႐ုရွားႏိုင္ငံ Oskol မွာေနထိုင္တဲ့ Yulia Minina ဆိုတဲ့ မိန္းကေလးဟာ လြန္ခဲ့တဲ့ ၂ ႏွစ္နီးပါးေလာက္က ေၾကာင္ေလးတစ္ေကာင္ကို ဝယ္ခဲ့ပါတယ္ ။ ဒါေပမယ့္ လေတြၾကာလာတာနဲ႔အမွ် Kefir လို႔အမည္ရတဲ့ ေၾကာင္ႀကီးက မထင္ေလာက္ေအာင္ ႀကီးျပင္းလာတာေၾကာင့္ သူမ ထိတ္လန႔္ခဲ့ရပါတယ္ ။ တကယ္ေတာ့ Kefir က အရမ္းႀကီးလို႔ လူေတြက သူ႔ကို စေတြ႕တုန္းက ေခြးလို႔ေတာင္ ထင္ေနၾကပါတယ္ ။ Yulia က “သာမန္ကေလးက ဒီေလာက္ႀကီးႀကီးျဖစ္လာႏိုင္တယ္လို႔ ေတြးေတာင္မေတြးႏိုင္ဘူး။ သူဟာ ႐ုပ္ရည္ ႀကီးျပင္းလာ႐ုံသာမက ထက္ျမက္ၿပီး အၿမဲတမ္း တည္တည္ၿငိမ္ၿငိမ္ ေနတတ္သူပါ။”လို႔ ဆိုပါတယ္ ။
“Kefir ရဲ႕ အသြင္အျပင္က ေယဘူယ်အားျဖင့္ လူတစ္ေယာက္စာေလာက္ရွိၿပီး ေၾကာက္စရာေကာင္းတဲ့ အသြင္အျပင္ရွိ ေပမယ့္ သူက အရမ္းခ်စ္စရာေကာင္းၿပီး က်ိဳးႏြံတဲ့ ကေလးတစ္ေယာက္ပါ ။ သူငယ္ခ်င္းေတြနဲ႔ အသိအကြၽမ္းေတြ အိမ္ေရာက္လာတဲ့အခါတိုင္း အားလုံးက သူ႔အေပၚ အာ႐ုံေရာက္ေနၿပီး သူစိမ္းေတြ အိမ္ထဲကို ဝင္လာတဲ့အခါ လူတိုင္းက သူ႔ကို ေခြးတစ္ေကာင္လို႔ ထင္မိၾကပါတယ္ ။ သူ႔မွာ ေနာက္ထပ္ အေလ့အထတစ္ခုရွိတယ္၊ ညဘက္ဆို သူက ကြၽန္မအေပၚကို တက္အိပ္ရတာ ႀကိဳက္တယ္။ ဒါေပမယ့္ အခု သူ ႀကီးၿပီး ေလးလံလာၿပီး၊ ဒီလိုမ်ိဳး အိပ္ဖို႔က ခက္တယ္။”လို႔ Yulia က ထပ္မံဆိုထားပါတယ္ ။
Kefir က အခု တစ္ႏွစ္နဲ႔ ဆယ္လေလာက္ရွိၿပီ အေလးခ်ိန္ 12.5 ကီလိုဂရမ္ ရွိပါတယ္ ။ Yulia ကေတာ့ သူ႔ေၾကာင္ႀကီးကို ေၾကာင္ငယ္လို႔ ယူဆေနတုန္းပါပဲ ။ ဒါေပမဲ့ Kefir ေၾကာင္ေလးက ဒီထက္ ပိုႀကီးထြားလာႏိုင္တယ္လို႔ သခင္ျဖစ္သူ Yulia က ေျပာပါတယ္ ။
JRose (Mckzone daily)
Reference : ladbible
Unicode
ရုရှားနိုင်ငံ Oskol မှာနေထိုင်တဲ့ Yulia Minina ဆိုတဲ့ မိန်းကလေးဟာ လွန်ခဲ့တဲ့ ၂ နှစ်နီးပါးလောက်က ကြောင်လေးတစ်ကောင်ကို ဝယ်ခဲ့ပါတယ် ။ ဒါပေမယ့် လတွေကြာလာတာနဲ့အမျှ Kefir လို့အမည်ရတဲ့ ကြောင်ကြီးက မထင်လောက်အောင် ကြီးပြင်းလာတာကြောင့် သူမ ထိတ်လန့်ခဲ့ရပါတယ် ။ တကယ်တော့ Kefir က အရမ်းကြီးလို့ လူတွေက သူ့ကို စတွေ့တုန်းက ခွေးလို့တောင် ထင်နေကြပါတယ် ။ Yulia က “သာမန်ကလေးက ဒီလောက်ကြီးကြီးဖြစ်လာနိုင်တယ်လို့ တွေးတောင်မတွေးနိုင်ဘူး။ သူဟာ ရုပ်ရည် ကြီးပြင်းလာရုံသာမက ထက်မြက်ပြီး အမြဲတမ်း တည်တည်ငြိမ်ငြိမ် နေတတ်သူပါ။”လို့ ဆိုပါတယ် ။
“Kefir ရဲ့ အသွင်အပြင်က ယေဘူယျအားဖြင့် လူတစ်ယောက်စာလောက်ရှိပြီး ကြောက်စရာကောင်းတဲ့ အသွင်အပြင်ရှိ ပေမယ့် သူက အရမ်းချစ်စရာကောင်းပြီး ကျိုးနွံတဲ့ ကလေးတစ်ယောက်ပါ ။ သူငယ်ချင်းတွေနဲ့ အသိအကျွမ်းတွေ အိမ်ရောက်လာတဲ့အခါတိုင်း အားလုံးက သူ့အပေါ် အာရုံရောက်နေပြီး သူစိမ်းတွေ အိမ်ထဲကို ဝင်လာတဲ့အခါ လူတိုင်းက သူ့ကို ခွေးတစ်ကောင်လို့ ထင်မိကြပါတယ် ။ သူ့မှာ နောက်ထပ် အလေ့အထတစ်ခုရှိတယ်၊ ညဘက်ဆို သူက ကျွန်မအပေါ်ကို တက်အိပ်ရတာ ကြိုက်တယ်။ ဒါပေမယ့် အခု သူ ကြီးပြီး လေးလံလာပြီး၊ ဒီလိုမျိုး အိပ်ဖို့က ခက်တယ်။”လို့ Yulia က ထပ်မံဆိုထားပါတယ် ။
Kefir က အခု တစ်နှစ်နဲ့ ဆယ်လလောက်ရှိပြီ အလေးချိန် 12.5 ကီလိုဂရမ် ရှိပါတယ် ။ Yulia ကတော့ သူ့ကြောင်ကြီးကို ကြောင်ငယ်လို့ ယူဆနေတုန်းပါပဲ ။ ဒါပေမဲ့ Kefir ကြောင်လေးက ဒီထက် ပိုကြီးထွားလာနိုင်တယ်လို့ သခင်ဖြစ်သူ Yulia က ပြောပါတယ် ။
JRose (Mckzone daily)
Be the first to comment on "ေၾကာင္ကေလးနဲ႔မတူဘဲ အလြန္ႀကီးထြားတာေၾကာင့္ လူေတြက သူ႔ကို ေခြးတစ္ေကာင္လို႔ေတာင္ အထင္မွားေနၾကတဲ့အျဖစ္"