ချစ်စရာကောင်းတဲ့ propose လုပ်နည်းနဲ့အတူ အမှန်တရားသိပြီးနောက် ပရိသတ်တွေကို ရယ်မောစေခဲ့တဲ့ မိန်းကလေး
JRose (Mckzone daily)
Reference : bestie
Unicode
မိန်းကလေးတိုင်းက တစ်ယောက်ယောက်စီကနေ ကိုယ်မထင်မှတ်တဲ့ surprise တစ်ခုခုကို ပေးလာတာတို့၊ စိတ်ကူးယဉ်ဆန်ဆန် propose လုပ်တာမျိုးကို အရမ်းလိုချင်ကြတာပါ ။ ဒါပေမယ့် TikToker မိန်းကလေးငယ်တစ်ဦးက သူမအိမ်ပျော်နေစဥ်အတွင်း မထင်မှတ်ဘဲ သူမရဲ့ချစ်သူက ရုတ်တရက် လက်ထပ်လက်စွပ် စွပ်ပေးတဲ့ ဗီဒီယိုလေးကို ဝေမျှလာခဲ့ပါတယ် ။ သူမလက်ဖဝါးမှာ မထင်မှတ်ထားတဲ့အရာတစ်ခုကို ခံစားလိုက်ရတဲ့အခါ TikToker အမျိုးသမီးက မျက်လုံးပွင့်လာပြီး သူမရဲ့ချစ်သူက သူမအတွက် လက်စွပ်တစ်ကွင်း ညင်သာစွာ ဝတ်ဆင်နေတာကို တွေ့ရတော့ အံ့အားသင့်သွားပါတယ် ။
.
အစပိုင်းမှာတော့ အဆိုပါဗီဒီယိုလေးဟာ လူတိုင်းအားကျမိတဲ့ ဗီဒီလိုပါ ။ ဒါပေမဲ့ အွန်လိုင်းအသိုင်းအဝန်းတွင် သူမရဲ့ ချစ်သူကို ချီးကျူးဖို့အချိန်တောင်မရှိသေးဘဲ လူမသိသူမသိ ရယ်မောစေခဲ့ပါတယ် ။ အကြာကြီး တစ်ယောက်တည်း အထီးကျန်နေတာကြောင့် TikToker က သူ့ပရိသတ်တွေကို ရုတ်တရက် အဆိုပြုခံရလို့ ဟာသလုပ်ခဲ့ပေမယ့် သူမမှာ ကောင်လေးတစ်ယောက်မှ မရှိခဲ့ပါဘူး ။
.
ဖုန်းကို သူမရဲ့ခြေထောက်နဲ့ ကိုင်ထားပြီး သူ့ရဲ့လက်တစ်ဘက်ကို ယောကျ်ားလေးလက်အဖြစ် အသုံးပြုခဲ့ပါတယ် ။ မိန်းကလေးရဲ့ ကျွမ်းကျင်မှုကြောင့် အင်တာနက်သုံးသူတွေ လှည့်စားခံလိုက်ရပါတယ် ။ ဒါပေမယ့်လည်း ဒီမိန်းကလေးဟာ တီထွင်ဖန်တီးနိုင်လွန်းတာကြောင့် FA အသင်းမှာရှိနေသူတွေ၊ တစ်ယောက်တည်းမဟုတ်ကြောင်း သက်သေပြလိုတဲ့သူတွေအတွက်လည်း အကြံကောင်းတစ်ခုလည်း ဖြစ်နိုင်ပါတယ် ။
JRose (Mckzone daily)
Be the first to comment on "ချစ်စရာကောင်းတဲ့ propose လုပ်နည်းနဲ့အတူ အမှန်တရားသိပြီးနောက် ပရိသတ်တွေကို ရယ်မောစေခဲ့တဲ့ မိန်းကလေး"
Leave a comment
Your email address will not be published.
*