မင်္ဂလာဦးညမှာ သတို့သားကို ဆွဲဆောင်မှုရှိတဲ့အကနဲ့ ဆွဲဆောင်ခဲ့ပေမဲ့ အော်ငေါက်ခံလိုက်ရတဲ့ သတို့သမီး



JRose (Mckzone daily)

Reference : sanook

Unicode

ညဦးပိုင်းမှာ ကြင်စဦးဇနီးမောင်နှံရဲ့ အိပ်ဆောင်အတွင်းသို့ ဝင်လိုက်ခြင်းက တုန်လှုပ်ချောက်ချားဖွယ်ရာ ဖြစ်ရပ်တစ်ခုဖြစ်ပါတယ် ။ သတို့သမီးက ပူပြင်းတဲ့ပုံစံဖြင့် ဆွဲဆောင်မှုရှိတဲ့အကနဲ့ ခင်ပွန်းဖြစ်သူကို ဆွဲဆောင်ဖို့ ကြိုးစားသော်လည်း လုံးဝမနှစ်သက်ပုံရပါတယ် ။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ Jiangsu ပြည်နယ်မှာ ဖြစ်ခဲ့တာပါ ။ သတို့သမီးက သူမရဲ့မင်္ဂလာဦးညမှာ ခင်ပွန်းဖြစ်သူအတွက် အံ့အားသင့်စေမဲ့ အစီအစဥ်နဲ့ အခန်းထဲမှာ စောင့်နေဖို့ ရှိုးကို ပြင်ဆင်နေပါတယ် ။ သတို့သမီးအရံများစွာရှေ့မှာ သတို့သားက အခန်းထဲသို့ဝင်သွားတဲ့အခါ သတို့သမီးက သူမရဲ့ အထူးဖျော်ဖြေမှုကို ချက်ချင်းစတင်ခဲ့ပါတယ် ။

ခင်ပွန်းသည်က စိတ်လှုပ်ရှားခြင်းမရှိဘဲ အဲဒီအစား သူက အဆင်မပြေတဲ့အမူအရာပြပြီး သတို့သမီးကို မကျေမနပ်နဲ့ အော်ငေါက်ပါတော့တယ် ။ အဖြစ်အပျက်ကို ကြုံခဲ့ရတဲ့ သူငယ်ချင်းများကလည်း တုန်လှုပ်သွားကြပါတယ် ။ အဲ့လိုအော်ငေါက်ရတာက သတို့သားဟာ သူမပြုမူပုံက အလွန်ရှက်စရာကောင်းတယ်လို့ အကြောင်းပြချက်ပေးတာပါ ။ အကြင်လင်မယားတို့က အချင်းချင်း ချစ်ခြင်းသစ္စာကို သိက္ခာရှိရှိ ပြသင့်ပါတယ် ။ ဒီပုံဟာ ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "မင်္ဂလာဦးညမှာ သတို့သားကို ဆွဲဆောင်မှုရှိတဲ့အကနဲ့ ဆွဲဆောင်ခဲ့ပေမဲ့ အော်ငေါက်ခံလိုက်ရတဲ့ သတို့သမီး"

Leave a comment

Your email address will not be published.


*