လူသားအရိုးစုပေါင်း ၂၀,၀၀၀ ကျော်ဖြင့် အလှဆက်ထားပြီး လာရောက်ဝတ်ပြုဆုတောင်းသူတိုင်းအတွက် ကျောချမ်းစရာကောင်းနေမဲ့ ရှေးဘုရားကျောင်း

Kaplica Czaszek အပြင် ပိုလန်တွင် လုံးဝကြောက်စရာကောင်းသော ဘုရားကျောင်းတစ်ခုရှိနေပါတယ်။ ၎င်း ကျိုးနွံတဲ့ St.Batholomew လို့ခေါ်တဲ့ဘုရားကျောင်းဟာ ထောင်နှင့်ချီသော လူ့အရိုးအစစ်တွေနဲ့ ပြုလုပ်တည်ဆောက်ထားပါတယ်။ ဒီလိုနေရာမျိုးတွေရှိတယ်ဆိုတာ ယုံချင်မှယုံနိုင်သလို ကမ္ဘာတစ်ဝှမ်းမှာ ဒီလိုကျောင်းဆောင်တွေ ရှိနေတယ်ဆိုတာကလည်း တကယ်ကို မယုံနိုင်စရာပါပဲ။ ဒီနေရာလေးထဲကို ၀င်လိုက်ရသူက ၎င်းဘဝရဲ့ ကြောက်စရာအကောင်းဆုံး အတွေ့အကြုံတွေထဲက တစ်ခုဖြစ်နေမှာ အမှန်ပါဘဲ။ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာ ထောင်ပေါင်းများစွာသော လူ့အရိုးများရှိတဲ့ဒီလိုနေရာမျိုးမှာ ကြောက်တတ်သူတွေအတွက် ဝတ်ပြုဆုတောင်းဖို့ကို ကောင်းကောင်း အာရုံစိုက်နိုင်မယ်လို့မထင်ပါဘူး။

.

ဒါဆို ဒီကျောချမ်းစရာဘုရားကျောင်းရဲ့အတွင်းပိုင်းကို ဆက်လက်ကြည့်ရှုကြလိုက်ရအောင်ပါ။ ဒီဘုရားရှိခိုးကျောင်းနံရံများဟာ သေခြင်းတရားရင်ဆိုင်ရချိန်မှာ လူသားတို့၏ ကယ်တင်ခြင်းဆိုင်ရာ အသေအပျောက်ကို အမှတ်ရစေရန် ရည်ရွယ်သည့် အရိုးများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။

.

ယဇ်ပုရောဟိတ်တစ်ဦးဟာ Silesian စစ်ပွဲများနှင့် အနှစ်သုံးဆယ်စစ်ပွဲများတွင် ကျဆုံးသွားသော စစ်သားများနှင့် ပလိပ်ရောဂါခံစားရသူများအပြင် အရပ်သားများ၏ တိမ်မြုပ်နေသော သင်္ချိုင်းနေရာများသို့ သွားရောက်လည်ပတ်ပြီးနောက် ဒီဘုရားကျောင်းကို ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။

.

သေဆုံးသူတို့ရဲ့ ထိတ်လန့်ဖွယ်သတိပေးချက်ကို မြင်တွေ့ပြီးနောက်၊ ချက်နိုင်ငံမှ ခရစ်ယာန်ဘုန်းတော်ကြီး Vaclav Tomasek နှင့် J. Langer တို့ဟာ ဒေသခံ သုဘရာဇာများအား အရိုးအကြွင်းအကျန်များကို စုဆောင်းသန့်စင်စေကာ 1776 နှင့် 1804 ခုနှစ်ကြား၌ ၎င်းအရိုးစုများကို ဘုရားကျောင်းနံရံများတွင် မြှုပ်နှံထားခဲ့ကြပါတယ်။ ဤဘုရားကျောင်းဟာ ပိုလန်နိုင်ငံ၊ Czermna မြို့ဟောင်းတွင် တည်ရှိပြီး ယဇ်ပလ္လင်ပေါ်တွင် ဒေသခံမြို့တော်ဝန်၏ ဦးခေါင်းခွံနှင့်အတူ အခြားအရိုးစုများစွာရှိပါတယ်။

.

ဘုရားကျောင်းရဲ့မျက်နှာကျက်နှင့် နံရံတွေမှာ သေဆုံးသူအရိုးစု ၃,၀၀၀ ကျော်ရှိပြီး နောက်ထပ် အရိုးစု ၂၁,၀၀၀ ကိုတော့ ဘုရားကျောင်းအောက်ရှိ လျှို့ဝှက်ကုဒ်တစ်ခုရှိ ထောင်ချောက်တံခါးနောက်မှာ ဝှက်ထားဆဲဖြစ်ပါတယ်။

သေချာတာတစ်ခုကတော့ ဒီဘုရားကျောင်းထဲကို ခြေလျင်လျှောက်နိုင်မယ် မထင်ပါဘူး။ ကျွန်တော်သာဆိုရင်တော့ ဤအလွန်ကြောက်စရာကောင်းသော အရိုးဘုရားကျောင်းထဲ လည်ပတ်ပြီးရင် ၎င်းအတွင်းထဲကပုံရိပ်တွေကို အချိန်အတော်တဲ့အထိ ခေါင်းထဲက ထုတ်နိုင်မှာမဟုတ်ပါဘူးဗျာ ။ စာဖတ်သူတို့ကော ဒီလို အလားတူနေရာမျိုးကို လည်ပတ်ဖူးခဲ့ကြလားဗျာ ။

Mia (Mckzone daily)

Reference : buzznicked

Be the first to comment on "လူသားအရိုးစုပေါင်း ၂၀,၀၀၀ ကျော်ဖြင့် အလှဆက်ထားပြီး လာရောက်ဝတ်ပြုဆုတောင်းသူတိုင်းအတွက် ကျောချမ်းစရာကောင်းနေမဲ့ ရှေးဘုရားကျောင်း"

Leave a comment

Your email address will not be published.


*