ခန္ဓာကိုယ်ပေါ်မှာ သမီးလေးရဲ့ ဆီးတွေ စိုနေပေမဲ့ ရွှေဖမ်းဆုပ်ထားသလိုပင် ပြုံးရွှင်နေတဲ့ ဖခင်




JRose (Mckzone daily)

Reference : bestie

Unicode

လူ့လောကထဲသို့ မွေးကင်းစကလေးငယ်ကို ကြိုဆိုသောအခါမှာ မိဘအများစုက သူတို့ရဲ့ရင်သွေးဟာ အကောင်းဆုံးလက်ဆောင်ဖြစ်တာကြောင့် အလွန်ပျော်ရွှင်ကြပြီး ကံကောင်းကြတယ်လို့ ခံစားရပါတယ် ။ သူတို့လေးတွေနဲ့ အချိန်တိုင်းကို မြတ်နိုးကြပြီး ဓာတ်ပုံတွေရိုက်ရင်း ပုံကို အကြာကြီးသိမ်းထားချင်ကြပါတယ် ။ မိဘအများစုက ပုံသေနောက်ခံဖြစ်တဲ့ အရိုးရှင်းဆုံးအယူအဆကို ရွေးချယ်ကြပြီး မိသားစုတစ်စုတည်းသာ ဓာတ်ပုံရိုက်ကြတာပါ ။ မကြာသေးမီက အင်္ဂလန်မိသားစုတစ်စုရဲ့ဓာတ်ပုံဟာအမူအရာနဲ့ ဆွဲဆောင်မှုအားလုံးက အတော်လေးကို ပြီးပြည့်စုံပြီး နက်နဲလွန်းတဲ့ မိသားစုတစ်စုလုံး ဓာတ်ပုံတစ်ပုံ ဖြစ်သွားခဲ့ပါတယ် ။

အဆိုပါမိဘနှစ်ဦးကဲ့သို့ အခြေအနေမျိုးမှာ တရုတ်နိုင်ငံမှ အသက် ၂၇ နှစ်အရွယ် မစ္စတာ Duong Pham က သူ့သမီးလေးရဲ့ ချစ်စဖွယ်အခိုက်အတန့်ကို ဖမ်းယူထားတဲ့ ဓာတ်ပုံလှလှလေးတစ်ပုံဟာ ဖခင်က စိတ်ကူးယဉ်အိပ်မက်ထဲမှာ နစ်မြုပ်နေဆဲဖြစ်ပြီး သမီးလေးက ဖခင်ကိုယ်ပေါ်မှာ ဆီးတွေနဲ့ညစ်ပတ်စေခဲ့ပေမဲ့ ဖခင်ကတော့ ပြုံးရယ်နေဆဲဖြစ်ပါတယ် ။ ဒီအခြေအနေနဲ့ရင်ဆိုင်ရတဲ့ Mr. Duong Pham က ရယ်မောပြီး အလွန်လှပတဲ့ ဓာတ်ပုံဖြစ်လာခဲ့ပါတယ် ။ ကြည့်လိုက်ရင် ဖခင်တစ်ယောက်ဟာ သူ့သမီးအပေါ် ဘယ်လောက်ချစ်ကြောင်း ခံစားရပါလိမ့်မယ် ။

ကလေးငယ်များက ငယ်ရွယ်နုနယ်သောကြောင့် ၎င်းတို့က နုံအတတ်နဲ့ မသိနားမလည်ကြသော်လည်း ၎င်းတို့က ငယ်စဉ်ကလေးဘဝမှာ ၎င်းတို့ရဲ့ အပြစ်ကင်းတဲ့ အမူအရာကြောင့် လူအများချစ်ခင်ကြပါတယ် ။ ကလေးများက အလွန်လျင်မြန်စွာကြီးပြင်းလာသောကြောင့် အဆိုပါဓာတ်ပုံတွေက ၎င်းတို့ရဲ့ကလေးဘဝကို တစ်ဖန်မြင်တွေ့နိုင်မှာဖြစ်ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ခန္ဓာကိုယ်ပေါ်မှာ သမီးလေးရဲ့ ဆီးတွေ စိုနေပေမဲ့ ရွှေဖမ်းဆုပ်ထားသလိုပင် ပြုံးရွှင်နေတဲ့ ဖခင်"

Leave a comment

Your email address will not be published.


*