လေဆိပ်မှာ လူတွေစွန့်ပစ်တဲ့ အမှိုက်များကို စုဆောင်းပြီး စွဲမက်ဖွယ်ကောင်းတဲ့ လူရဲ့ရုပ်ပုံအဖြစ် ပြောင်းလဲခဲ့တဲ့ အနုပညာရှင်



.

.

.

Jasmine (Mckzone daily)

Reference : khaosod

Unicode

တူရကီနိုင်ငံ၊ Istanbul လေဆိပ်မှာ ထူးထူးခြားခြား ပုံတူ ၂၀ပုံဖြင့် ခရီးသွားများ အံ့အားသင့်နေပါတယ် ။ အဘယ်ကြောင့်ဆိုသော် စွန့်ပစ်ပစ္စည်းများမှ ပြုလုပ်ထားတဲ့ တောက်ပပြီး မျက်စိစွဲဖွယ်ကောင်းသော အရောင်များအပြင် ၎င်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လူအများ စိတ်ဝင်စားစေတဲ့ အနုပညာလက်ရာတစ်ခုဖြစ်ပါတယ် ။ မကြာသေးမီက၊ တူရကီအနုပညာရှင် Deniz Zagdik ဟာ လှပတဲ့အနုပညာလက်ရာများကို ဖန်တီးရန်အတွက် လေဆိပ်မှစုဆောင်းထားတဲ့ စွန့်ပစ်ပစ္စည်းများ အမျိုးအစားများစွာကို အသွင်ပြောင်းခဲ့ပါတယ် ။

အနုပညာလက်ရာဖန်တီးရာမှာ အသုံးပြုသည့်ပစ္စည်းများက ကွန်တိန်နာများနဲ့ ပလတ်စတစ်အိတ်များစွာ ပါဝင်ပါတယ် ။ ရောင်စုံခလုတ်များ၊ စက္ကူအပိုင်းအစများ၊ ကြိုးများနဲ့ ဘက်ထရီအများအပြားကို လေဆိပ်မှာ နိုင်ငံသားများက စွန့်ပစ်ခဲ့ပြီး စုဆောင်းခဲ့ရာ မတူညီတဲ့ လူမျိုးစုများရဲ့ မျက်နှာကို ဖန်တီးခဲ့ပါတယ် ။

Jasmine (Mckzone daily)

Be the first to comment on "လေဆိပ်မှာ လူတွေစွန့်ပစ်တဲ့ အမှိုက်များကို စုဆောင်းပြီး စွဲမက်ဖွယ်ကောင်းတဲ့ လူရဲ့ရုပ်ပုံအဖြစ် ပြောင်းလဲခဲ့တဲ့ အနုပညာရှင်"

Leave a comment

Your email address will not be published.


*