.
.
.
.
.
.
.
.
Jasmine (Mckzone daily)
Reference : sanook
Unicode
သမီးလေးကို မိန်းကလေးပီပီသသနေထိုင်ဖို့ သွန်သင်ဆုံးမပေးနေတဲ့ ဖခင်တစ်ယောက်ရဲ့ ဗီဒီယိုဖိုင်ဟာ Tiktok မှာ ကြည့်ရှုသူများပြီး ဖခင်ရဲ့အမူအရာကြောင့် ရယ်မောခဲ့ရပါတယ် ။ ဗီဒီယိုကို TikTok အသုံးပြုသူ panpingping1 အကောင့် မှ မျှဝေထားတာပါ ။ ဗီဒီယိုဖိုင်ထဲမှာ ဖခင်ဖြစ်သူက သူ့သမီးလေး Jing Jing ကို သင်ပေးခဲ့တာကို တွေ့နိုင်ပါတယ် ။ ဖခင်ကသူ့သမီးကို စကတ်ဝတ်တဲ့အခါမှာ ကောင်းမွန်စွာ ပြုမူနေထိုင်ရန်စကတ်ကို သပ်သပ်ရပ်ရပ်ဖြစ်စေရန်နဲ့ ထိုင်တဲ့အခါမှာ ညစ်ညမ်းပုံမပေါ်စေရန် သွန်သင်ပေးနေပါတယ် ။
ဗီဒီယိုဖိုင်ကို လွှင့်တင်ပြီးနောက် ကြည့်ရှုမှုပေါင်း ၃.၅ သန်းကျော်၊ Like ၃၁၃၀၀၀ ကျော်နဲ့ ဖခင်ဖြစ်သူကို လှောင်ပြောင်တဲ့ မှတ်ချက်များစွာ ရရှိခဲ့ပါတယ် ။ ချစ်စရာကောင်းတဲ့ ဖခင်တစ်ယောက်က သမီးကို ဒီလိုသွန်သင်ပေးတာ ရယ်စရာလည်း ကောင်းပါတယ် ။
Jasmine (Mckzone daily)
Be the first to comment on "သမီးလေးကို မိန်းကလေးတစ်ယောက်ပီသအောင် ပြုမူနေထိုင်ပုံကို သွန်သင်ပေးနေတဲ့ ဖခင်ရဲ့ ချစ်စဖွယ်အမူအရာ"