ခန်းဝင်ပစ္စည်းမြောက်များစွာတောင်းခဲ့လို့ ထားခဲ့ခံရပေမဲ့ ကောင်လေးရဲ့မင်္ဂလာပွဲကိုလာပြီး ဒူးထောက် တောင်းပန်ခဲ့တဲ့ မိန်းကလေး



.

.

.

JRose (Mckzone daily)

Reference : khaosod

Unicode

မကြာသေးမီက တရုတ်နိုင်ငံမှာ မင်္ဂလာပွဲတစ်ခုရဲ့ ဗီဒီယိုဖိုင်တစ်ခု ပျံ့နှံ့သွားခဲ့ပါတယ် ။ အဖြူရောင်ဝတ်စုံနဲ့ အမျိုးသမီးငယ်တစ်ဦးက အခမ်းအနားသို့ ဝင်လာပြီး သတို့သားရဲ့ ခြေထောက်တွေကို ပွေ့ဖက်ပြီး မျက်ရည်တွေနဲ့ သတို့သားကို တောင်းပန်နေတာ မြင်တွေ့ရပါတယ် ။ သတင်းတွေအရ သတို့သားရဲ့ခြေထောက်ကို ပွေ့ဖက်ထားတဲ့ အမျိုးသမီးဟာ သူ့ရဲ့ “ရည်းစားဟောင်း” ဖြစ်တယ်လို့ ဆိုပါတယ် ။ သူတို့စုံတွဲဟာ အရင်က လက်ထပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပေမယ့် အမျိုးသမီးရဲ့ မိခင်က ခန်းဝင်ပစ္စည်း ပမာဏ ယွမ် ၆၆၀,၀၀၀ (ဘတ် ၃.၄ သန်းခန့်) တောင်းထားတာကြောင့် သတို့သားက ခန်းဝင်ပစ္စည်း မပေးနိုင်လို့ သူမနဲ့ လမ်းခွဲပြီး အသစ်တစ်ယောက်နဲ့ စတင်ဖို့ ဆုံးဖြတ်လိုက်တာပါ ။

မိန်းကလေးက အဲဒီတုန်းမှာ သူ့အမေကို မကန့်ကွက်နိုင်ဘူးလို့ ပြောပါတယ် ။ ဘာကြောင့်လဲဆိုတော့ သူမက သူ့မိသားစုမှာ နာခံရန် အမြဲသွတ်သွင်းခံရသောကြောင့်ဖြစ်ပါတယ် ။ မိန်းကလေးက သူ့ရဲ့ကောင်လေး အိမ်ထောင်ပြုတော့မယ်ဆိုတာ သိလိုက်ရတော့ မင်္ဂလာပွဲကိုလာပြီး သတို့သားကို ဒူးထောက်တောင်းပန်ကာ မိခင်ဖြစ်သူက ခန်းဝင်ပစ္စည်းကို ယွမ် ၁၈၀,၀၀၀ (ဘတ် ၉၄၀,၀၀၀ ခန့်) သာ လျှော့ချပြီးဖြစ်ကြောင်း ပြောခဲ့ပါတယ် ။ ဒါပေမဲ့ သတို့သားက သူမရဲ့ကမ်းလှမ်းမှုကို အနည်းငယ်မျှ စိတ်မဝင်စားတော့ပါဘူး ။

JRose (Mckzone daily)

Be the first to comment on "ခန်းဝင်ပစ္စည်းမြောက်များစွာတောင်းခဲ့လို့ ထားခဲ့ခံရပေမဲ့ ကောင်လေးရဲ့မင်္ဂလာပွဲကိုလာပြီး ဒူးထောက် တောင်းပန်ခဲ့တဲ့ မိန်းကလေး"

Leave a comment

Your email address will not be published.


*