ကောင်မလေးနဲ့ လမ်းခွဲပြီးနောက် အသည်းကွဲပြီး ဝမ်းနည်းနေတဲ့ကလေးငယ်ကို စားစရာနဲ့ နှစ်သိမ့်ပေးနေတဲ့ဖခင်



.

.

.

JRose (Mckzone daily)

Reference : thesmartlocal

Unicode

ကျွန်ုပ်တို့အများစုက လမ်းခွဲပြီးနောက် နာကျင်ကြေကွဲမှုကို တွေ့ကြုံခံစားခဲ့ကြရပါတယ် ။ ဆယ်ကျော်သက်အရွယ်မှာ လူအများစုက ထိုခံစားချက်များကို ကြုံဖူးတာ တွေ့မြင်ဖူးပေမဲ့ လမ်းလျှောက်တတ်ခါစ ကလေးငယ်များမှာလည်း ဒီလိုအသဲကွဲနာကျင်မှုတွေကို ခံစားတက်ကြောင်းကို ကျွန်ုပ်တို့ တစ်ခါမှ မသိခဲ့ပါဘူး ။ ဒီတခါမှာတော့ ကောင်လေးငယ်က သူ့ကောင်မလေးနဲ့ လမ်းခွဲပြီးနောက် သူ့အဖေက oatmeal နဲ့ နှစ်သိမ့်ပေးခဲ့တဲ့ အသည်းကွဲကလေးငယ်တစ်ယောက်ရဲ့အဖြစ်ပါ ။

ကလစ်မှာ အသည်းကွဲပြီး မှိုင်နေတဲ့ ကလေးလေးကို သူ့အဖေက နှစ်သိမ့်ပေးပြီး oatmeal ကျွေးနေတာကို တွေ့လိုက်ရပါတယ် ။ ဒါပေမဲ့ ကလေးငယ်က ဆိတ်ဆိတ်နေပြီး ဝမ်းနည်းနေဆဲဖြစ်ပြီး သူ့ကောင်မလေးကို ဘယ်လောက်တောင်လွမ်းကြောင်း ပြသနေပါတယ် ။ အဆိုပါ ဗီဒီယိုက TikTok မှာ ပျံ့နှံ့သွားခဲ့ပြီး ကြည့်ရှုမှု တစ်သန်းကျော်ရှိခဲ့ပါတယ် ။ အဆိုပါ ဗီဒီယိုဖိုင်ကို အင်တာနက်အသုံးပြုသူ အများအပြားက ၎င်းတို့ရဲ့ ရယ်စရာမှတ်ချက်များကို မျှဝေခဲ့ကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ကောင်မလေးနဲ့ လမ်းခွဲပြီးနောက် အသည်းကွဲပြီး ဝမ်းနည်းနေတဲ့ကလေးငယ်ကို စားစရာနဲ့ နှစ်သိမ့်ပေးနေတဲ့ဖခင်"

Leave a comment

Your email address will not be published.


*