ချစ်စရာကောင်းတဲ့ အသွင်အပြင်နဲ့ အမှုအရာလေးတွေကြောင့် အင်တာနက်မှာ ကြယ်ပွင့်ဖြစ်လာခဲ့တဲ့ ကလေးမလေး



.

.

.

.

Jasmine (Mckzone daily)

Reference : yan

Unicode

အသက် ၃နှစ်ကျော် Misa အမည်ရှိ မိန်းကလေးငယ်ဟာ လက်ရှိ ဟိုချီမင်းမြို့မှာ နေထိုင်လျက် ရှိကြောင်း သိရှိရပါတယ် ။ ချစ်စရာကောင်းတဲ့ အသွင်အပြင်ကို ပိုင်ဆိုင်ထားတဲ့ သူမဟာ ဒီကလေးရဲ့ အမူအရာက အင်တာနက်သုံးစွဲသူတွေရဲ့ အာရုံစိုက်မှုကို ခံရပါတယ် ။ လူတိုင်းက သူမရဲ့ ချစ်စဖွယ် ဟန်ပန်တွေကို ကြည့်ပြီး ရယ်မောနေကြရပါတယ် ။ ဝတ်စုံကနေ ဆံပင်ပုံစံအထိ ဂရုတစိုက် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ကြည့်လိုက်ရင် အရမ်းကို ချစ်ဖို့ကောင်းလွန်းနေပါတယ် ။ ဒီကလေးမရဲ့အမေ Doan Cam Duyen က သူ့သမီးလေးကို ပြင်ဆင်ပေးထတာပါ ။

နောက်ပြီး လူမှုကွန်ရက်မှာ ရေပန်းစားနေတဲ့ ဓာတ်ပုံအများစုကို မစ္စ Duyen က ရိုက်ကူးခဲ့တာဖြစ်ပါတယ် ။ ဓာတ်ပုံတစ်ပုံချင်းစီကို မစ္စ Duyen က ၁၅ မိနစ်အတွင်း ရိုက်ကူးခဲ့ကြောင်း သိရှိရပါတယ် ။ ဓာတ်ပုံရိုက်တဲ့အခါ ကလေးမလေးကိုယ်တိုင် ဖန်တီးထားတဲ့ အမူအရာတွေ အားလုံးကို ကြိုတင်ပြင်ဆင်ထားတာမျိုး မရှိပါဘူး ။ ဒီပုံတွေကို အင်တာနက်ပေါ်တင်တဲ့အခါ “ချစ်ဖို့ကောင်းလိုက်တာ ကလေးမရဲ့ ပါးပြင်ကို ပွတ်သပ်ချင်မိတယ် ။ သူမရဲ့မျက်နှာကိုကြည့်ပြီး ငါရူးနေပြီ”လို့ တာနက်အသုံးပြုသူအချို့ မှတ်ချက်ပေးကြပါတယ် ။

Jasmine (Mckzone daily)

Be the first to comment on "ချစ်စရာကောင်းတဲ့ အသွင်အပြင်နဲ့ အမှုအရာလေးတွေကြောင့် အင်တာနက်မှာ ကြယ်ပွင့်ဖြစ်လာခဲ့တဲ့ ကလေးမလေး"

Leave a comment

Your email address will not be published.


*