JRose (Mckzone daily)
Reference : bestie
Unicode
အဘိုးအဘွားများခေတ်က ချစ်ခြင်းမေတ္တာဟာ ကျွန်ုပ်တို့ကို အမြဲတစေ ချီးမွမ်းစေပါတယ် ။ သူတို့တွေက ဘယ်အရွယ်ဘဲရောက်နေပါစေ အတူတူ လက်တွဲနေထိုင်ပြီး သူတို့ရဲ့ခံစားချက်များကို ဘယ်သောအခါမှ မပြောင်းလဲဘဲ ထာဝရတည်မြဲနေပါတယ် ။ ယနေ့မျက်မှောက်ခေတ်မှာ သာယာလှပတဲ့ ချစ်ခြင်းမေတ္တာတစ်ခုရှိခြင်းက အမှန်တကယ်ပင် မလွယ်ကူတော့ပါဘူး ။ အိမ်ထောင်ရေးတွေ ပြိုကွဲခြင်းကသာ များပြားလာပါတယ် ။ ထို့ကြောင့် ဆယ်စုနှစ်များစွာ လက်တွဲနေထိုင်ခဲ့ကြတဲ့ အသက်ကြီးရွယ်အိုစုံတွဲများရဲ့ ချစ်ခင်မှုကို မြင်တွေ့ရတဲ့အခါ ကျွန်တော်တို့ အလွန်လေးစားအားကျမိပါတယ် ။
မကြာသေးမီက အကောင့်တစ်ခုမှာ အဘိုးအဘွားများကြား အလွန်စိတ်ဝင်စားဖွယ်ကောင်းတဲ့ စကားဝိုင်းတစ်ခုကို ဝေမျှခဲ့ရာ လူတိုင်းကို ပျော်ရွှင်စေခဲ့ပါတယ် ။ အထူးသဖြင့် မိသားစု ထမင်းစားနေစဉ် မြေးမလေးက အဘိုးအဘွားတွေကို သူတို့ရဲ့အိမ်ထောင်ရေးအကြောင်း မေးမြန်းခဲ့ပါတယ် ။ အဘွားက အသက် ၂၂ နှစ်မှာ လက်ထပ်ခဲ့တာဖြစ်ကြောင်း ပြောဆိုပြီး အဘိုးက သူမထက် ၆ နှစ်ကြီးပါတယ် ။ ဒီနှစ်မှာ အဘိုးက အသက် ၁၀၃ နှစ်ရှိပြီ အဘွားက ၉၇ နှစ်ရှိပြီ ဆိုပေမယ့် အဘိုးဘာပဲပြောပြော အဆုံးမှာ သူ့မိန်းမကို ပြန်မပြောနိုင်ပါဘူး ။
သူတို့နှစ်ယောက်ဟာ “ရှားရှားပါးပါး” အရွယ်အထိ အတူတကွ နေထိုင်လာခဲ့ကြပေမယ့် တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြပြီး နားလည်မှု ရှိနေဆဲပါ ။ အဲဒါက မြင်သူတိုင်းကို ကြည်နူးမှု ခံစားရစေပြီး အနာဂတ်မှာ ဒီလိုမျိုး ဖြစ်လာနိုင်မယ်လို့ အိပ်မက်မက်စေပါတယ် ။
JRose (Mckzone daily)
Reference : bestie
Be the first to comment on "အိမ်ထောင်သက် နှစ်၁၀၀သက်တမ်းရှိပြီဖြစ်ပေမဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်နေဆဲဖြစ်တဲ့ ကြည်နူးစရာ အဖိုးအဖွားရဲ့ပုံရိပ်"