စက်ဝိုင်းကို မြင်နေရတာက ဘဝရဲ့ ပျော်ရွှင်စရာတွေထဲက တစ်ခုပါ။ အမေရိကန် Alabama ပြည်နယ် Orange ကမ်းခြေရှိ အသက်ကယ်စောင့်များဟာ ဧည့်သည်တစ်ဦးမှ သူမရဲ့ခြေချောင်းများကို သဲထဲသို့ထိုးထည့်ဖို့ အခက်အခဲမရှိစေရန် ကတိကဝတ်ပြုထားခဲ့ကြပါတယ်။ Dottie Schneider အမည်ရှိအမျိုးသမီးဟာ အသက် 95 နှစ်ရှိပြီဖြစ်ပြီး 2021 ခုနှစ် အောက်တိုဘာလမှာ ၎င်းရဲ့သမီးနှင့်အတူ အားလပ်ရက်ခရီးထွက်ရင်း သီးသန့်အသက်ကယ်စောင့်အဖွဲ့တစ်ဖွဲ့က သူမအား ကမ်းခြေသို့ နေ့စဉ် သယ်ဆောင်သွားပေးခဲ့ကြပါတယ်။

ထိုနေ့မှာ Scheider ဟာ သူမရဲ့သမီး Kimberly Waterbury နှင့်အတူ ပင်လယ်ကွေ့ကမ်းခြေမှာ အပန်းဖြေအနားယူရန် မျှော်လင့်နေချိန် သူမအမှန်တကယ် ကမ်းခြေသို့ရောက်ရန် မဖြစ်နိုင်ကြောင်း သူမသဘောပေါက်လာခဲ့ပါတယ်။ အသက်ကြီးရင့်လှပြီဖြစ်တဲ့ Scheider ဟာ ဘီးတပ်ကုလားထိုင်ကို အသုံးပြုပြီး ထိုနေရာသို့ ရောက်ရန် မဖြစ်နိုင်သလို လမ်းလျှောက်ခြင်းကလည်း Scheider အတွက် ရွေးချယ်စရာတစ်ခု မဟုတ်နေခဲ့ပါဘူး။

သို့ပေမဲ့ ကမ်းခြေဘေးကင်းရေးဌာနခွဲမှ အသက်ကယ်စောင့်တစ်ဦးက Scheider နှင့် Waterbury ကမ်းခြေကမ်းစပ်သို့ လှည့်ပတ်ရန် ကြိုးပမ်းနေသည်ကို တွေ့ပြီး ၎င်းတို့အား အကူအညီပေးရန် ကမ်းလှမ်းခဲ့ပါတယ်။

ပထမတော့ ၎င်းအသက်ကယ်သမားက Scheider ကို သူ့ရဲ့ကမ်းခြေကင်းလှည့်ယာဉ်မှာ စီးခိုင်းပြီး သဲများရှိရာနေရာကို ပွေ့ချီသွားပေးခဲ့ပါတယ်။ ဒါပေမယ့် ကုသိုလ်ကောင်းမှုကတော့ ရပ်တန့်မသွားပါဘူး။ အမျိုးသမီးနှစ်ဦးနှင့် စကားပြောပြီးနောက်မှာ အသက်ကယ်စောင့်က ၎င်းတို့သားအမိက တစ်ပတ်ကြာမျှ ကမ်းခြေမှာ ရှိနေမှာကိုသိလိုက်ရတဲ့အတွက် နေ့တိုင်း Scheider ကို ကမ်းခြေသို့သွားဖို့ အဆင်သင့်ဖြစ်တဲ့အချိန်တိုင်း ၎င်းတို့ကို အကူအညီလှမ်းတောင်းရန်အတွက် ၎င်းတို့ရဲ့ရုံးနံပါတ်ကို ပေးခဲ့ပြန်ပါတယ်။ ၎င်းနှင့်ပတ်သက်ပြီး Orange Beach Surf Rescue ဟာ ၎င်းတို့ရဲ့ဆိုရှယ်မီဒီယာအကောင့်တွေမှာ အပြန်အလှန်တုံ့ပြန်မှုဆိုင်ရာ ဓာတ်ပုံအချို့ကို မျှဝေခဲ့ပါတယ်။

အသက်ကယ်ဝန်ထမ်းတွေဟာ ပြည်သူ့ဝန်ထမ်းတွေဖြစ်ပြီး ဒီဝန်ဆောင်မှုကို ပံ့ပိုးကူညီပေးရတာ မပျော်ရွှင်ဘဲမနေနိုင်ခဲ့ကြပါဘူး။ အသက် 95 နှစ်အရွယ် မစ္စ Dottie Schneider ဟာ မကြာသေးမီကမှ ကမ်းခြေကိုပျော်မွေ့ရန်မျှော်လင့်ချက်ဖြင့် ကျွန်တော်တို့ Orange Beach မှာလာရောက်လည်ပတ်ခဲ့ပေမဲ့လည်း သဲမြေပေါ် သူမကိုယ်တိုင်လမ်းလျှောက်နိုင်ခြင်းမရှိခဲ့ကြောင်း ပို့စ်တစ်ခုမှ ပြောကြားခဲ့ပါတယ်။

ထို့ပြင် ၎င်းဝန်ဆောင်မှုဟာ Schneider တို့သားအမိရဲ့အားလပ်ရက်အတွက် ခြားနားစေခဲ့ပြီး ၊” Orange Beach Surf Rescue မှာရှိတဲ့ အမျိုးသားဝန်ထမ်းတွေအတွက် ကျွန်မတို့ ထာဝရကြွေးတင်နေပါပြီ ၊ သူတို့က ကျွန်မရဲ့အမေကို ထူးခြားစေတယ်။ ဘယ်သူ့ကိုမှ ဝန်ထုပ်ဝန်ပိုးဖြစ်စေသလို ခံစားရအောင် သူမကို မခံစားစေခဲ့ပါဘူး။ ” ဟု သမီး Waterbury မှ ပြောကြားခဲ့ပါတယ်။

ထို့ပြင် “ ဒါဟာ မှော်ဆန်တယ်။ Disney World ကိုသွားရတာထက် ပိုကောင်းတယ် ၊ ဒီအမျိုးသားတွေက ကျွန်မတို့အတွက် အတောင်ပံမပါတဲ့ နတ်သားတွေပါဘဲ ၊ အားလုံးက တကယ်ကို ဂရုစိုက်ပေးခဲ့ကြတယ် ၊ အခုတော့ ကျွန်မတို့သားအမိက Orange Beach ကို နောက်တစ်ချိန်ပြန်သွားဖို့ မစောင့်နိုင်တော့ဘူး ။ ” ဟု သမီးဖြစ်သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : mymodernmet

Be the first to comment on "အသက် ၉၅ နှစ်အရွယ် အမျိုးသမီးအား သူမရဲ့အပန်းဖြေခရီးစဉ်ကာလအတွင်း နေ့စဉ် ကမ်းခြေသို့ ပွေ့ချီသယ်ဆောင်သွားပေးခဲ့ကြတဲ့ ကမ်းခြေစောင့်အသက်ကယ်ဝန်ထမ်းများ"

Leave a comment

Your email address will not be published.


*