.
.
.
.
Jasmine (Mckzone daily)
Reference : mustsharenews
Unicode
စင်ကာပူတိရစ္ဆာန်ရုံရှိ Splash Safari ရှိုးမှာ မိခင်တစ်ဦးက သားနဲ့အတူ ပင်လယ်ဖျံကိုကြည့်ရင်း ဖြစ်ပျက်ခဲ့တဲ့အဖြစ်ကို Tiktok သုံးသူတစ်ဦးက ဝေမျှလာခဲ့ပါတယ် ။ ထိုအချိန်မှာ ပင်လယ်ဖျံကို ကြည့်ရှုသူတွေကို ရေနဲ့ပတ်လိုက်တဲ့အခါမှာ သူ့ကိုယ်သူ ရေစိမ်ထားမယ့်အစား မိခင်က သူ့သားကို ချစ်စရာကောင်းတဲ့ ထီးလေးတစ်ချောင်းအဖြစ် အသုံးပြုကာ ရေပက်ခြင်းမှ ကိုယ့်ကို ကာကွယ်လိုက်ပါတယ် ။
ရှိုးပွဲရှိ ပရိသတ်များလိုပင် အင်တာနက်သုံးစွဲသူများက မိခင်ဖြစ်သူကို အလွန်ပင် ရယ်မောခဲ့ကြပါတယ် ။ တစ်ချို့က လက်ညှိုးထိုးပြပြီး ရယ်နေတာကိုတောင် မြင်နေရပါတယ် ။ ကလေးလေးကို ဈေးကြီးတဲ့ထီးတစ်လက်လို့ အင်တာနက်သုံးစွဲသူတွေက ဟာသလုပ်ကြပါသေးတယ် ။ ဒီအဖြစ်အပျက်ဟာ မိခင်နဲ့သားဖြစ်သူကြား ရယ်စရာကောင်းပြီး ကြည်နူးစရာကောင်းတဲ့ အခိုက်အတန့်တစ်ခုဆိုတာ အသေအချာပါပဲ။
Jasmine (Mckzone daily)
Be the first to comment on "တိရစ္ဆာန်ရုံမှာ ပင်လယ်ဖျံကိုကြည့်နေစဉ် ရေစင်မှာစိုးလို့ သားဖြစ်သူကို အကာအကွယ်အဖြစ်သုံးခဲ့တဲ့ မိခင်ရဲ့ ရယ်မောစရာအဖြစ်"