၁နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်မှာ ဇနီးရဲ့ပုံကိုတက်တူးထိုးခဲ့ပေမဲ့ တကယ့်ပုံနဲ့မတူဘဲ ရုပ်ဆိုးလွန်းလို့ အိမ်ပေါ်မှ နှင်ချခံခဲ့ရတဲ့ လူငယ်လေး



JRose (Mckzone daily)

Reference : yan

Unicode

လူငယ်တစ်ဦးက ၁ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည် အခမ်းအနားမှာ ဇနီးဖြစ်သူကို အံ့အားသင့်စေချင်သော်လည်း နောက်ဆုံးမှာ အားလုံးက ထင်တဲ့အတိုင်းမဖြစ်ဘဲ အိမ်ပေါ်ကနေ ဆင်းခဲ့ရပါတယ် ။ အထူးသဖြင့် တစ်နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်မှာ သူ့ရဲ့ဇနီးသည်ကို အံ့အားသင့်စေရန် ရင်ဘတ်ပေါ်မှာ ဇနီးဖြစ်သူရဲ့ လှပတဲ့ ဓာတ်ပုံတစ်ပုံကို တက်တူးထိုးဖို့ ရွေးချယ်ခဲ့ပါတယ် ။ မူလက အလွန်ချိုမြိန်ပြီး ပျော်ရွှင်စရာကောင်းတဲ့ ဇာတ်လမ်းဖြစ်ခဲ့ပေမဲ့ အဆုံးသတ်မှာ ထိုလူငယ်အတွက် ခါးသီးလွန်းလှပါတယ် ။

ဒီလို ချိုမြိန်တဲ့ အပြုအမူကြောင့် ဇနီးဖြစ်သူက ချီးကျူးခံရမယ်လို့ ထင်ခဲ့ပေမယ့် အင်္ကျီကို ချွတ်ပြပြီးတာနဲ့ ဒီကောင်လေးကို ဇနီးက အိမ်အပြင် ထုတ်ပစ်လိုက်ပါတယ် ။ ဒီတက်တူးကို သူ့မိန်းမကိုပြရဲတာက တော်တော်ရဲရင့်တဲ့လူငယ်လေးဖြစ်ရမယ်လို့ လူတော်တော်များများက ယုံကြည်ကြပါတယ် ။ ဘာကြောင့်လဲဆိုတော့ သူ့ရင်ဘတ်ပေါ်က တက်တူးဟာ ရုပ်ဆိုးလွန်းပြီး တကယ့်ပုံနဲ့ မတူတာကြောင့်ပါ ။ အင်တာနက်သုံးစွဲသူတော်တော်များများက ဒီလူငယ်လေးဟာ သူ့ဇနီးက အလွန်နူးညံ့တာကြောင့် ကံကောင်းတယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "၁နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်မှာ ဇနီးရဲ့ပုံကိုတက်တူးထိုးခဲ့ပေမဲ့ တကယ့်ပုံနဲ့မတူဘဲ ရုပ်ဆိုးလွန်းလို့ အိမ်ပေါ်မှ နှင်ချခံခဲ့ရတဲ့ လူငယ်လေး"

Leave a comment

Your email address will not be published.


*