ပါးလွှာပြီးသွယ်လျတဲ့ ခန္ဓာကိုယ်ပုံစံကြောင့် အဝေးကနေကြည့်ရင် ဆယ်ကျော်သက်မိန်းကလေးလို့ ထင်မှားမိတဲ့ အသက် ၇၀ အဖွား

အမျိုးသမီးတိုင်းက အချိုးညီညီ သွယ်လျတဲ့ ခါးကို ပိုင်ဆိုင်လိုကြပြီး အသက် နှစ်ဆယ်ကျော် အရွယ်များကဲ့သို့ သေးသွယ်တဲ့ ခန္ဓာကိုယ်ကို အမြဲပိုင်ဆိုင်လိုကြတာကြောင့် အိပ်မက်ကဲ့သို့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရန် အစွမ်းကုန် ကြိုးစားကြပါတယ် ။ ဒါပေမယ့် အသက် ၇၀ အရွယ် ဒီအဖွားရဲ့ ပုံကိုကြည့်ရင်တော့ သူမဟာ သေးသွယ်တဲ့ခါးလေးကို ပိုင်ဆိုင်ထားပါတယ် ။ အဘွားအိုဟာ သူမရဲ့ လန်းဆန်းပြီး သွက်လက်တဲ့ အွဲင်အပြင်နဲ့ အထူးသဖြင့် မိန်းကလေးများစွာရဲ့ အထင်ကြီးလေးစားမှုကို ဖြစ်စေတဲ့ သူမရဲ့ လန်းဆန်းတက်ကြွတဲ့ ခန္ဓာကိုယ်ကြောင့် TikTok မှာ ရုတ်တရက် နာမည်ကြီးလာခဲ့ပါတယ် ။

.

ဒီအဖွားဟာ သူမရဲ့ မျက်နှာမှာ တွန့်နေပေမယ့် အသက်ရွယ်တူ တခြားသူတွေနဲ့ ယှဉ်ရင် ဖြူစင်တောက်ပနေသေးတာကြောင့် သူမက အများကြီး နုပျိုနေပုံပါပဲ ။ ယောဂကျင့်စဉ်ကို ကြိုးကြိုးစားစားလုပ်တဲ့အတွက်ကြောင့် အသက် ၇၀ အဖွားဟာ မော်ဒယ်တစ်ယောက်လို သေးသွယ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး သူမရဲ့ ပေါင်နဲ့ ခါးတွေမှာတောင် အဆီတွေ တွန့်တာတွေ မရှိသေးပါဘူး ။ အဖွားရဲ့ ကျောပြင်နဲ့ သေးသွယ်တဲ့ အသွင်အပြင်ကို အဝေးကနေ ကြည့်လိုက်ရင် လူတော်တော်များများက ဒါဟာ အသက် ၂၀ အရွယ် မိန်းကလေးလို့ ထင်မှားနေကြပါတယ် ။

.

သူမဟာ နေ့တိုင်း ယောဂ၊ အေရိုးဗစ်၊ ကွေးခြင်း အစရှိတဲ့ ခက်ခဲတဲ့ ယောဂလှုပ်ရှားမှုများစွာကိုတောင် ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်သေးပါတယ် ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက သူမကို ပျော့ပျောင်းစေပြီး စိတ်ကြည်လင်စေတယ်လို့လည်း အဖွားက ပြောပါတယ် ။

.

သက်ကြီးအဘွားအိုတစ်ဦးကို ယခုလို စွဲဆောင်မှုရှိလာခြင်းက ပထမဆုံးအကြိမ်မဟုတ်တော့ဘဲ ယခင်ကလည်း ထိုင်းနိုင်ငံမှ Sopit Soonthorntanasatit လို့ခေါ်တဲ့ အဖွားတစ်ဦးက သူမရဲ့ စတိုင်လ်ကျကျ ဆွဲဆောင်မှုရှိတဲ့ ပုံစံကြောင့် နာမည်ကြီးလာခဲ့ပါတယ် ။

JRose (Mckzone daily)

Reference : bestie

Be the first to comment on "ပါးလွှာပြီးသွယ်လျတဲ့ ခန္ဓာကိုယ်ပုံစံကြောင့် အဝေးကနေကြည့်ရင် ဆယ်ကျော်သက်မိန်းကလေးလို့ ထင်မှားမိတဲ့ အသက် ၇၀ အဖွား"

Leave a comment

Your email address will not be published.


*