ရစရာမရှိအောင်ညစ်ပတ်နံစော်နေတဲ့အခန်းကို ပြန်အပ်ခဲ့တဲ့အိမ်ငှါးရဲ့လုပ်ရပ်ကို ဝေမျှလာခဲ့တဲ့ အိမ်ခြံမြေအေးဂျင့်တစ်ဦး

မကြာသေးမီက Alex အမည်ရှိအိမ်ခြံမြေအေးဂျင့်တစ်ဦးဟာ ရွံစရာကောင်းတဲ့ သူမရဲ့အိမ်ငှားတစ်ဦးအကြောင်းကို သတင်းမီဒီယာတစ်ခုသို့ သက်သေဓာတ်ပုံများနှင့်တကွ “ ကျွန်မ ဒီလုပ်ငန်းကို နှစ်အတော်ကြာ လုပ်ကိုင်ခဲ့တဲ့ အချိန်ကာလအတွင်းမှာ ဒီလို ကြီးကြီးမားမား အရှုပ်အထွေးနဲ့ ညစ်ပတ်အောင် လုပ်ခဲ့တာမျိုး တစ်ခါမှမကြုံဖူးခဲ့ပါဘူး။ သူတို့တွေ ဘယ်လိုများအိပ်ကြလဲမသိဘူး ” လို့ ရေးသားပေးပို့ခဲ့ပါတယ်။

ထိုအိမ်ငှားက သူမဆီကနေ စတူဒီယို တိုက်ခန်းတစ်ခန်းကို ၃ လကြာ ငှါးရမ်းခဲ့ပြီး အိမ်ဌားဟာ ၎င်း ၃ လတာကာလအတွင်းမှာ ၎င်းနေရာကို လုံးဝ သန့်ရှင်းရေးမလုပ်ခဲ့ပုံရပါတယ်။ ပုံတစ်ပုံမှာ ကုတင်ဘောင်တောင် ကျိုးသွားပုံပေါ်တဲ့အတွက် ၎င်းတို့ ဘယ်လိုများ အိပ်ခဲ့ကြတာကို ကျွန်တော်တို့ မသိနိုင်ပါဘူး။

ထို့ပြင် တောင်တွေလိုပုံနေတဲ့ အမှိုက်တွေနဲ့ နံစော်ပုပ်ပွနေတာတောင် ဘယ်လိုများ နေထိုင်စားသောက်ခဲ့ကြတာကိုလည်း မတွေးချင်စရာပါဘဲ။ ၎င်းအိမ်ငှါးက အမြဲတမ်း ပြဿနာရှာပေမဲ့လည်း ယင်းကို ၎င်းတို့မမျှော်လင့်ထားခဲ့ကြောင်း Alex က ပြောကြားခဲ့ပါတယ်။

ဆုံးရှုံးရခြင်း အကြောင်းအရင်းကို သိနေပေမဲ့ Alex တို့ဟာ ၎င်းအိမ်ဌားတို့နှင့် စကားပြောရန်ပင် မကြိုးစားတော့ဘဲ ငှါးရမ်းထားခဲ့တဲ့အခန်းကိုသာ ကိုယ်တိုင် သန့်ရှင်းရေးပြန်လုပ်ဖို့ကိုသာ တောင်းဆိုခဲ့ပါတယ်။

အိမ်ခြံမြေအေးဂျင့်များရဲ့အဆိုအရ ၎င်းတိုက်ခန်းရဲ့ ငှါးရမ်းခက တစ်လလျှင် ရင်းဂစ် 1,200 သတ်မှတ်ထားပြီး ယူနစ်တစ်ခုလုံးအတွက် အလွန်ဈေးသက်သာနေပါတယ်။ ၎င်းအိမ်ဌားက ဘယ်လောက်တောင် ညစ်ပတ်လဲဆိုတာကို ဓာတ်ပုံတွေကို ကြည့်ရုံနဲ့ အရှင်းသား သိနိုင်ပါတယ်။

ထို့ပြင် Alex က အခြားသော အိမ်ဌားများအား ” အခြား အိမ်ငှားနေတဲ့သူတွေ အားလုံးလည်း ကျေးဇူးပြုပြီး မင်းတို့ရဲ့ ငှားထားတဲ့ အခန်း/အိမ်တွေကို ကိုယ်ပိုင်အိမ်လို သဘောထားပြီး သန့်သန့်ရှင်းရှင်းနဲ့ ဂရုတစိုက်ရှိပေးကြပါ! ” လို့ သတိပေး ပြောကြားခဲ့ပါသေးတယ်။

အဲဒါကိုတော့ ကျွန်တော်တို့အားလုံး အသေအချာ သဘောတူကြမှာပါဘဲ။ အိမ်ဆိုတာက ကျွန်တော်တို့အတွက် သက်တောင့်သက်သာ အနားယူရာ နေရာတစ်ခုဖြစ်တာကြောင့် သန့်ရှင်းပြီး နေချင်စရာကောင်းမှသာ သက်တောင့်သက်သာရှိနိုင်မှာ အသေအချာပါဘဲဗျာ ။

Mia (Mckzone daily)

Reference : worldofbuzz

Be the first to comment on "ရစရာမရှိအောင်ညစ်ပတ်နံစော်နေတဲ့အခန်းကို ပြန်အပ်ခဲ့တဲ့အိမ်ငှါးရဲ့လုပ်ရပ်ကို ဝေမျှလာခဲ့တဲ့ အိမ်ခြံမြေအေးဂျင့်တစ်ဦး"

Leave a comment

Your email address will not be published.


*