ချစ်သူကောင်မလေးနဲ့ မင်္ဂလာဆောင်ဖို့အတွက် ကုန်ကျစရိတ်ကို ကိုယ်တိုင်စုဆောင်းခဲ့တဲ့ ကောင်လေး




JRose (Mckzone daily)

Reference : redchili21

Unicode

မကြာသေးမီက မလေးရှားလူငယ်ဟာ ကောင်မလေးနဲ့ လက်ထပ်ဖို့ ပိုက်ဆံစုထားပြီး စုစုပေါင်း စုမိတဲ့ ငွေပမာဏကို အင်တာနက်ပေါ် ဝေမျှလာတဲ့အခါ လူအများကို ချီးကျူးစေခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ မင်္ဂလာပွဲကျင်းပဖို့ စရိတ်စကက အရမ်းများနေပြီး အသေးစိတ်တိုင်း ကျွန်တော်တို့ ကုန်ကျရပါတယ် ။ ဒီမလေးရှားလူငယ်လေးဟာ ဇနီးနဲ့လက်ထပ်ဖို့အတွက် တစ်နှစ်အတွင်း ရင်းဂစ် ၂၀၀၀၀ နီးပါးကို စုဆောင်း နိုင်ခဲ့ပါတယ် ။ သူ့ရည်းစားနဲ့ လက်ထပ်ဖို့အတွက် လွန်ခဲ့တဲ့ နှစ်နှစ် ဇန်နဝါရီလမှာ စတင်စုဆောင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ် ။

အဆိုပါလူငယ်က အပြာရောင်သံသေတ္တာထဲကို 2020 ခုနှစ် ဇန်နဝါရီလ 7 ရက်နေ့မှ သိမ်းဆည်းခြင်းကိုစပြီး စကားလုံးများအပြည့်ပါရှိပြီး ဇနီးရဲ့အမည်နဲ့ ရေးထားခဲ့ပါတယ် ။ မတ်လ 27 ရက်၊ 2021 မှာ ဒီလူငယ်က ဇနီးဖြစ်သူနဲ့ မင်္ဂလာပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ် ။ သူ့ရဲ့ငွေစုပုံနည်းလမ်းကို မျှဝေပြီး “ကျွန်တော်က RM1,500 စီ ချွေတာပြီး ကျွန်တော့်ရဲ့ အခြေခံလစာ RM1,500 ဖြစ်ပါတယ် ။

ကျွန်တော် စက်ရုံမှာ အလုပ်လုပ်နေပါတယ်။ လစဉ် အချိန်ပို ထောက်ပံ့ကြေးရှိရင်လည်း စုဘူးထဲဘဲ ထည့်တာပါ”ဆိုပြီး ပြောပါတယ် ။ တစ်နှစ်အတွင်း ဒီလူငယ်က ငွေသား RM19,000 အထိ စုနိုင်ခဲ့တာပါ ။ အခုမှာလည်း လမ်းပန်းဆက်သွယ်ရေးအဖြစ် သုံးနိုင်ရန် မော်တော်ဆိုင်ကယ်တစ်စီးဝယ်ဖို့ စတင် စုဆောင်းနေပါပြီ ။

JRose (Mckzone daily)

Be the first to comment on "ချစ်သူကောင်မလေးနဲ့ မင်္ဂလာဆောင်ဖို့အတွက် ကုန်ကျစရိတ်ကို ကိုယ်တိုင်စုဆောင်းခဲ့တဲ့ ကောင်လေး"

Leave a comment

Your email address will not be published.


*