အရုပ်တွေကို လိုချင်စိတ်နဲ့ အရုပ်ကောက်စက်ထဲကို ဝင်ချောင်းပြီး စူးစမ်းနေခဲ့တဲ့ ချစ်စဖွယ်ကြောင်လေးတစ်ကောင်

ကြောင်များဟာ ၎င်းတို့ရဲ့ ဆော့ကစားတတ်တဲ့အကျင့်နှင့် တစ်ခါတစ်ရံ မကြာခဏ တက်လိုက်ဆင်းလိုက်ဖြင့် အသွယ်သွယ်ကို စူးစမ်းရှာဖွေတတ်သော ရယ်စရာစရိုက်များဖြင့် လူသိများပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ မှာ အမျိုးသားတစ်ဦးဟာ စင်္ကာပူနိုင်ငံ Clementi မြို့ရှိ Shopping Mall တစ်ခုရှိ claw machine အရုပ်ကောက်စက်တစ်ခုကို ရှာဖွေရန် ဆုံးဖြတ်ခဲ့တဲ့ ကြောင်တစ်ကောင်အကြောင်း Facebook ပေါ်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။ ၎င်းချစ်စရာကောင်းတဲ့ Kaypoh လေးဟာ ဆုတစ်ခုကောက်လိုက်သလို အရုပ်ကောက်စက်ထဲသို့ ရောက်သွားခဲ့ပါတယ်။ ပြောစရာမလိုအောင် ကြောင်လေးဟာ အင်တာနက်သုံးစွဲသူတော်တော်များများရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပြီး တော်တော်များများက ကြောင်လေးက သူ့ကိုယ်တိုင်အတွက် အရုပ်တစ်ရုပ်ကို ဖမ်းချင်နေပုံရတယ်လို့ ဆိုခဲ့ကြပါတယ်။

၎င်းပိုစ့်ထဲမှ ပထမပုံမှာ၊ စူးစမ်းချင်စိတ်များနေတဲ့ ကြောင်လေးဟာ အရုပ်ကောက်စက်အပေါက်အတွင်းသို့ ၎င်းရဲ့ခန္ဓာကိုယ်တစ်ဝက်ဝင်နေခဲ့ပြီး ၎င်းရဲ့နောက်ခြေထောက်နှစ်ချောင်းက အပြင်မှာရှိနေခဲ့ပါတယ်။ ၎င်းအရုပ်ကောက်စက်ဟာ အာရုံစူးစိုက်မှု ခံထိုက်တယ်လို့ ဆုံးဖြတ်လိုက်သလိုပဲ၊ ကြောင်လေးဟာ စက်ထဲကို ခုန်ဝင်သွားခဲ့ပါတယ်။

ခဏအကြာမှာတော့ ဆုတွေကျလာတဲ့ အရုပ်ကောက်စက်ရဲ့အပေါက်ကနေ ကြောင်လေးက ပြန်ပေါ်လာခဲ့ပါတယ်။ ထို့နောက် ကြောင်လေးဟာ ဘယ်အရုပ်ကို ယူရမလဲဆိုတာ စိတ်ပိုင်းဆိုင်ရာအရ ရွေးနေသလိုဘဲ ၊ သူ့ပတ်ဝန်းကျင်က အရုပ်တွေကို အံ့သြစွာနဲ့ ကြည့်နေခဲ့ပြန်ပါတယ်။

နောက်တစ်ပုံမှာတော့၊ ကြောင်လေးဟာ ဓာတ်ပုံရိုက်နေတဲ့လူသားထံ အာရုံရောက်သွားခဲ့ပုံရပါတယ်။ ခဏအကြာမှာတော့ ကြောင်လေးဟာ အရုပ်ကောက်စက်မှ ပြန်ထွက်လာခဲ့ပါတယ်။

MS News နှင့် စကားပြောရာမှာ ကြောင်လေးဟာ ၎င်းဧရိယာအတွင်း လှည့်ပတ်ကြည့်ရှုလေ့ရှိတဲ့ ချစ်စရာကောင်းတဲ့ ကြောင်လေးတွေထဲမှ တစ်ကောင်ဖြစ်ကြောင်း OP အမျိုးသားမှ ပြန်လည်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုချစ်စရာကောင်းတဲ့ အမွေးပွလေးတွေက အရုပ်ကောက်စက်ကို စိတ်ဝင်မစားဘဲ မနေနိုင်ဘူးဆိုတာ သေချာပါတယ်။ ၎င်းဓာတ်ပုံတွေကြောင့် ချစ်စဖွယ်ကြောင်လေးဟာ အင်တာနက်အသုံးပြုသူများကို ရယ်မောစေခဲ့ပြီး၊

တချို့က ၎င်းဟာ အရုပ်တွေ များများရချင်တယ်လို့ ထင်ကြသလို အခြားသူများကလည်း ကြောင်လေးဟာ လူသားတွေအား ၎င်းတို့လိုချင်တဲ့အရုပ်ကိုဖမ်းယူပေးဖို့ တောင်းဆိုအောင် လူတွေကိုကြည့်နေတယ်လို့လည်း ဆိုခဲ့ကြပါတယ်။ တော်တော်များများက ကြောင်လေးက အရမ်းချစ်စရာကောင်းတယ်လို့ ထောက်ပြကြပြီး အရုပ်ကောက်စက်ထဲက ဆုအစား ကြောင်လေးကို ဆုအဖြစ် လိုချင်နေခဲ့ကြပါတယ်။

ဒီလို စပ်စုတတ်တဲ့ အမွေးပွကြောင်လေးတွေဟာ ၎င်းရဲ့ချစ်စဖွယ်ကောင်းမှုတွေနဲ့ ကျွန်တော်တို့ရဲ့ နှလုံးသားကို သေချာပေါက် သိမ်းပိုက်နိုင်ခဲ့သလို အရုပ်ကောက်စက်များဟာ လူသားများနှင့် ကျွန်တော်တို့ရဲ့အသိုင်းအဝန်းမှာ နေထိုင်တဲ့ကြောင်လေးတွေအတွက် ပျော်စရာကောင်းတာကို တွေ့မြင်ရသည့်အတွက် ဝမ်းမြောက်စရာပါဘဲ။

Mia (Mckzone daily)

Reference : mustsharenews

Be the first to comment on "အရုပ်တွေကို လိုချင်စိတ်နဲ့ အရုပ်ကောက်စက်ထဲကို ဝင်ချောင်းပြီး စူးစမ်းနေခဲ့တဲ့ ချစ်စဖွယ်ကြောင်လေးတစ်ကောင်"

Leave a comment

Your email address will not be published.


*