သားအတွက် နာမည်ရွေးရခတ်နေတာကြောင့် စာရွက်ပေါ်အကုန်ရေးချပြီး သားကို ကိုယ်တိုင်ရွေးချယ်စေခဲ့တဲ့ မိခင်ရဲ့နာမည်ပေးနည်း




JRose (Mckzone daily)

Reference : khaosod

Unicode

ကလေးများကို အမည်ပေးရာမှာ မိဘများစွာအတွက် ကြီးမားတဲ့ ပြဿနာပါ ။ ဘယ်နာမည်ကို ရွေးရမလဲလို့ ငြင်းခုံကြပြီး နောင်မှာ ကလေးက ၎င်းကို သဘောမကျမှာ မနှစ်သက်မှာကို စိုးရိမ်လျက်ရှိနေပါတယ် ။ ထိုပြဿနာကို တရုတ်နိုင်ငံမှ မိခင်အသစ် Zhang က ၎င်းတို့ရဲ့ရင်သွေးအတွက် နာမည်ကို ရွေးချယ်ရခတ်နေကြတာကြောင့် စာရွက်တစ်ရွက်ပေါ်မှာ ကိုယ့်အကြိုက်နာမည်ကို ချရေးပြီး က​လေး​တွေကို ​ရွေးချယ်​စေခဲ့ပါတယ် ။ ထိုအချိန်မှာ သားငယ်လေးက စာရွက်တွေကို သူ့ကိုယ်သူ ဆွဲငင်နေပါတယ် ။

Zhang ဟာ ​​သူ့ရင်သွေးအတွက် နာမည်ရွေးချယ်ရာမှာ အခက်အခဲရှိနေလို့ပါပဲ ။ သူမက နာမည်များစွာကို စဉ်းစားခဲ့သော်လည်း ကောက်ချက်မချနိုင်ခဲ့ပါဘူး ။ ဒါနဲ့ စာရွက်ပေါ်မှာ နာမည်တွေ ရေးခိုင်းလိုက်တာပါ ။ ထို့နောက် ကလေးလေးရဲ့ အနီးမှာ စာရွက်များကို ထားကာ သူလိုချင်သော အမည်ကို ရွေးပြီး ရလဒ်အနေဖြင့် သားဖြစ်သူက “Zhan Baiyang” အမည်ကို ရွေးချယ်ခဲ့ပါတယ် ။

ကလေးက နာမည်ကို ကြိုက်လား မကြိုက်ဘူးလားဆိုတာ မသိရသေးပါဘူး ။ ဒါပေမယ့် အင်တာနက်အသုံးပြုသူတွေကတော့ နာမည်နဲ့ ရွေးချယ်တဲ့နည်းလမ်းကို သဘောကျကြပြီးတော့ သူတို့အားလုံးက သူ့အမေရဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို သဘောကျကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "သားအတွက် နာမည်ရွေးရခတ်နေတာကြောင့် စာရွက်ပေါ်အကုန်ရေးချပြီး သားကို ကိုယ်တိုင်ရွေးချယ်စေခဲ့တဲ့ မိခင်ရဲ့နာမည်ပေးနည်း"

Leave a comment

Your email address will not be published.


*