ကယ်တင်ခြင်းမခံရမီ ၂ ရက်ကြာ အုတ်စီချထားတဲ့ လမ်းအောက်မှာ မြှုပ်နေခဲ့တဲ့ ကိုယ်ဝန်ဆောင်ခွေးမလေး(ရုပ်သံ)



.

.

.

JRose (Mckzone daily)

Reference : buzznicked

Unicode

မကြာသေးခင်က ရှရှားစုံတွဲနှစ်ဦးဟာ သူတို့ရဲ့ခွေးလေးပျောက်ဆုံးနေတာကို သတိထားမိပေမဲ့ ဘယ်နားမှာရှာရမှန်းမသိဖြစ်နေကြပါတယ် ။ တစ်နေ့မှာ ခွေးလေးရဲ့ ပိုင်ရှင်တွေက ခွေးရဲ့ ငိုသံကို ကြားပေမယ့် အစတုန်းကတော့ သူမ ဘယ်မှာလဲဆိုတာ မဆုံးဖြတ်နိုင်ခဲ့ပါဘူး ။ အပြင်းအထန်ရှာဖွေပြီးနောက်မှာ လတ်လတ်ဆတ်ဆတ်ချထားတဲ့ အုတ်စီစင်္ကြံအောက်မှ အသံထွက်လာကြောင်း ဆုံးဖြတ်ခဲ့ကြပြီး လူသွားစင်္ကြံကို သူတို့ကိုယ်တိုင် ဖြိုဖျက်ခဲ့ပါတယ် ။ ကံကောင်းစွာနဲ့ပဲ ဒီပိုင်ရှင်တွေဟာ အေးဆေးတည်ငြိမ်ပြီး အုတ်ခဲတွေကို ဖောက်ထုတ်ပြီး သူတို့ရဲ့မြှုပ်ထားတဲ့ ခွေးလေးကို လမ်းစင်္ကြံအောက်ကနေ တူးထုတ်နိုင်ခဲ့ပါတယ် ။

သခင်ရဲ့ အဆိုအရ သူတို့ခွေးဟာ ကိုယ်ဝန်ရှိနေပါတယ် ။ ဒါပေမဲ့ ခွေးဟာ ဘယ်လိုလုပ်ပြီး အုတ်စီအောင်ရောက်သွားတာကိုတော့ မသိရသေးပါဘူး ။ တစ်ခါတလေ ခွေးတွေက သူတို့မပိုင်တဲ့ နေရာတွေကို ရောက်သွားတတ်တယ်ဆိုတာ နားလည်ပါတယ် ။ ဒါပေမယ့် ဒီနစ်တွင်းကြီးတစ်ခုလုံးကို သဲတွေနဲ့ပြည့်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ နားမလည်သလို ခွေးတစ်ကောင်ရဲ့အောက်မှာ မြှုပ်နေတာကို သတိမထားမိပါဘူး ။ ပိုင်ရှင်တွေက အချိန်မီ မလိုက်နိုင်ရင် အဲဒီခွေးမလေး ဘာဖြစ်သွားမလဲလို့ တွေးရတာ နာကျင်ရပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ကယ်တင်ခြင်းမခံရမီ ၂ ရက်ကြာ အုတ်စီချထားတဲ့ လမ်းအောက်မှာ မြှုပ်နေခဲ့တဲ့ ကိုယ်ဝန်ဆောင်ခွေးမလေး(ရုပ်သံ)"

Leave a comment

Your email address will not be published.


*