အျမစ္မွ ထိပ္အထိအဆက္မျပက္သီးေနတဲ့ သေဘၤာသီးကို တစ္ပင္လွ်င္ ေဒၚလာ ၈၈၀ ျဖင့္ ေရာင္းခ်ေနတဲ့ ဥယ်ာဥ္မႉး

ပုံမွန္ သေဘၤာသီးပင္နဲ႔ မတူဘဲ ဘြန္ဆိုင္း သေဘၤာသီးက အျမစ္မွ ထိပ္အထိ သီးေနပါတယ္ ။ ဥယ်ာဥ္မႉး အမ်ားအျပားက အိုးထဲမွာ စိုက္ထားေသာ္လည္း အသီးက သီးေနဆဲျဖစ္ၿပီး ထိပ္မွာပင္ ပန္းပြင့္ၿပီး အသီးမ်ား သီးေနဆဲျဖစ္ပါတယ္ ။ အပင္တစ္ပင္လွ်င္ အသီး ၁၀၀ ကီလိုဂရမ္ေက်ာ္ အသီးမ်ား သီးႏိုင္ၿပီး ၆ ကီလိုဂရမ္ အေလးခ်ိန္ရွိတဲ့ အသီးမ်ားပင္ ျဖစ္ပါတယ္ ။ ဗီယက္နမ္ႏိုင္ငံ၊ Dan Nhiem ႐ြာက ဥယ်ာဥ္ပိုင္ရွင္ မစၥတာ NVD ဟာ သေဘၤာသီးက 7 လပိုင္းေလာက္မွာ ပုံမွန္အားျဖင့္ ေသတတ္တယ္လို႔ ရွင္းျပပါတယ္ ။ ထို႔ေၾကာင့္ လ်င္ျမန္စြာ အသီးမ်ားသီးလာေစရန္ ဂ႐ုျပဳျခင္းက ခက္ခဲတဲ့ျပႆနာတစ္ခုျဖစ္လာပါတယ္ ။

ယခုအခ်ိန္အထိ စိုက္ပ်ိဳးသူမ်ားက လုံး၀ ေက်ာ္လႊားရန္ နည္းလမ္းမရွာရေသးတဲ့ ပ်က္စီးေနတဲ့ သ‌ေဘၤာပင္မ်ားရဲ႕ ရာခိုင္ႏႈန္းအမ်ားအျပားကို ရင္ဆိုင္ေနရဆဲျဖစ္ပါတယ္ ။ Mr. D. ရဲ႕ အဆိုအရ သေဘၤာပင္ ရာနဲ႔ခ်ီ စိုက္ပ်ိဳးခဲ့ေသာ္လည္း ကံေကာင္းေထာက္မစြာပင္ အခ်ိဳ႕ေသာသစ္ပင္မ်ားက အသက္ရွင္က်န္ရစ္ခဲ့ပါတယ္ ။ ထိုင္းသေဘၤာသီးေစ့ ပ်ိဳးခင္း အိုး ၃၀၀ မွာ ယခုအခါ အိုး ၄၀ သာ က်န္ရွိေတာ့ေၾကာင္း အျခား ဥယ်ာဥ္ပိုင္ရွင္ မစၥတာ H.D.C. က ေျပာပါတယ္ ။

ဒါေပမဲ့ စံခ်ိန္မီ ေကာင္းမြန္တဲ့ အိုး ၁၀ လုံးသာ ရွိၿပီး အိုးတစ္လုံးလွ်င္ ေဒၚလာ ၈၈၀ ျဖင့္ ေရာင္းခ်ကာ ေစ်းအသက္သာဆုံး အိုးမွာ ေဒၚလာ ၂၂၀ ျဖစ္ပါတယ္ ။ အရမ္းေစ်းႀကီးေပမယ့္ ဒီဘြန္ဇိုင္းသေဘၤာသီးေတြ အကုန္ေရာင္းေကာင္းေနပါတယ္ ။ အသီးမ်ားက အျမစ္မွ သီးလာတဲ့အျပင္ ဘြန္ဇိုင္း သေဘၤာသီးမွာ ပိုးသတ္ေဆး အသုံးမျပဳတာေၾကာင့္ အလြန္သန႔္ရွင္းၿပီး ေဘးကင္းပါတယ္ ။

JRose (Mckzone daily)

Reference : yan

Unicode

ပုံမှန် သင်္ဘောသီးပင်နဲ့ မတူဘဲ ဘွန်ဆိုင်း သင်္ဘောသီးက အမြစ်မှ ထိပ်အထိ သီးနေပါတယ် ။ ဥယျာဉ်မှူး အများအပြားက အိုးထဲမှာ စိုက်ထားသော်လည်း အသီးက သီးနေဆဲဖြစ်ပြီး ထိပ်မှာပင် ပန်းပွင့်ပြီး အသီးများ သီးနေဆဲဖြစ်ပါတယ် ။ အပင်တစ်ပင်လျှင် အသီး ၁၀၀ ကီလိုဂရမ်ကျော် အသီးများ သီးနိုင်ပြီး ၆ ကီလိုဂရမ် အလေးချိန်ရှိတဲ့ အသီးများပင် ဖြစ်ပါတယ် ။ ဗီယက်နမ်နိုင်ငံ၊ Dan Nhiem ရွာက ဥယျာဉ်ပိုင်ရှင် မစ္စတာ NVD ဟာ သင်္ဘောသီးက 7 လပိုင်းလောက်မှာ ပုံမှန်အားဖြင့် သေတတ်တယ်လို့ ရှင်းပြပါတယ် ။ ထို့ကြောင့် လျင်မြန်စွာ အသီးများသီးလာစေရန် ဂရုပြုခြင်းက ခက်ခဲတဲ့ပြဿနာတစ်ခုဖြစ်လာပါတယ် ။

ယခုအချိန်အထိ စိုက်ပျိုးသူများက လုံး၀ ကျော်လွှားရန် နည်းလမ်းမရှာရသေးတဲ့ ပျက်စီးနေတဲ့ သ‌ေင်္ဘာပင်များရဲ့ ရာခိုင်နှုန်းအများအပြားကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ် ။ Mr. D. ရဲ့ အဆိုအရ သင်္ဘောပင် ရာနဲ့ချီ စိုက်ပျိုးခဲ့သော်လည်း ကံကောင်းထောက်မစွာပင် အချို့သောသစ်ပင်များက အသက်ရှင်ကျန်ရစ်ခဲ့ပါတယ် ။ ထိုင်းသင်္ဘောသီးစေ့ ပျိုးခင်း အိုး ၃၀၀ မှာ ယခုအခါ အိုး ၄၀ သာ ကျန်ရှိတော့ကြောင်း အခြား ဥယျာဉ်ပိုင်ရှင် မစ္စတာ H.D.C. က ပြောပါတယ် ။

ဒါပေမဲ့ စံချိန်မီ ကောင်းမွန်တဲ့ အိုး ၁၀ လုံးသာ ရှိပြီး အိုးတစ်လုံးလျှင် ဒေါ်လာ ၈၈၀ ဖြင့် ရောင်းချကာ စျေးအသက်သာဆုံး အိုးမှာ ဒေါ်လာ ၂၂၀ ဖြစ်ပါတယ် ။ အရမ်းစျေးကြီးပေမယ့် ဒီဘွန်ဇိုင်းသင်္ဘောသီးတွေ အကုန်ရောင်းကောင်းနေပါတယ် ။ အသီးများက အမြစ်မှ သီးလာတဲ့အပြင် ဘွန်ဇိုင်း သင်္ဘောသီးမှာ ပိုးသတ်ဆေး အသုံးမပြုတာကြောင့် အလွန်သန့်ရှင်းပြီး ဘေးကင်းပါတယ် ။

JRose (Mckzone daily)

Be the first to comment on "အျမစ္မွ ထိပ္အထိအဆက္မျပက္သီးေနတဲ့ သေဘၤာသီးကို တစ္ပင္လွ်င္ ေဒၚလာ ၈၈၀ ျဖင့္ ေရာင္းခ်ေနတဲ့ ဥယ်ာဥ္မႉး"

Leave a comment

Your email address will not be published.


*