ထူးထူးဆန်းဆန်း ဓာတ်ပုံစီးရီးအတွက် ချစ်သူစုံတွဲတွေကို ပလပ်စတစ်အိတ်ထဲထည့်ပြီး pose ပေးစေခဲ့တဲ့ ဓာတ်ပုံဆရာတစ်ဦး

ကျွန်တော်တို့အားလုံး ထူးဆန်းတဲ့အနုပညာတွေအများကြီးတွေ့ဖူးကြပေမယ့် ဒီတစ်ခုကတော့ another level ရောက်နေပြီလို့ဆိုရမှာပါဘဲ။ တိုကျိုအခြေစိုက် ဓာတ်ပုံဆရာ Hal ဟုလည်း လူသိများတဲ့ ဓာတ်ပုံဆရာ Haruhiko Kawaguchi ဟာ စုံတွဲများကြား လေဟာနယ်မရှိအောင် ပူးကပ်နေစေမဲ့ “Flesh Love” အမည်ရှိ ထူးထူးဆန်းဆန်း ဓာတ်ပုံစီးရီးတစ်ခု ဖန်တီးခဲ့ပါတယ်။ “မေတ္တာအားဖြင့်သတ်မှတ်ထားတဲ့ လူသားတွေရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဆောင်ပုဒ်ကို စိန်ခေါ်ခြင်းအားဖြင့် ပုံတူဓာတ်ပုံမှာ အတိုင်းအတာအသစ်တွေကို ကျွန်တော် အခုမြင်နေရပါတယ်” ဟု Photographer Hal ဟုလူသိများတဲ့ အနုပညာရှင်မှ ၎င်းစီးရီးနှင့်ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

.

.

Hal ဟာ ပုံမှန်အားဖြင့် ပစ္စည်းများသိမ်းဆည်းရန် အသုံးပြုတဲ့ ပလပ်စတစ်ဖြင့် မော်ဒယ်စုံတွဲများကို ထုပ်ပိုးထားပြီး ၎င်းတို့ကို ဖုန်စုပ်စက်ဖြင့် လေကို စုပ်ယူလိုက်ပါတယ်။ ထို့နောက် သူဟာ သူ့ရဲ့ Pentax 645D DSLR ကင်မရာဖြင့် လျင်မြန်သော ဓါတ်ပုံအချို့ကို ရိုက်ယူနေချိန်မှာ မော်ဒယ်စုံတွဲများဟာ ၁၀ စက္ကန့်ခန့် အသက်ရှုကြပ်နေရမည်ဖြစ်ပါတယ်။ တစ်ချို့မော်ဒယ်များက အပြည့်အ၀ဝတ်ထားပေမဲ့ အချို့တစ်လေကတော့လည်း လုံးလုံးကိုယ်တုံးကြီးဖြစ်နေပါတယ်။ မော်ဒယ်တွေက ဖြစ်ချင်သလို စိတ်တိုင်းကျ ပိုစ့်ပေးနိုင်တဲ့အတွက် အချို့က ဂစ်တာများ၊ သစ်သီးများနှင့် အခြားထူးဆန်းသော ကိရိယာများကိုပါ ယူဆောင်လာခဲ့ကြပါတယ်။

.

.

၎င်း “Flesh Love” ကို စာအုပ်ပုံစံဖြင့် ရရှိနိုင်သလို iPad app မှာ $13.00 ဖြင့်လည်း ရရှိနိုင်ပါတယ်။ ဓာတ်ပုံဆရာက သူဟာ ဂျပန်နိုင်ငံရှိ မြေအောက်ဘားများနှင့် လူထူထပ်တဲ့နေရာတွေကိုသွားရင်း တွေ့ကြုံခဲ့ရတဲ့ ချစ်သူစုံတွဲတွေရဲ့အပြုအမူတွေကြောင့် သူ့ရဲ့ဒီစိန်ခေါ်မှုက အတွေးပေါက်လာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဓာတ်ပုံဆရာ Hal ၏ အနုပညာလက်ရာများဖြင့် ၎င်းတို့ဟာ လေဟာနယ်အလုံပိတ်အိတ်အတွင်း၌ 10 စက္ကန့်ခန့်ရှိနေရမှာဖြစ်တဲ့အတွက် ဓာတ်ပုံဆရာကို ဒီလိုမျိုး လုပ်ခွင့်ပေးဖို့အတွက် ယုံကြည်မှု အများကြီးလိုအပ်နေရမှာပါ။

.

.

.

မော်ဒယ်များဟာ အလွှာပေါင်းစုံမှလာပြီး တစ်ဦးချင်းမှာ ဂီတသမားများ၊ အကသမားများ၊ အလုပ်သမားများ၊ စားသောက်ဆိုင်နှင့် ဘားမန်နေဂျာများ၊ ဓာတ်ပုံဆရာများ၊ စီးပွားရေးသမားများနှင့် အလုပ်လက်မဲ့များ ပါဝင်ပါတယ်။ ဒီစုံတွဲတွေနဲ့ မော်ဒယ်တွေက ဘယ်လိုပုံစံမျိုးနဲ့ ပိုစ့်ပေးပြီး ၎င်းတို့နဲ့အတူ ဘယ်လိုပစ္စည်းကိရိယာတွေ ယူဆောင်လာကြလဲဆိုတာကို ကြည့်ဖို့စိတ်ဝင်စားစရာပါဘဲ ။ စာဖတ်သူတို့ကော ဒီလို ၁၀ စက္ကန့်လောက် အလုံပိတ်ပြီး ပိုစ့်ပေးချင်လားဗျာ ။ မကြာမီမှာ ဒီလိုပိုစ့်ကြီးက ရေပန်းစားတော့မှာကို မြင်ယောင်မိနေပြီဗျာ ။

Jasmine (Mckzone daily)

Reference :

Be the first to comment on "ထူးထူးဆန်းဆန်း ဓာတ်ပုံစီးရီးအတွက် ချစ်သူစုံတွဲတွေကို ပလပ်စတစ်အိတ်ထဲထည့်ပြီး pose ပေးစေခဲ့တဲ့ ဓာတ်ပုံဆရာတစ်ဦး"

Leave a comment

Your email address will not be published.


*