လူတစ္ဦးကဲ့သို႔ ပုံသ႑ာန္ရွိတဲ့ ၿမိဳ႕ငယ္ေလးရဲ႕ အံ့ဖြယ္ျမင္ကြင္းကို ႐ိုက္ကူးျပခဲ့တဲ့ ဓာတ္ပုံဆရာ(႐ုပ္သံ)

Sicily ေတာင္ကုန္းမ်ားမွာ တြယ္ကပ္ေနတဲ့ ၿမိဳ႕ငယ္ေလး Centuripe က Etna ေတာင္ကိုျဖတ္ၿပီး ရႈခင္းမ်ားၾကည့္ႏိုင္တာေၾကာင့္ “Sicilyရဲ႕လသာေဆာင္” လို႔လူသိမ်ားသိၾကၿပီး ရႈခင္းမ်ားလည္း လွပေနပါတယ္ ။ အသက္ 32 ႏွစ္အ႐ြယ္ ေဒသခံ ဓာတ္ပုံဆရာ Pio Andrea Peri ဟာ မၾကာေသးမီက သု႔ရဲ႕ ဒ႐ုန္းကို အသုံးျပဳကာ ေကာင္းကင္ယံမွ အီတလီႏိုင္ငံက Centuripe ၿမိဳ႕ငယ္ေလးရဲ႕ ထူးျခားတဲ့ ပုံသ႑ာန္ကို ႐ိုက္ကူးခဲ့ပါတယ္ ။ Google Earth မွာ ၾကည့္ရင္း ၿမိဳ႕ရဲ႕ ပုံမွန္မဟုတ္တဲ့ ပုံသ႑ာန္ကို ပထမဆုံး ရွာေဖြေတြ႕ရွိၿပီးေနာက္ Peri ဟာ သူ႔ရဲ႕ ဒ႐ုန္းကို ယူလာၿပီး သူ႔ကိုယ္သူ စစ္ေဆးဖို႔ ဆုံးျဖတ္ခဲ့ပါတယ္ ။

သူ႔ရဲ႕ ေမာ္နီတာမွာ ျမင္လိုက္ရတာကို အံ့အားသင့္မိၿပီး ဓာတ္ပုံအနည္းငယ္႐ိုက္ကာ ဆိုရွယ္မီဒီယာမွာ ေဝမွ်ခဲ့ရာမွာ ခ်က္ခ်င္းဆိုသလို ပ်ံ႕ႏွံ႔သြားခဲ့တာပါ ။ ညာဘက္ေထာင့္မွ၊ Centuripe ၿမိဳ႕က လူတို႔ရဲ႕ လက္မ်ားနဲ႔ ေျခေထာက္မ်ားကို ဆန႔္တန္းထားသလို လူတစ္ဦးရဲ႕ ပုံသဏၭာန္နဲ႔ တူေနပါတယ္ ။ Centuripe ၿမိဳ႕ရဲ႕ ဓာတ္ပုံမ်ားက ႏိုင္ငံတကာရဲ႕ အာ႐ုံစိုက္မႈကို စတင္ရရွိၿပီးေနာက္၊ ၿမိဳ႕ရဲ႕ ၿမိဳ႕ေတာ္ဝန္က လူငယ္ဓာတ္ပုံဆရာျဖစ္တဲ့ Peri ကို ျပပြဲတစ္ခုမွာ စင္တင္ကာ သူ႔ရဲ႕လက္ရာမ်ားကို ျပသရန္ ဖိတ္ၾကားခဲ့ပါတယ္ ။

“ဒါဟာ ဖန္တီးရခက္ပါတယ္၊ ဒ႐ုန္းရဲ႕ အျမင့္ကန႔္သတ္ခ်က္ေၾကာင့္ ႐ိုက္ခ်က္ေပါင္းမ်ားစြာကို အသုံးျပဳခဲ့ရပါတယ္။ ထုတ္လုပ္မႈအၿပီးမွာ ႐ိုက္ခ်က္ ၁၈ ခ်က္ေလာက္ကို ကိုယ္တိုင္ထပ္ၿပီး တည္းျဖတ္တာ ႏွစ္နာရီၾကာပါတယ္ ။ ရလဒ္ကို ျမင္ေတာ့ ကြၽန္ေတာ္ အရမ္းေပ်ာ္ပါတယ္။”လို႔ Peri က သူ႔ရဲ႕ လူႀကိဳက္အမ်ားဆုံး ဓာတ္ပုံနဲ႔ ပတ္သက္ၿပီး ေျပာၾကားခဲ့ပါတယ္ ။ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပ 2400 ခန႔္ျမင့္တဲ့ ေတာင္ေပၚမွာ တည္ေဆာက္ထားတဲ့ Centuripe ၿမိဳ႕က Enna ျပည္နယ္ရဲ႕ ေက်းလက္ေဒသနဲ႔ မိုင္ 40 ခန႔္အကြာရွိ နာမည္ႀကီး Etna ေတာင္ရဲ႕ အံ့ၾသဖြယ္ျမင္ကြင္းမ်ားကို ေပးေဆာင္ပါတယ္ ။

.

.

.

.

JRose (Mckzone daily)

Reference : odditycentral

Unicode

Sicily တောင်ကုန်းများမှာ တွယ်ကပ်နေတဲ့ မြို့ငယ်လေး Centuripe က Etna တောင်ကိုဖြတ်ပြီး ရှုခင်းများကြည့်နိုင်တာကြောင့် “Sicilyရဲ့လသာဆောင်” လို့လူသိများသိကြပြီး ရှုခင်းများလည်း လှပနေပါတယ် ။ အသက် 32 နှစ်အရွယ် ဒေသခံ ဓာတ်ပုံဆရာ Pio Andrea Peri ဟာ မကြာသေးမီက သု့ရဲ့ ဒရုန်းကို အသုံးပြုကာ ကောင်းကင်ယံမှ အီတလီနိုင်ငံက Centuripe မြို့ငယ်လေးရဲ့ ထူးခြားတဲ့ ပုံသဏ္ဍာန်ကို ရိုက်ကူးခဲ့ပါတယ် ။ Google Earth မှာ ကြည့်ရင်း မြို့ရဲ့ ပုံမှန်မဟုတ်တဲ့ ပုံသဏ္ဍာန်ကို ပထမဆုံး ရှာဖွေတွေ့ရှိပြီးနောက် Peri ဟာ သူ့ရဲ့ ဒရုန်းကို ယူလာပြီး သူ့ကိုယ်သူ စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

သူ့ရဲ့ မော်နီတာမှာ မြင်လိုက်ရတာကို အံ့အားသင့်မိပြီး ဓာတ်ပုံအနည်းငယ်ရိုက်ကာ ဆိုရှယ်မီဒီယာမှာ ဝေမျှခဲ့ရာမှာ ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့တာပါ ။ ညာဘက်ထောင့်မှ၊ Centuripe မြို့က လူတို့ရဲ့ လက်များနဲ့ ခြေထောက်များကို ဆန့်တန်းထားသလို လူတစ်ဦးရဲ့ ပုံသဏ္ဌာန်နဲ့ တူနေပါတယ် ။ Centuripe မြို့ရဲ့ ဓာတ်ပုံများက နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို စတင်ရရှိပြီးနောက်၊ မြို့ရဲ့ မြို့တော်ဝန်က လူငယ်ဓာတ်ပုံဆရာဖြစ်တဲ့ Peri ကို ပြပွဲတစ်ခုမှာ စင်တင်ကာ သူ့ရဲ့လက်ရာများကို ပြသရန် ဖိတ်ကြားခဲ့ပါတယ် ။

“ဒါဟာ ဖန်တီးရခက်ပါတယ်၊ ဒရုန်းရဲ့ အမြင့်ကန့်သတ်ချက်ကြောင့် ရိုက်ချက်ပေါင်းများစွာကို အသုံးပြုခဲ့ရပါတယ်။ ထုတ်လုပ်မှုအပြီးမှာ ရိုက်ချက် ၁၈ ချက်လောက်ကို ကိုယ်တိုင်ထပ်ပြီး တည်းဖြတ်တာ နှစ်နာရီကြာပါတယ် ။ ရလဒ်ကို မြင်တော့ ကျွန်တော် အရမ်းပျော်ပါတယ်။”လို့ Peri က သူ့ရဲ့ လူကြိုက်အများဆုံး ဓာတ်ပုံနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ် ။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ 2400 ခန့်မြင့်တဲ့ တောင်ပေါ်မှာ တည်ဆောက်ထားတဲ့ Centuripe မြို့က Enna ပြည်နယ်ရဲ့ ကျေးလက်ဒေသနဲ့ မိုင် 40 ခန့်အကွာရှိ နာမည်ကြီး Etna တောင်ရဲ့ အံ့သြဖွယ်မြင်ကွင်းများကို ပေးဆောင်ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "လူတစ္ဦးကဲ့သို႔ ပုံသ႑ာန္ရွိတဲ့ ၿမိဳ႕ငယ္ေလးရဲ႕ အံ့ဖြယ္ျမင္ကြင္းကို ႐ိုက္ကူးျပခဲ့တဲ့ ဓာတ္ပုံဆရာ(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*