လွန်ခဲ့တဲ့ ၇နှစ်က ရုတ်တရက် ပျောက်ဆုံးသွားတဲ့ သားလေးကို ယခုအချိန်ထိ တွားသွားကာ ရှာဖွေနေဆဲဖြစ်တဲ့ မသန်စွမ်းဖခင်

တရုတ်နိုင်ငံမှာ နေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ် Tran Thang Khoan ဟာ မွေးကတည်းက ခြေထောက်များ မကျန်းမာသောကြောင့် ဝေဒနာများစွာ ခံစားခဲ့ရကြောင်း Sina သတင်းမှာ ဖော်ပြထားပါတယ် ။ ထို့ကြောင့် သူက ခြေညှပ်ဖိနပ်ကို လက် ၂ ဖက်ဖြင့်သာ စီးထားကာ မြေပြင်ပေါ်မှာ တွားသွားခဲ့ရပါတယ် ။ စက်ရုံတစ်ရုံမှာ ဝန်ထမ်းအဖြစ်လုပ်ကိုင်ပြီး အလားတူအခြေအနေမျိုးရှိတဲ့ မိန်းကလေးတစ်ဦးနဲ့ တွေ့ဆုံကာ ချစ်ကြိုက်သွားတဲါအခါ အသက် ၂၀ နှစ်မှာ Khoan က အိမ်ထောင်ကျပြီး ပျော်ရွှင်မှုရရှိခဲ့ပါတယ် ။ မကြာသေးခင်မှာဘဲ သူတို့ဇနီးမောင်နှံက သူတို့ရဲ့သားဦးကို ကြိုဆိုခဲ့ပြီး Tran Trieu Nguyen လို့ခေါ်တွင်ခဲ့ပါတယ် ။

.

ကံကောင်းထောက်မစွာ၊ ကလေးက အလွန်ချောမောပြီး ကျန်းမာသန်စွမ်းနေပါတယ် ။ ဒါပေမဲ့ Nguyen က သူ့ရဲ့အဘိုးအဘွားအိမ်မှာ ဆော့ကစားရင်း ရုတ်တရက် ပျောက်သွားပြီး စိုးရိမ်ပူပန်မှုတွေများလာခဲ့ပါတယ် ။ Khoan ဟာ ချက်ချင်းဆိုသလို အိမ်တဝိုက်ကို လှည့်ပတ်မေးမြန်းခဲ့ပေမယ့် သတင်းအချက်အလက်ကို ဘယ်သူမှ မသိခဲ့ကြပါဘူး ။ ထိုအချိန်မှာ Khoan က သူ့သားကို တွေးပြီး နေရာတိုင်းမှာ ရုန်းကန်လှုပ်ရှားနေခဲ့ပါတယ် ။

.

သူ့ဇနီးလည်း မကျန်းမာတဲ့အတွက် Khoan ဟာ ကလေးရှာတဲ့အလုပ်ကို လုပ်ခဲ့ပါတယ် ။ သူက ဘတ်စ်ကားဂိတ်၊ ရထားဘူတာများကဲ့သို့သော လူစည်ကားရာနေရာများကို သွားရှာပြီး လူများကို မေးမြန်းခဲ့သော်လည်း သတင်းမရရှိခဲ့ပါ ။

.

ဒါပေမဲ့ သားဖြစ်သူကိုရှာဖွေရန် ပြည်နယ်တစ်ခုမှ တစ်ခုသို့ တွားသွားခဲ့ပါတယ် ။ သတင်းထောက်တွေနဲ့ ဝေမျှတဲ့အခါ Khoan က သူဟာ တရုတ်ပြည့်ရဲ့ နေရာတစ်ဝက်လောက်ကို ရောက်သွားတယ်လို့ ခန့်မှန်းခဲ့ပါတယ် ။ သူ့ရဲ့ သနားစရာကောင်းတဲ့ အခြေအနေကို တရုတ်မီဒီယာတွေအထိ ပျံ့နှံ့သွားပြီး အစီအစဉ်များစွာနဲ့ အာဏာပိုင်များက Khoan ရဲ့မိသားစုအတွက် ၎င်းတို့ရဲ့သားကိုရှာဖွေရန် အခကြေးငွေများစွာကို ပံ့ပိုးပေးခဲ့ပါတယ် ။ ဒါပေမယ့် ၇ နှစ်ကြာသွားပေမယ့် Trieu Nguyen ကတော့ သူ့မိဘတွေဆီ ပြန်မလာသေးပါဘူး ။

JRose (Mckzone daily)

Reference : yan

Be the first to comment on "လွန်ခဲ့တဲ့ ၇နှစ်က ရုတ်တရက် ပျောက်ဆုံးသွားတဲ့ သားလေးကို ယခုအချိန်ထိ တွားသွားကာ ရှာဖွေနေဆဲဖြစ်တဲ့ မသန်စွမ်းဖခင်"

Leave a comment

Your email address will not be published.


*